နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျာမနီရဲ့ လူစာရင်းမှာ ရူဒီဂါကို ချန်လှပ်ခဲ့တဲ့ ဖလစ်ခ်၊ သူနဲ့ အတူ အက်တလက်တီကိုမှာ လာကစားဖို့ မက်ဆီကို တိုက်တွန်းလိုက်တဲ့ ဒီပေါလ် (လာလီဂါ နောက်ဆုံးရ သတင်းများ)

ဂျာမနီရဲ့ လူစာရင်းမှာ ရူဒီဂါကို ချန်လှပ်ခဲ့တဲ့ ဖလစ်ခ်၊ သူနဲ့ အတူ အက်တလက်တီကိုမှာ လာကစားဖို့ မက်ဆီကို တိုက်တွန်းလိုက်တဲ့ ဒီပေါလ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၈ ရက်နေ့ရဲ့ လာလီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

ယူရို ခြေစစ်ပွဲ အတွက် လူစာရင်းမှာ ရူဒီဂါကို ချန်လှပ်ခဲ့တဲ့ ဖလစ်ခ်

ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယို ရူဒီဂါဟာ ဂျာမနီ လက်ရွေးစင် အသင်း ကနေ ချန်လှပ်ခံလိုက်ရပါတယ်။ လာလီဂါ ကလပ် ရီးရဲလ်မှာ အဓိက နောက်ခံလူ အဖြစ် ကစားပေးနေရတဲ့ ရူဒီဂါကို နည်းပြ ဟန်ဆီ ဖလစ်က အံ့အားသင့်ဖွယ်ရာ ချန်လှပ်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလားတုန်းက ခြေစွမ်းကို ကြိုက်နှစ်သက်မှု မရှိတာကြောင့်လို့ သိရပါတယ်။ 

ရူဒီဂါဟာ ဂျပန်နဲ့ ပွဲမှာ ပြိုင်ဘက်ကို အထင်သေးတဲ့ အမူအယာတွေ လုပ်ပြခဲ့ပြီးနောက် ဂျာမနီတို့ ၂ ဂိုး ပြန်ပေးရကာ အဆိုပါ ပွဲကို အရေးနိမ့်ခဲ့ပါတယ်။ ရူဒီဂါ ကလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သူ့ရဲ့ အပြုအမူ အတွက် ဆိုရှယ် မီဒီယာပေါ်မှာ လှောင်ပြောင်ခံခဲ့ရပါတယ်။ 

ရူဒီဂါ အပြင် မန်စီးတီး ကွင်းလယ်လူ ဂွန်ဒိုအန်၊ ဘေယန်မြူးနစ်က သောမတ်စ် မူလာနဲ့ လီရွိုင်း ဆာနေး၊ ဒေါ့မန်က မာကို ရိုက်စ်နဲ့ နစ်ကလပ်စ် ဆူးလ် တို့လည်း ကျန်နေရစ်ခဲ့ပါတယ်။ ကစားသမားသစ်တွေကို အများကြီး ခေါ်ယူခဲ့တာကို တွေ့ရပြီး လိုက်ပ်ဇစ် တိုက်စစ်မှူး တီမို ဗာနာ ကတော့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ 

ပရီးမီးယား လိဂ်
အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ်
1X2 သရေ @ 5.80
အာဆင်နယ် အာရှ ဟန်းဒီးကပ် -1.75 @ 2.08
ဂိုးပေါ် 2.75 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာက သူ့ရဲ့ အိပ်မက် အသင်းလို့ ထပ်ပြောလာတဲ့ ဒီယောင် 

ဖရန်ကီ ဒီယောင်ဟာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ဆက်ပြီး ပြုလုပ်နေပေမယ့် သူကတော့ ဘာစီလိုနာ အသင်းမှာ ကာလရှည်ကြာ ဆက်ပြီး ရှိသွားချင်တဲ့ အကြောင်းကို ထပ်မံ ပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီက ဒီယောင်ကို ခေါ်ယူဖို့ အဆက်မပြတ် ကြိုးစားခဲ့ပြီး နီးစပ်မှုတွေ ရှိခဲ့ပေမယ့် ကစားသမားဟာ ဘာစီလိုနာ မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

