နည်းပြသစ် ဇာဘီ အလွန်ဆို လက်ထက်မှာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ကို ကစားသမား၊ အပြောင်းအလဲ နည်းစနစ်ပိုင်း အပြောင်းအလဲတွေနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဇာဘီ အလွန်ဆိုရဲ့ အသင်းက ဒင်းန် ဟောက်ဆန်၊ ထရန့် အလက်ဇန္တား အာနိုးလ်နဲ့ ဖရန်ကို မက်စတန်တူအိုနို တို့လို ကစားသမားတွေကို ခေါ်ယူ အားဖြည့်ထားပြီး ဖြစ်ပါတယ်။
လာလီဂါ ကလပ်ဟာ ဒင်းန် ဟောက်ဆန် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၉ သန်း၊ အာနိုးလ် အတွက် ကိုတော့ ၈.၃ သန်း ပေးချေခဲ့ရပါတယ်။ အခု နောက်ဆုံး မှာတော့ အစောပိုင်း ကတည်းက သတင်းတွေ ထွက်ပေါ်နေတဲ့ ရေးဗားပလိတ်က အာဂျင်တီးနား ဆယ်ကျော်သက် ကြယ်ပွင့် ဖရန်ကို မက်စတန်တူအိုနိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၁၇ နှစ် အရွယ် ညာတောင်ပံ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်း ပေးချေခဲ့ရတာ ဖြစ်ပြီး ဒါဟာ စာချုပ်လျော်ကြေး အတိုင်း ပေးချေ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပမာဏဟာ အာဂျင်တီးနား ကလပ် တစ်ခု အတွက် ကစားသမား ရောင်းချမှုမှာ ပြောင်းရွှေ့ကြေး စံချိန်သစ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
မက်စတန်တူအိုနိုဟာ ညာတောင်ပံမှာ အဓိက ကစားပေမယ့် လိုအပ်ရင် လိုအပ်သလို ကွင်းလယ် တိုက်စစ်နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ ၂၀၂၄ ဘောလုံးရာသီက စတင်ပြီး ရေးဗားပလိတ် စီနီယာ အသင်းမှာ ကစားခဲ့ပြီးတော့ ဘိုကာဂျူနီယာနဲ့ ဒါဘီ ပွဲစဉ်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် မက်စတန်တူအိုနိုဟာ ပြီးခဲ့တဲ့ နိုင်ငံတကာ ရက်သတ္တပတ် အတွင်း အာဂျင်တီးနား လက်ရွေးစင် အသင်း လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီးတော့ ချီလီနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပွဲပြီးခါနီး လူစားဝင်ကစားခဲ့ပါတယ်။

အာဂျင်တီးနား အသင်း အတွက် အဓိက ပြိုင်ပွဲ တစ်ခုမှာ ကစားခွင့်ရသူ အသက်ငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့တဲ့ မက်စတန်တူအိုနိုဟာ လာလီဂါ ကလပ်နဲ့ ၆ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ် ကတော့ သူအသက် ၁၈ နှစ် ပြည့်တဲ့ သြဂုတ်လ ၁၄ ရက်နေ့မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။
နည်းပြ ဇာဘီ အလွန်ဆို ကတော့ မက်ဒရစ် ကလပ်မှာ ခေတ်သစ် တစ်ခု စတင်ဖို့ စိတ်လှုပ်ရှားနေပြီ ဖြစ်ကြောင်း၊ ရီးရဲလ်မက်ဒရစ်ကို အထွပ်အထိပ်ကို ရောက်ရှိအောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း ကတိပေး စကားပြောကြားထားခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ဇာဘီ အလွန်ဆိုဟာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ရီးရဲလ်မက်ဒရစ်နဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ စတင်လျက် ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင် ဇာဘီ အလွန်ဆိုက ရီးရဲလ်မက်ဒရစ်ကို ၃ ယောက်တန်း ခံစစ်နဲ့ ကစားစေဖို့ စဉ်းစားနေပြီး ဒဏ်ရာကနေ ပြန်လည် သက်သာလာတဲ့ ဒန်နီ ကာဗာဟယ်နဲ့ ကစားသမားသစ် ထရန့် အလက်ဇန္တား အာနိုးလ် တို့ကို ခံစစ်မှာ ပြိုင်တူ အသုံးပြုသွားချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အာနိုးလ်ကို တိုက်စစ် စတင်ချိန်မှာ ခံစစ် ကနေ တောင်ပံ ကစားသမား အဖြစ် ပြောင်းလဲ ကစားစေဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဒါ့အပြင် ဇာဘီ အလွန်ဆိုက ဟိုဆေးလူ အသင်း ကနေ ထွက်ခွာသွားပြီး ကတည်းက လိုအပ်နေတဲ့ နံပါတ် ၉ တိုက်စစ်မှူး ခေါ်ယူပေးဖို့ အသင်းကို တောင်းဆိုထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဘရာဇီးလ် တိုက်စစ် ကစားသမား ရိုဒရီဂို ကလည်း အလွန်ဆိုနဲ့ ဆွေးနွေး ညှိနှိုင်းခဲ့ပြီးနောက်မှာတော့ မက်ဒရစ် ကလပ် မှာပဲ ဆက်ရှိနေဖို့ သေချာသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.