လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ် ကတော့ ပခုံးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ၁၂ ပတ် အထိ အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ သေချာတာ ကတော့ အင်္ဂလန် ကွင်းလယ် တိုက်စစ် ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီအစ အရေးကြီး ပွဲစဉ်တွေကို လွဲချော်မှာလည်း ဖြစ်ပါတယ်။
အသက် ၂၂ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်း ကတည်းက ဘယ်ဘက် ပခုံးမှာ ဒဏ်ရာရနေခဲ့တာ ဖြစ်ပြီး အတိအကျ ဆိုရင်တော့ ရေယို ဗလက်ကာနိုနဲ့ ကစားခဲ့တဲ့ ဒုတိယပိုင်း ပွဲအစမှာ ပြိုင်ဘက် နောက်ခံလူနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လင်ဟမ်က နောက်ပိုင်း ပွဲစဉ်တွေမှာ ပခုံး အကာအကွယ် ဝတ်ဆင်ကာ တောက်လျှောက် ကစားခဲ့ရတယ်လို့ သိရပြီး အချိန်ကာလအားဖြင့်တော့ တစ်နှစ်ခွဲ နီးပါးလောက် ဒဏ်ရာရနေခဲ့တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ ပခုံးဒဏ်ရာကို ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအကုန် ကတည်းက ခွဲစိတ် ကုသမှုခံယူဖို့ စီစဉ်ခဲ့ပေမယ့်လည်း ၂၀၂၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး အခုမှသာ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။ အင်္ဂလန် ကွင်းလယ် ကစားသမားဟာ ပီအက်စ်ဂျီကို ၄-၀ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပွဲချိန် ၆၄ မိနစ် ပါဝင်ကစားသွားခဲ့ပြီး အဲဒီ ပွဲအပြီးမှာ ချက်ချင်း ခွဲစိတ် ကုသမှု ခံယူခဲ့တယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ထုတ်ပြန်ချက် အရ ဆိုရင်တော့ ဘယ်လင်ဟမ်ရဲ့ ခွဲစိတ်ကုသမှုက အောင်မြင်ပြီး လက်ရှိမှာ သူ့အနေနဲ့ အမြန်ဆုံး ပြန်ကစားနိုင်ရေး အတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

လာလီဂါ ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အနားယူရမယ့် ကာလကို ထုတ်ပြန်ထားခြင်း မရှိပေမဲ့ သတင်းတွေမှာတော့ ၁၀ ပတ် ကနေ ၁၂ ပတ်လောက် အနားယူရဖွယ် ရှိနေတယ်လို့ ဖော်ပြကြပါတယ်။ ဒါကြောင့် ဘယ်လင်ဟမ် အနေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ ရာသီအစပိုင်း ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပြီး အောက်တိုဘာ လကုန်ပိုင်းလောက်မှ ပြန်လည် ကစားပေးနိုင်ဖွယ်လည်း ရှိနေကြောင်း သိရပါတယ်။
ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ် အတွက် စုစုပေါင်း ၇ ပွဲ နီးပါး လွဲချော်ရမှာ ဖြစ်ပြီး ဒီထဲမှာ မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားရမယ့် ပွဲလည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ဘယ်လင်ဟမ် အနေနဲ့ မသက်သာသေးရင် အောက်တိုဘာလ ၂၆ ရက်နေ့မှာ ကစားရမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ ပထမဦးဆုံး အဲလ်ကလက်ဆီကိုဒါဘီ ကိုပါ လွဲချော်ရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ဘယ်လင်ဟမ်က ချန်ပီယံလိဂ် ပွဲစဉ် တချို့နဲ့ အန်ဒိုရာ၊ ဆားဘီးယား တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ကိုလည်း လွဲချော်ဖွယ် ရှိနေကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ လာလီဂါ အဖွင့် ပွဲစဉ် အဖြစ် သြဂုတ်လ ၁၉ ရက်နေ့မှာ အိုဆာဆူနာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ဘယ်လင်ဟမ် ကတော့ ၂၀၂၃-၂၀၂၄ ဘောလုံး ရာသီမှာ ဒေါ့မန် ကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီးတော့ လော့စ်ဘလန်ကို တို့ အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၀၀ ကစားကာ ၃၈ ဂိုး သွင်းယူထားပါတယ်။ အခုလို ဘယ်လင်ဟမ် အနားယူရတော့မယ့် ကိစ္စက ကွင်းလယ်ပိုင်း အားနည်းနေတဲ့ ရီးရဲလ်မက်ဒရစ် အတွက်လည်း အတိုင်းအတာ တစ်ခု အထိ သက်ရောက်မှု ရှိလာနိုင်ပြီ ဖြစ်ပါတယ်။ အလွန်ဆိုရဲ့ အသင်းဟာ အစောပိုင်း ကတည်းကမှ မိုဒရစ်နဲ့ ခရူးစ် မရှိတော့တဲ့ ကွင်းလယ် အတွက် အင်အား ပြန်လည် ဖြည့်တင်းဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေအရ ဆိုရင်တော့ လာလီဂါ ထိပ်သီးတို့ ဒီနွေရာသီမှာပဲ မဖြစ်မနေ အနည်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့ လိုအပ်နေခဲ့ပြီလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.