လာလီဂါ ကလပ် ဘာစီလိုနာရဲ့ အားကစား ဒါရိုက်တာ ဒေကို ကတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ လူးဝစ္စ ဒီးယက်ဇ်လို ကစားသမားတွေကို ခေါ်ယူချင်နေကြောင်း သိရပါတယ်။ ဒီသတင်း ကိုတော့ နာမည်ကျော် အားကစား သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ အနေနဲ့ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ စျေးကွက် အတွင်း ထဲထဲဝင်ဝင် ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ မကြာသေးခင် ကပဲ နည်းပြ ဖြစ်သူ ဟန်ဆီ ဖလစ်ခ်ကို ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးခဲ့ပြီးနောက် တခြားသော ကြယ်ပွင့် ကစားသမားတွေ ဖြစ်ကြတဲ့ ပက်ဒရီ၊ လာမင်း ယာမယ်နဲ့ ဂါဗီ တို့ကို နှစ်ရှည် စာချုပ်ချုပ်ဆိုဖို့ ဦးစားပေး လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သတ်လို့ ဒေကိုက “ကျွန်တော်တို့ အသင်းရဲ့ ရာသီတိုင်းမှာထားတဲ့ မျှော်လင့်ချက် ကတော့ အသင်းကို ပိုပိုပြီး အင်အားကြီးထွားလာဖို့ပါ။ ဒါကြောင့် သက်တမ်းတိုးဖို လိုအပ်တဲ့ ကစားသမားတွေကို သက်တမ်းတိုးမှာ ဖြစ်သလို၊ ခေါ်ယူ အားဖြည့်မှုတွေလည်း ဆက်လက် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ စျေးကွက်အတွင်း ကိုလည်း ကျွန်တော်တို့ ဝင်ရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို သဘောကျသလို လူးဝစ္စ ဒီးယက်ဇ် ကိုလည်း ကြိုက်ပါတယ်။ တခြား ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။” လို့ ဒေကိုက ပြောကြားခဲ့ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ လာမယ့် နွေရာသီမှာ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ် ကလည်း လာလီဂါ ကလပ်ကို ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ လက်ရှိ အက်စတွန်ဗီလာမှာ အငှားနဲ့ သွားရောက် ကစားနေပြီး သူ့ရဲ့ အရင်လို ခြေစွမ်းကောင်းတွေ ပြန်လည် ရရှိနေတာကြောင့် ထိပ်တန်း ကလပ်များစွာ ကလည်း ခေါ်ယူချင်နေကြပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာကို ပြောင်းရွှေ့ ကစားချင်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့သူ ဖြစ်ပေမယ့် အက်စတွန်ဗီလာ ကိုသာ အငှားနဲ့ ပြောင်းရွှေ့ ဖြစ်ခဲ့ပါတယ်။ ဒီလို ပုံမှန် ခြေစွမ်း ပြန်လည် ရရှိနေတဲ့ ရက်ရှ်ဖို့ဒ်ကို အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာက အပြီးသတ် ခေါ်ယူဖို့ စဉ်းစားနေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ထိပ်တန်း ကလပ် တစ်ခုကို ပြောင်းရွှေ့ ကစားလိုနေတာ ဖြစ်ပါတယ်။

တစ်ဖက် မှာလည်း လာလီဂါ ကလပ်က လစ်ဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ အဆင်မပြေ ဖြစ်နေတဲ့ ကိုလံဘီယာ တိုက်စစ်မှူး လူးဝစ္စ ဒီးယက်ဇ်ကို ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။ လူးဝစ္စ ဒီးယက်ဇ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သူ့အနေနဲ့ အန်ဖီးလ်မှာ ဆက်နေချင်တယ်လို့ ပြောဆိုထားခဲ့ပေမယ့် လက်ရှိမှာတော့ အသင်း ကနေ ထွက်ခွာနိုင်ခြေ ရှိနေဆဲ ဖြစ်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
အဓိက ကတော့ ရောဘတ် လီဝမ်ဒေါစကီးဟာ ဘာစီလိုနာ အတွက် ဂိုးတွေ ပုံမှန် သွင်းယူပေးနေပေမယ့်လည်း အသင်း ဘက်ကတော့ ရေရှည် အတွက် ပိုလန်သားကြီးရဲ့ နေရာမှာ အစားထိုးနိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူ အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖာရန်း တောရက်စ် ကလည်း ပုံမှန် ပွဲထွက်ခွင့် အတွက် ဆက်လက် တိုက်ပွဲဝင်သွားချင်နေပေမယ့် လာမယ့် အပြောင်းအရွှေ့မှာ အသင်း ကနေ ထွက်ခွာဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.