နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘောလုံးကစားတာ ပျော်ရွှင်ဖို့ လိုအပ်တာကြောင့် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ရက်ရှ်ဖို့ဒ် | လာလီဂါ

ဘာစီလိုနာ ကစားသမားသစ် မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ သူ့ အနေနဲ့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရခြင်း အကြောင်းရင်းကို ဖွင့်ဟလာခဲ့ပါပြီ။ အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမားက ယူနိုက်တက်မှာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်းခဲ့ရပြီးနောက် လာလီဂါ ထိပ်သီး တို့ထံ တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ရူဘင် အမော်ရင်ရဲ့ လက်အောက်မှာ ပွဲထွက်ခွင့်မရခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ရာသီဝက်မှာ အက်စတွန်ဗီလာကို အငှားနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ်က ဗီလာ မှာတော့ ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိခဲ့ပေမယ့် အပြီးသတ် ပြောင်းရွှေ့ခဲ့ခြင်း မရှိပဲ ဒီနွေရာသီမှာ သူ့ရဲ့ အိမ်မက် ကလပ် ဖြစ်တဲ့ ဘာစီလိုနာ ကိုပဲ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရက်ရှ်ဖို့ဒ်က ဘာစီလိုနာ အတွက် ခြေစမ်းပွဲတွေမှာ ပါဝင်ကစားခွင့် ရထားသလို မာယော့ကာနဲ့ လာလီဂါ အဖွင့် ပွဲစဉ်မှာလည်း ၂၂ မိနစ် ပါဝင်ခွင့် ရရှိထားခဲ့ပါတယ်။ သူ့ အနေနဲ့ လာမယ့် ပွဲစဉ်တွေမှာတော့ အခုထက် ပိုပြီး ပွဲထွက် ကစားခွင့် ရရှိဖွယ်တော့ ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကာတာလိုနီးယားမှာ သူ့ရဲ့ ကစားသမားဘဝကို ပြန်လည် တောက်ပလာနိုင်ဖို့ မျှော်လင့်ထားပြီး ဘာစီလိုနာ ကလည်း ရာသီကုန်ရင် သူ့ရဲ့ ခြေစွမ်းအပေါ် မူတည်ပြီး အပြီးသတ် ဝယ်ယူခွင့် ရှိနေပါတယ်။

တစ်ခုရှိတာက လက်တလော ဘာစီလိုနာရဲ့ တိုက်စစ်ပိုင်းမှာ ရောဘတ် လီဝမ်ဒေါစကီး၊ လာမင်း ယာမယ်၊ ရာဖင်ညာနဲ့ ဖာရန်း တောရက်စ် တို့လို ကစားသမားကောင်းတွေ ရှိနေတာကြောင့် ရက်ရှ်ဖို့ဒ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ရဖို့တော့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ရှက်ရှီက ဒီအခြေအနေကြောင့်တော့ လက်လျှော့မှာ မဟုတ်ပဲ သူဟာ ပျော်ရွှင်မှုကို ရှာဖွေဖို့ အသင်းပြောင်းခဲ့တာ ဖြစ်ပြီး ဘာစီလိုနာဟာ ဘောလုံး ကစားဖို့ ကမ္ဘာပေါ်က အကောင်းဆုံး နေရာ တစ်ခု ဖြစ်ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ဖို့ ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ ဘောလုံးက ကျွန်တော့် ဘဝပါ။ ငယ်ငယ်လေး ကတည်းက ဒါကိုပဲ စိတ်ထဲမှာ စွဲနေခဲ့တာပါ။ ဒါကြောင့်လည်း ဘောလုံး ကစားတဲ့ အခါမှာ ပျော်ရွှင်နေဖို့က အရမ်းအရေးကြီးပါတယ်။ အစကတည်းက ဒီအကြောင်းပြချက်ကြောင့်ပဲ ကျွန်တော် ဘောလုံးသမား ဖြစ်လာခဲ့တာပါ။ အစကတည်းက ကျွန်တော် ဒီမှာ သက်တောင့်သက်သာ ရှိတယ်လို ခံစားမိပါတယ်။ ပွဲတွေ ပိုကစားလာရတာနဲ့ အမျှ ပိုပြီး သင်ယူနိုင်မှာပါ။ ဘာဆာက ဘောလုံးပညာကို သင်ယူဖို့နဲ့ ပျော်ရွှင်ဖို့ အကောင်းဆုံး နေရာပါပဲ။” လို့ ရက်ရှ်ဖို့ဒ်က စပိန် သတင်းဌာန Sportကို ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာ ကတော့ လာလီဂါ ပွဲစဉ် ၁ အပြီး ရဂိုး ၃ ဂိုး၊ ပေးဂိုး မရှိ၊ ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို ရာသီအကုန်မှာ အပြီးသတ် ခေါ်ယူခွင့် ရှိနေတဲ့ ဘာစီလိုနာ

ဆက်လက်ပြီး ရက်ရှ်ဖို့ဒ်က အသင်းဖော်သစ် ဖြစ်တဲ့ လူငယ် ကြယ်ပွင့်လေး လာမင်း ယာမယ်နဲ့ အတူ တွဲဖက် ကစားရတဲ့ ခံစားချက်တွေကို ဖွင့်ဟခဲ့ပါသလို ယာမယ်က ဘယ်လွန်ဒေါဆုကို သေချာပေါက် ဆွတ်ခူးနိုင်လိမ့်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါသေးတယ်။ ရက်ရှ်ဖို့ဒ်က “ဟုတ်ကဲ့။ သေချာပေါက်ပါပဲ။ ဒီနှစ် မရရင်တောင် အနာဂတ်မှာ ရပါလိမ့်မယ်။ လာမင်းက အရမ်းလည်း ငယ်နေသေးတော့ သူသေချာပေါက်ရမှာပါ။ သူက ထိပ်တန်း အဆင့် ခြေစွမ်း ရှိတဲ့ ကစားသမား တစ်ဦးပါ။ အံ့အားသင့်စရာ အကောင်းဆုံးက သူ့အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်နေတာပါပဲ။ သူ့ရဲ့ တွေးခေါ်ပုံနဲ့ ကစားပုံက သူ့ အသက်ထက် အများကြီး ကျော်လွန်နေပါတယ်။”

“သူနဲ့ အတူတူ တွဲဖက် ကစားရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ကျွန်တော်က ပတ်ဝန်းကျင် အသစ် စည်းမျဉ်းအသစ်နဲ့ ဘောလုံးပုံစံ အသစ်ကို အသားကျအောင် ကြိုးစားနေပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့ အကောင်းဆုံး နေရာက ကစားကွင်းထဲမှာပါပဲ။ ကျွန်တော် အမှားတွေ လုပ်မိမှာ ဖြစ်ပေမယ့် အများကြီး သင်ယူပြီး တိုးတက်လာမှာပါ။ ကစားသမားတွေရဲ့ အရည်အသွေးက အများကြီး အထောက်အကူပြုပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ရဲ့ ဘာစီလိုနာ ကတော့ လာလီဂါ ပွဲစဉ် ၁ အပြီး ရဂိုး ၃ ဂိုး၊ ပေးဂိုး မရှိ၊ ရမှတ် ၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ဘာစီလိုနာဟာ မာယော့ကာကို မိနစ် ၆၀ နီးပါး နှစ်ယောက်အသာနဲ့ ကစားခဲ့ရပေမယ့် ၃ ဂိုးထဲနဲ့သာ အနိုင်ရခဲ့တာ ဖြစ်လို့ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ် ကတော့ အသင်းရဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းကို မကျေမနပ် ဖြစ်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်