အခုလာမယ့် နွေရာသီမှာ ယူနိုက်တက်က ဒီယောင်ကို ခေါ်ယူဖို့ လက်လျှော့ဦးမှာ မဟုတ်ဘဲ ဆက်ပြီး ကြိုးစားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီယောင်က အခုနှစ် ဘောလုံး ရာသီ နည်းပြ ဇာဗီရဲ့ အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် တစ်နေရာကို ရရှိထားပြီး အကောင်းဆုံး ခြေစွမ်း ပြနေသူ ဖြစ်ပါတယ်။ နယ်သာလန် လက်ရွေးစင်ဟာ အရင်ကတည်းက ဘာစီလိုနာ မှာပဲ ဆက်ရှိနေချင်ကြောင်းကို မကြာခဏ ပြောဆိုထားခဲ့ပြီး အခုတစ်ကြိမ် မှာလည်း ထပ်ပြီး ဖွင့်ဟခဲ့ပြန်တာ ဖြစ်ပါတယ်။

ဒီယောင်က “ ဘာဆာက ကျွန်တော့် အိပ်မက်ထဲက အသင်း ဖြစ်တာကြောင့် နှစ်ပေါင်း များစွာကြာတဲ့ အထိ ရှိနေနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ လာလီဂါမှာ ကောင်းမွန်တဲ့ ရာသီ တစ်ခုကို ပိုင်ဆိုင်နေပြီး ဥရောပမှာ ကောင်းမွန်စွာ မလုပ်နိုင်ခဲ့ပေမယ့် ယေဘုယျအားဖြင့်တော့ ကျွန်တော် တို့ဟာ ရှေ့ကို ဆက်သွားနေပါတယ်။ ကျွန်တော် ဒီကို ရောက်တာ ၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုထိ လိဂ်ဖလားကို မရဖူးသေးတဲ့ အတွက် တကယ်ကို ရယူချင်နေပါတယ်” လို့ ပြောခဲ့ပါတယ်။

 

သူနဲ့ အတူ အက်တလက်တီကိုမှာ ကစားဖို့ မက်ဆီကို တိုက်တွန်းလိုက်တဲ့ ဒီပေါလ် 

အာဂျင်တီးနားနဲ့ အက်တလက်တီကို မက်ဒရစ် ကွင်းလယ် ကစားသမား ရိုဒရီဂို ဒီပေါလ်က လက်ရွေးစင် အသင်းဖော် မက်ဆီကို သူနဲ့ အတူ လာလီဂါ ကလပ်မှာ လာရောက် ကစားဖို့ ပြောသွားခဲ့ပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီ အကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ ကလည်း အများအပြား ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ မက်ဆီကို ပီအက်စ်ဂျီက သက်တမ်းတိုး စာချူပ်ချုပ်ဆိုဖို့ ကြိုးစားနေသလို အသင်းဟောင်း ဘာစီလိုနာ ကလည်း ပြန်လည် ခေါ်ယူချင်နေတာပါ။

ဒါ့အပြင် မေဂျာလိဂ် ကလပ် အင်တာ မိုင်ယာမီ အသင်း ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် မက်ဆီ ကတော့ အခုအချိန်ထိ ဘာမှ မပြောသေးတဲ့ အချိန်မှာ ဒီပေါလ်က အက်တလက်တီကို အသင်းထံ လာကစားဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒီပေါလ်က “ မက်ဆီကို ဒီကို လာခဲ့ပါ။ ကျွန်တော် တို့က မက်ဆီ အတွက် ကျောနံပတ် ၁၀ ပေးဖို့ ကော်ရီယာကို ပြောထားပါတယ်။ ပြီးတော့ ကျွန်တော် တို့ဟာ မက်ဒရစ် မြို့လယ်က တိုက်ခန်းတစ်ခန်း ကိုလည်း ရှာဖွေနေတယ်” လို့ ပြောခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်