နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာဖင်ညာကို ယူရို သန်း ၈၀ ကျော်နဲ့ ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်နေတဲ့ မန်စီးတီး၊ ဖာမင်း လိုပက်ဇ်ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ လစ်ဗာပူးလ် | လာလီဂါ

လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီး ကတော့ ဒီနွေရာသီမှာ ဘာစီလိုနာရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရာဖင်ညာကို ယူရို သန်း ၈၀ (ပေါင် ၆၉ သန်း) ကျော်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရာဖင်ညာဟာ ဘာစီလိုနာ အတွက် ခြေစွမ်းပြနေပေမယ့်လည်း ကတ်တာလန် ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို မြင့်မားတဲ့ ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းရင်တော့ လက်လွှတ်သွားဖို့ ရှိနေတာပါ။ လာလီဂါ ကလပ်ဟာ ရာဖင်ညာ အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ယူရို သန်း ၁၀၀ ကျော် အလိုရှိနေကြောင်းလည်း သိရပါတယ်။

ချဲလ်ဆီး ကတော့ လာမယ့် ရာသီမှာ ဘောလုံး ကစားခွင့် တားမြစ် ပိတ်ပင်ခံထားရတဲ့ မီခိုင်လို မူဒရစ်ခ်ကို အသင်းရဲ့ အစီအစဉ်မှာ ထည့်သွင်းထားခြင်း မရှိသလို ခရစ္စတိုဖာ အန်ကွန်ကူနဲ့လည်း လမ်းခွဲဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ဒီကစားသမား နှစ်ဦးမှာ မူဒရစ်ခ်ဟာ တားမြစ်ဆေး သုံးစွဲတဲ့ ကိစ္စ မတိုင်ခင် ကလည်းက ပုံမှန် ခြေစွမ်းပြနေတဲ့ ကစားသမား မဟုတ်သလို အန်ကွန်ကူ ကတော့ ခြေစွမ်းပြနေပေမယ့် နည်းပြ စိတ်ကြိုက် ကစားသမား မဟုတ်သူလည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်း လိုပက်ဇ်ကို ယူရို သန်း ၅၀ (ပေါင် ၄၃.၂ သန်း) နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အနာဂတ်မှာ အခုထက် ပိုပြီး တောက်ပလာဖွယ် ရှိနေတဲ့ ကြယ်ပွင့်ဟာ အက်တလက်တီကိုမက်ဒရစ်၊ အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ပစ်မှတ်လည်း ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ လာလီဂါ ကလပ် ဘာစီလိုနာ ကွင်းလယ်လူ ဖာမင်း လိုပက်ဇ်ကို ယူရို သန်း ၅၀ (ပေါင် ၄၃.၂ သန်း) နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဖာမင်း လိုပက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းထုတ်မယ့် ဘာစီလိုနာ

အလက်ဇန္တား အိဆက်ခ် ကိုတော့ အာဆင်နယ်နဲ့ ဘာစီလိုနာ တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေပေမယ့်လည်း လစ်ဗာပူးလ် ကတော့ အခုနွေရာသီမှာ လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။ အိဆက်ခ်ရဲ့ အပြောင်းအရွှေ့ ကတော့ ဒီနွေရာသီရဲ့ ဟော့ အဖြစ်ဆုံး အပြောင်းအရွှေ့ တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

ချဲလ်ဆီး ကနေ ဂျူဗင်တပ်စ်မှာ ၆ လ အငှားနဲ့ လာရောက် ကစားနေတဲ့ အသက် ၂၁ နှစ် အရွယ် ရီနာတို ဗီဂါ ကိုတော့ အေစီမီလန်က စီးရီးအေမှာ ဆက်လက် ထားရှိဖို့ စိတ်အား ထက်သန်နေကြောင်း Calciomercato က ဖော်ပြလာပါတယ်။

ဆန်းဒါးလန်း ကွင်းလယ် ကစားသမား ဂျုပ် ဘယ်လင်ဟမ် ကတော့ ပရီးမီးယားလိဂ် ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ ဂျူ့ဒ် ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူ ဒီကစားသမား ကိုတော့ ချဲလ်ဆီး၊ အာဆင်နယ်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့က အဓိက ပစ်မှတ် ဖြစ်နေပြီး ချဲလ်ဆီး ကတော့ ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်း ကြယ်ပွင့် တိုက်စစ်မှူး ဂျရော့ဒ် ဘိုဝင် ကတော့ အခုနှစ် နွေရာသီမှာ အရှေ့လန်ဒန် ကလပ် ကနေ ထွက်ခွာပြီး သူ့ကို ကာလရှည်ကြာ စိတ်ဝင်စားခဲ့တဲ့ လစ်ဗာပူးလ်ထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ် တို့ကတော့ ပေါင်သန်း ၈၀ ဖြင့် ခေါ်ယူနိုင်မယ့် ဝက်စ်ဟမ်း တောင်ပံ ကစားသမား မိုဟာမက် ကူဒု့စ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်