နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၉ ခုနှစ် အထိ ဘာစီလိုနာနဲ့ စာချုပ် သက်တမ်းတိုးလိုက်တဲ့ ဒီယောင် | လာလီဂါ

လာလီဂါ ကလပ် ဘာစီလိုနာရဲ့ နယ်သာလန် ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို ၂၀၂၉ ခုနှစ် အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ဒီယောင်ရဲ့ မြင့်မားတဲ့ လုပ်ခ လစာနှုန်းထားကြောင့် ပြန်လည် ရောင်းထုတ်ဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ခဲ့ပေမယ့် အသင်းမှာ ဆက်ရှိနေခဲ့တဲ့ အပြင် အခု ဆိုရင်တော့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၈ နှစ် အရွယ် နယ်သာလန် လက်ရွေးစင်က ၂၀၁၉ ဇန်နဝါရီမှာ နယ်သာလန် ကလပ် အေဂျက်စ် ကနေ ဘာစီလိုနာကို ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ သူဟာ လာလီဂါ ကလပ် အတွက် အမာခံ ကစားသမား တစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် အပြောင်းအရွှေ့ သတင်းတွေ ကတော့ မကြာခဏ ထွက်ပေါ်လေ့ ရှိသူပါ။ ဒီယောင်ဟာ အရင်စာချုပ်အရ တစ်နှစ် လုပ်ခလစာ ယူရို ၁၉ သန်း ရရှိခဲ့ပေမယ့် စာချုပ်သစ် မှာတော့ တစ်နှစ်ကို ယူရို ၁၀ သန်းနှုန်းသာ ရရှိတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ဘက်က စာချုပ်လျော်ကြေး ကိုတော့ ယူရို သန်း ၄၀၀ ကနေ ယူရို သန်း ၅၀၀ အထိ တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

ဒီယောင်ဟာ လာလီဂါ ကလပ် အတွက် ၆ ရာသီကျော် ကာလ အတွင်း ပြိုင်ပွဲစုံ ၂၆၇ ပွဲ ကစားကာ ၁၉ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ထားပါတယ်။
ဘာစီလိုနာ အတွက် အကောင်းဆုံး ခြေစွမ်းပြထားနိုင်တဲ့ ဒီယောင်

ဘာစီလိုနာမှာ အမြဲတမ်း ဆက်ရှိနေချင်ကြောင်း ပြောကြားထားတဲ့ ဒီယောင် အတွက် လုပ်ခ လစာ လျှော့ယူရတာတွေ၊ စာချုပ်ဖျက်သိမ်းကြေး တိုးမြှင့်လိုက်တာတွေက ပြဿနာတော့ မဟုတ်ပါဘူး။ ဒီယောင်က သူ လုပ်ခ လစာ ဘယ်လောက်ရနေသလဲ ဆိုတာ ပြောမပြနိုင်ပေမယ့် သတင်းတွေမှာ ဖော်ပြနေတာ ကတော့ အလွန်အမင်း ချဲ့ကားနေကြခြင်းသာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီယောင်က ဘာစီလိုနာနဲ့ သက်တမ်းတိုးပြီးနောက် “ဒီအိပ်မက်တွေနဲ့ ရှေ့ဆက်ဖို့ အတတ်နိုင်ဆုံး နောက်ထပ် နှစ်ပေါင်းများစွာ ဆက်ရှိနေချင်ပါတယ်။ ဟန်ဆီ ဖလစ်ခ်နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးက ပထမ အခိုက်အတန့် ကတည်းက ကောင်းမွန်ခဲ့ပါတယ်။ သူက ကျွန်တော့်ကို ယုံကြည်ကြောင်း အမြဲတမ်း ပြောခဲ့ပါတယ်။ ကျွန်တော် အများကြီး တိုးတက်အောင် လုပ်နိုင်ပြီး အမြဲတမ်း အလုပ်တွေ လုပ်သွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီယောင်ဟာ လာလီဂါ ကလပ် အတွက် ၆ ရာသီကျော် ကာလ အတွင်း ပြိုင်ပွဲစုံ ၂၆၇ ပွဲ ကစားကာ ၁၉ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ထားပါတယ်။ ဒီယောင်က စပိန် ထိပ်သီးလိဂ် မှာတော့ ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားပြီး ဘောလုံး ပေးပို့မှု ၉၂.၃ ရာခိုင်နှုန်း အောင်မြင်ကာ အခွင့်အရေး ဖန်တီးမှု ၂၁၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ လာလီဂါကို ဒီယောင် ရောက်ရှိပြီးကတည်းက သူ့ထက် လိဂ်မှာ အခွင့်အရေး ပိုပြီး ဖန်တီးနိုင်တဲ့ ကစားသမား ၈ ဦးသာ ရှိခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမားဟောင်း တိုနီ ခရူးစ် တစ်ဦးသာ (၉၄.၃ ရာခိုင်နှုန်း) သူ့ထက် ပိုပြီး ဘောလုံး ပေးပို့မှု တိကျခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီယောင်က ဘာစီလိုနာနဲ့ အတူ ဆုဖလား ၆ လုံး ဆွတ်ခူးထားပြီး လာလီဂါ ဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေးနဲ့ စပိန် စူပါဖလား တို့ကို ဆွတ်ခူးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်