စပိန် တောင်ပံ တိုက်စစ် ကြယ်ပွင့် နီကို ဝီလီယမ်စ် ကတော့ သူ့အနေနဲ့ ဘာကြောင့် ဘာစီလိုနာကို ငြင်းပယ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သတ်လို့ ပထမဦးဆုံး အကြမ် ဖွင့်ဟလာခဲ့ပါတယ်။ နီကို ဝီလီယမ်စ်ဟာ ဒီနွေရာသီမှာ လာလီဂါ ချန်ပီယံ ကလပ်ဆီ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အခြေအနေထိ ရောက်ခဲ့ပြီးမှာ ဘတ်စ်ကေး ကလပ်နဲ့ နှစ်ရှည် စာချုပ်သစ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
နီကို ဝီလီယမ်စ်ဟာ ဘာစီလိုနာနဲ့ ဒီနွေရာသီမှာ သတင်းတွေ တောက်လျောက် ထွက်ပေါ်ခဲ့ပေမယ့်် မထင်မှတ်ပဲ ဘီလ်ဘာအိုနဲ့ ၂၀၃၅ ခုနှစ် အထိ သက်တမ်းတိုး စာချုပ် ချုပ်ဆိုခဲ့တာပါ။ နီကို ဝီလီယမ်စ်ဟာ၂၀၁၃ ခုနှစ် ကတည်းက ဘီလ်ဘာအို လူငယ်အကယ်ဒမီကို ရောက်ရှိခဲ့သူ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စီနီယာ အသင်းကြီး အတွက် ကစားခွင့်ရရှိခဲ့သူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ် နီကို ဝီလီယံစ်ဟာ ဒီနွေမှာ ဘာစီလိုနာ အပါအဝင် အာဆင်နယ်၊ ချဲလ်ဆီး၊ ဘေယန်မြူးနစ် တို့လို ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားခြင်း ခံနေရသူ ဖြစ်ပြီး စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို သန်း ၆၀ ရှိနေခဲ့ပါတယ်။
အစောပိုင်းမှာ နီကို ဝီလီယမ်စ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့ချင်ကြောင်း စပိန် လက်ရွေးစင် အသင်းဖော်တွေကို ဖွင့်ဟခဲ့ဖူးသလို ဘီလ်ဘာအို ဘက်ကနေ ကမ်းလှမ်းထားတဲ့ စာချုပ်သစ်တွေကို ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် အသင်း ကနေ ထွက်ခွာခွင့်ပြုဖို့ အထိ တောင်းဆိုခဲ့သေးပေမယ့်လည်း နောက်ဆုံး မှာတော့ ဘီလ်ဘာအိုဟာ သူ့ရဲ့ အိမ်ဖြစ်တယ် ဆိုတဲ့ စကားတစ်ခွန်းနဲ့ သတင်းတွေ အားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့တာ ဖြစ်ပါတယ်။

နီကို ဝီလီယမ်စ်ဟာ လက်ရှိမှာ လာလီဂါ ကလပ်နဲ့ ၂၀၃၅ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုထားခဲ့ပြီး ဘာကြောင့် အခုလို ဆုံးဖြတ်ခဲ့သလဲ ဆိုတာ ဖွင့်ဟသွားခဲ့ပါတယ်။ “ကျွန်တော်တို့ အတွက် ရှည်လျားတဲ့ ရာသီ တစ်ခုက စောင့်မျှော်နေပါတယ်။ ဘောလုံးသမားတိုင်း ကစားချင်ကြတဲ့ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ ဗိုလ်စွဲချင်ပါတယ်။ ချန်ပီယံလိဂ် ဖလားကို ကျွန်တော့်ဘဝ တစ်လျှောက် ကစားလာတဲ့ အသင်းနဲ့ အတူ ကိုင်မြှောက်ခွင့်ရတာက ပိုကောင်းတာပေါ့။ ဆမ်းမားမက်စ်မှာ ကျွန်တော့် အနေနဲ့ ပရိသတ်တွေနဲ့ အတူ၊ မိသားစုနဲ့ အတူ သမိုင်းသစ်တွေ ထပ်မံ ရေးထိုးဖို အရမ်းကို စိတ်အားထက်သန်နေပါတယ်။” လို့ နီကို ဝီလီယမ်စ်က ပြောကြားသွားခဲ့ပါတယ်။
လာလီဂါ ကလပ် အနေနဲ့ နီကို ဝီလီယမ်စ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့သလို ကစားသမားရဲ့ လျော်ကြေး စာချုပ်တန်ဖိုး ကိုလည်း မူလကထက် ၅၀ ရာခိုင်နှုန်းကျော် တိုးမြှင့်နိုင်ခဲ့ပါတယ်။ ဒါကြောင့် စပိန်သားရဲ့ မူလ လျော်ကြေး စာချုပ် တန်ကြေးက ယူရို ၅၈ သန်း ဖြစ်ပေမယ့် လက်ရှိ မှာတော့ လျော်ကြေး စာချုပ်သစ်ရဲ့ တန်ဖိုးဟာ ယူရို ၈၅ သန်း ဝန်းကျင် အထိ ရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
နီကို ဝီလီယမ်စ်ဟာ ဘီလ်ဘာအို အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ တစ်လျှောက်လုံး ဘီလ်ဘာအို မှာပဲ ကစားခဲ့တာပါ။ နီကိုက ဘီလ်ဘာအိုမှာ အသင်းခေါင်းဆောင် အသစ် ဖြစ်လာတဲ့ သူ့ရဲ့ အကို အင်နာကီ ဝီလီယမ်စ်နဲ့ ဆက်လက် တွဲဖက်ကစားရဖို့ ရှိတာနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ “ကျွန်တော်တို့ နှစ်ယောက်စလုံးက ဒီအခိုက်အတန့်ကို အမြဲတမ်း အိပ်မက်မက်နေကြတာပါ။ ကျွန်တော့် အစ်ကိုက လူတိုင်း အတွက် စံနမူနာထားလောက်သူ တစ်ယောက်ပါ။ သူအသင်းခေါင်းဆောင် ဖြစ်တာ အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူလက်ပတ်ကို အကြာကြီး ဝတ်ထားတာကို မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။” လို့ နီကို ဝီလီယမ်စ်က ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.