လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် အနေနဲ့ အန်ဆယ်လော့တီခေတ် နှောင်းပိုင်းမှာ ရိုဒရီကို ခေါ်ယူခြင်းက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ ဖြစ်ကြောင်း နောက်ခံလူ ဒန်နီ ကာဗာဟယ်က ပြောကြားလိုက်ပါတယ်။
စပိန်မြို့တော် လာလီဂါ ကလပ် အနေနဲ့ ဒီနွေရာသီမှာ ကစားသမားသစ် ၄ ဦး ခေါ်ယူထားခဲ့ပေမယ့် အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာ ကွင်းလယ်ပိုင်း အတွက် အင်အားဖြည့်တင်းမှု ပြုလုပ်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ရီးရဲလ်မက်ဒရစ်ဟာ တိုနီ ခရူးစ် အနားယူပြီးကတည်းက လေးနက် ကောင်းမွန်တဲ့ ကစားကွက်ကို တည်ဆောက်နိုင်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိမှာ နောက်ထပ် အဓိက ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ လူကာ မိုဒရစ်လည်း ထွက်ခွာသွားပြီ ဖြစ်တာကြောင့် လော့စ်ဘလန်ကို တို့ရဲ့ ကွင်းလယ်ပိုင်း အားနည်းချက်က ပိုမိုသိသာသွားခဲ့ပါတယ်။
စပိန် ထိပ်သီး တို့ဟာ မကြာသေးခင်က ရိုဒရီ အပါအဝင် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ကွင်းလယ်လူတွေနဲ့ ချိတ်ဆက်ခဲ့ပါသေးတယ်။ မန်စီးတီး ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ် အတွက် အံဝင်ခွင်ကျ ဖြစ်နိုင်ပေမယ့်လည်း ချန်ပီယံလိဂ် ၁၅ ကြိမ်ရှင်တွေ ကတော့ လာမယ့် နွေရာသီ မှာသာ ၂၀၂၄ ဘယ်လွန်ဒေါဆုရှင်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကာဗယ်နဲ့ ရိုဒရီ တို့ဟာ ခင်မင် ရင်းနှီးတဲ့ စပိန် အသင်းဖော်တွေ ဖြစ်ကြပြီး စပိန် လက်ရွေးစင် အသင်း ကိုလည်း ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်အောင် ကူညီပေးခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အသက် ၃၃ နှစ် အရွယ် ဒန်နီ ကာဗာဟယ် ကတော့ သူ့ရဲ့ စပိန် အသင်းဖော်ကို ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားစေချင်ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
“ရိုဒရီဟာ ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်မှာပါ။ ကျွန်တော် ငြင်းမှာ မဟုတ်ပါဘူး။ သူက မက်ဒရစ် ကပါ။ သူ (မန်စီးတီး) မှာနေတာ ကြာပါပြီ။”လို့ ကာဗာဟယ်က Cadena SER’s El Larguero ကို ပြောကြားခဲ့ပါတယ်။

“ရိုဒရီလို ကစားသမားမျိုးက ဘယ်အသင်း အတွက်မဆို ကောင်းမွန်ပါတယ်။ သူ့ ကလပ်က သူ့ကို အများကြီး ပံ့ပိုးပေးခဲ့တယ်။ မက်ဒရစ်မှာ ကျွန်တော် လုပ်ခဲ့တဲ့ အတိုင်းပါပဲ။ နောက်တစ်နေ့ (ကာလရှည် ဒဏ်ရာ ရပြီး) သူတို့ ကျွန်တော့်ကို စာချုပ် သက်တမ်းတိုးခဲ့တယ်။ အဲဒီတော့ ကျွန်တော် ကလပ်ကို အကြွေးတင်သွားခဲ့ပါတယ်။ အမြဲတမ်းလည်း ကျွန်တော် ပေးမှာပါ။ အမြဲတမ်းလည်း ပုံစံ မျိုးစုံနဲ့ ပြန်ပေးချင်ပါတယ်။” လို့ ကာဗာဟယ်က ဆိုပါတယ်။
ရိုဒရီ ကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က အက်တလက်တီကိုမက်ဒရစ် ကနေ မန်စီးတီးကို ပြောင်းရွှေ့ ကစားခဲ့သူ ဖြစ်ပါတယ်။ စပိန်သားဟာ ပပ် ဂွါဒီယိုလာရဲ့ အသင်းမှာ လျင်လျင်မြန်မြန်ပဲ အထိုင်ကျခဲ့ပြီးတော့ မန်စီးတီး အတွက် မရှိမဖြစ် အဓိက ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့သူပါ။ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်းမှာ အသင်းကို အဓိက မောင်းနှင်နေတဲ့ ရိုဒရီက ပြီးခဲ့တဲ့ ရာသီက ACL ဒဏ်ရာ ရရှိခဲ့ပြီး ရာသီကုန် အထိ အနားယူနေခဲ့ရပါတယ်။ သူဟာ ဒီနွေရာသီ မှာတော့ ဒဏ်ရာ ကနေ ပြန်လည် သက်သာလာခဲ့ပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာတော့ မန်စီးတီး အတွက် မိနစ် အနည်းငယ် ဝင်ရောက် ကစားပေးခဲ့ပါတယ်။ စပိန်သားဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ စပါးနဲ့ ပွဲမှာ ၁၅ မိနစ်၊ ဘရိုက်တန်နဲ့ ပွဲမှာတော့ မိနစ် ၉၀ ဝင်ရောက် ကစားပေးခဲ့ပေမယ့် မန်စီးတီးတို့ နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။
တစ်ဖက် မှာလည်း ကာဗာဟယ်က ရီးရဲလ်မက်ဒရစ်နဲ့ ပတ်သတ်ပြီး သူတို့ အသင်းဟာ လူစာရင်းမှာ အပြောင်းအလဲတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ကာလို အန်ဆယ်လော့တီရဲ့ သက်တမ်း ကုန်ဆုံးချိန်မှာ သွေးသစ်လောင်းဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကာဗာဟယ်က “ဇာဘီ အနေနဲ့ ကောင်းကောင်း လုပ်ပြနိုင်သလို စိတ်ကူးသစ်တွေ တစ်နေ့ပြီး တစ်နေ့ ပေါင်းထည့်နေပြီး နိုင်ပွဲ ၃ ပွဲနဲ့ ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ ကျွန်တော် တို့ရဲ့ အကောင်းဆုံး ပုံစံကို ရဖို့ ခရီးအဝေးကြီး ကျန်နေပါသေးတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အလွန်ဆိုရဲ့ လက်အောက်မှာ လာလီဂါ ပွဲစဉ် ၃ ပွဲ ကစားထားပြီး ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။ ရီးရဲလ်ဟာ လာမယ့် စက်တင်ဘာ နိုင်ငံတကာ ရက်သတ္တပတ် အပြီး ၁၃ ရက်နေ့ မှာတော့ ရီးရဲလ်ဆိုစီဒက်နဲ့ ပြည်တွင်း ပွဲစဉ် ပြန်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.