အခုတစ်ခါ မှာတော့ ဒီကနေ့ အတွက် နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အေစီမီလန် တိုက်စစ်မှူး ရာဖေးလ် လီယောင် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ စီမံကိန်းကို နှစ်သက်နေကြောင်း El Nacional က ဖော်ပြပါတယ်။ အသက် 25 နှစ် အရွယ် ကစားသမား ကတော့ ဒီနွေရာသီမှာ ကတ်တာလိုးနီးယားကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မသေချာမရေရာ ဖြစ်နေတဲ့ ဗင်နီးစီးယပ်စ် ဂျူနီယာ ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေကို အသစ် ပြန်လည် ချဉ်းကပ်ဖို့ ပြင်ဆင်နေကြောင်း Fichajes က ဖော်ပြပါတယ်။ ဘရာဇီးလ်သား ကိုတော့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၅၀ (ပေါင် ၂၁၀.၁ သန်း) နဲ့ မကြာခင် ကမ်းလှမ်းရဖို့ ရှိနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ အန်ဆု ဖာတီကို ရောင်းချခြင်းဖြင့် အနည်းဆုံး ခေါ်ယူမှု အသစ် တစ်ခု ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ကတ်တာလန် ကလပ်ဟာ လစ်ဗာပူးလ်က လူးဝစ္စ ဒီးယက်ဇ်နဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မားကပ်စ် ရက်ရှ်ဖို့ဒ် တို့ကို ခေါ်ယူလိုနေကြောင်း SPORT က ဖော်ပြပါတယ်။
El Nacional ရဲ့ ဖော်ပြချက် အရ ဂါဗီဟာ ချဲလ်ဆီးနဲ့ နယူးကာဆယ် ယူနိုက်တက် တို့လို ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ပယ်ချပြီး သူ့ရဲ့ အနာဂတ်ကို ဘာစီလိုနာ မှာသာ ဆက်ရှိနေဖို့ တိုက်ပွဲဝင်ချင်နေတယ်လို့ သိရပါတယ်။ ဂါဗီဟာ နည်းပြ ဟန်ဆီ ဖလစ်ခ် လက်အောက်မှာ ပုံမှန် ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်နေရသူလည်း ဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီ ကတော့ လာမယ့် နွေရာသီမှာ ချဲလ်ဆီး၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကို ပြောင်းရွှေ့မှာ မဟုတ်ပဲ ရီးရဲလ်မက်ဒရစ် သို့မဟုတ် ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့် ရဖို့ မျှော်လင့်နေကြောင်း The Sun က ဖော်ပြပါတယ်။ အကယ်၍ သူသာ ပရီးမီးယားလိဂ်မှာ ဆက်နေမယ် ဆိုရင်တော့ ဖြစ်နိုင်ခြေ အရှိဆုံး အပြောင်းအရွှေ့က နယူးကာဆယ် ဆီကိုသာ ဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူဖို့ တခြားအသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းဖွယ် ရှိကြောင်း talkSPORT က ဖော်ပြပါတယ်။ ဘရာဇီးလ် လက်ရွေးစင် ဟာ ရီးရဲလ်မက်ဒရစ် ကနေ ထွက်ခွာဖို့ သတင်းတွေ တောက်လျောက် ထွက်ပေါ်နေသူလည်း ဖြစ်ပါတယ်။
ဘီလ်ဘာအို ကွင်းလယ် ကြယ်ပွင့် အီဟန် ဆန်းချတ် ကတော့ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပစ်မှတ် ဖြစ်နေကြောင်း Fichajes က ဖော်ပြပါတယ်။ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဒီကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ကတော့ ယူရို သန်း ၈၀ (ပေါင် ၆၇.၂ သန်း) ရှိနေပါတယ်။ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ လေဗာကူဆင် နောက်ခံလူ ဂျိုနသန် တာ့ရ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ လက်မလျှော့သေးကြောင်း သိရပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ ဂျာမနီ နောက်ခံလူဟာ လာလီဂါ ကလပ် ဆီက ကမ်းလှမ်းမှု ရရှိဖို့ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.