အင်တာမိုင်ယာမီရဲ့အာဂျင်တီးနားအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီအနေနဲ့ပီအက်စ်ဂျီကနေထွက်ခွာပြီးနောက်သူ့အသင်းဟောင်းဘာစီလိုနာကိုပြန်လာဖို့ဆန္ဒရှိခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့်လည်းအခြေအနေတွေကလာလီဂါကလပ်ဟောင်းဆီပြန်လည်ဖို့မဖြစ်နိုင်ခဲ့ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။
SimplementeFutbolနဲ့အင်တာဗျူးမှာလီယွန်နယ်မက်ဆီကဘာစီလိုနာကနေထွက်ခွာခဲ့ရပြီးနောက်ပိုင်းလာလီဂါကလပ်ဆီပြန်ဖို့အမြဲတမ်းလိုလိုဆန္ဒရှိခဲ့ကြောင်းဖွင့်ဟခဲ့တာပါ။ဒါပေမယ့်မက်ဆီအနေနဲ့ပီအက်စ်ဂျီကနေထွက်ခွာပြီးနောက်ကာတာလန်ကလပ်ဆီပြန်သွားဖို့ကြိုးစားမှုတွေကမအောင်မြင်ခဲ့ကြောင်းမက်ဆီအနေနဲ့သူ့ရဲ့ကမ္ဘာ့ဖလားအောင်မြင်မှု၊မိသားစုရဲ့လိုအပ်ချက်တွေနဲ့ဥရောပထဲကတခြားသောကလပ်တစ်ခုမှာကစားဖို့တွန့်ဆုတ်မှုတွေရှိခဲ့ပြီးနောက်ဆုံးမှာတော့သူ့ကိုအင်တာမိုင်ယာမီနဲ့အမေရိကန်မေဂျာလိဂ်ဆီဦးတည်သွားစေခဲ့ကြောင်းရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်ဘာစီလိုနာကိုပြန်လာဖို့ရည်ရွယ်ခဲ့တယ်။ကျွန်တော်အမြဲတမ်းရှိချင်ခဲ့တဲ့နေရာဆီပြန်သွားဖို့ပါ။ဒါပေမယ့်ဒီတစ်ကြိမ်လည်းဖြစ်မလာခဲ့ပါဘူး။အဲဒီနောက်မှာဒါဟာမိသားစုဆုံးဖြတ်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ကမ္ဘာ့ဖလားရခဲ့တာကလည်းအများကြီးသက်ရောက်မှုရှိခဲ့ပါတယ်။ကျွန်တော်ဥရောပထဲကတခြားကလပ်တစ်ခုမှာရှိချင်စိတ်လည်းမရှိခဲ့ပါဘူး။ဘယ်အသင်းကိုမှမသွားချင်ခဲ့ပါဘူး။”လို့မက်ဆီကရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

သတင်းတွေအရဆိုရင်တော့၂၀၂၃ခုနှစ်မှာဘာစီလိုနာဟာဘဏ္ဍာရေးဆိုင်ရာကန့်သတ်ချက်တွေကြောင့်မက်ဆီရဲ့တစ်နှစ်လုပ်ခလစာပေါင်၂၁သန်းကိုပေးချေဖို့ကစားသမားအများအပြားကိုရှင်းထုတ်ရမယ့်အခြေအနေမှာရှိခဲ့ပါတယ်။ဒါကြောင့်နောက်ဆုံးမှာတော့လာလီဂါကလပ်ဘာစီလိုနာဟာငွေကြေးအခက်အခဲတွေရှိလာခဲ့တာကြောင့်မက်ဆီနဲ့လမ်းခွဲဖို့သာရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။
မက်ဆီဟာဘာစီလိုနာကနေထွက်ခွာခဲ့ပြီးနောက်ပီအက်စ်ဂျီမှာ၂ရာသီဖြတ်သန်းခဲ့ပြီးတော့ပြင်သစ်မြေဟာမက်ဆီအတွက်ပျော်ရွှင်စွာမရှိခဲ့တာကြောင့်မေဂျာလိဂ်ကလပ်အင်တာမိုင်ယာမီကိုထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။နာမည်ကျော်အင်္ဂလန်ကွင်းလယ်လူဟောင်းဒေးဗစ်ဘက်ခမ်းပူးတွဲပိုင်ဆိုင်တဲ့မေဂျာလိဂ်ကလပ်မှာတော့မက်ဆီကပျော်ရွှင်နေပြီးပုံမှန်လည်းခြေစွမ်းပြနေကာဂိုးတွေလည်းသွင်းယူပေးနေပါတယ်။မက်ဆီဟာအင်တာမိုင်ယာမီအတွက်ပထမဦးဆုံးသောဆုဖလားအောင်မြင်မှုတွေရယူပေးထားနိုင်သလိုပြိုင်ပွဲစုံ၄၉ပွဲကစားရာမှာလည်း၄၂ဂိုးသွင်းယူထားပါတယ်။ဒါ့အပြင်မက်ဆီဟာဒီရာသီမှာလည်းအင်တာမိုင်ယာမီအတွက်၁၀ပွဲကစားကာ၈ဂိုးသွင်းယူပြီး၂ဂိုးဖန်တီးပေးထားပါတယ်။
မက်ဆီဟာလက်ရှိမှာအသက်အရွယ်အားဖြင့်၃၇နှစ်ရှိနေပြီဖြစ်ပေမယ့်လည်းကစားသမားဘဝကနေအနားယူဖို့မရှိသေးသလိုအာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲကိုဝင်ရောက်ဆင်နွှဲချင်နေပါသေးတယ်။အကယ်၍မက်ဆီသာနောက်ထပ်၃/၄နှစ်ဘောလုံးကစားနိုင်ဦးမယ်ဆိုရင်တော့သူ့ရဲ့ငယ်ဘဝကလပ်လာလီဂါထိပ်သီးဘာစီလိုနာမှာကစားသမားဘဝအဆုံးသတ်ဖွယ်တော့ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.