လာလီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရောဘတ်လီဝမ်ဒေါစကီးရဲ့ ဘာစီလိုနာနဲ့ အနာဂတ်က မသေချာ ဖြစ်လာတာကြောင့် ဆော်ဒီပရိုလိဂ် ကလပ်တွေက တဖန် ပြန်လည် စိတ်ဝင်စားလာကြောင်း သိရပါတယ်။ လက်ရှိမှာ အသက် ၃၆ နှစ် ရှိပြီ ဖြစ်တဲ့ လီဝမ်ဒေါစကီးဟာ ဘာစီလိုနာ အတွက် ခြေစွမ်းပြနေဆဲ ဖြစ်ပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံ ၄၆ ပွဲ ကစားကာ ဂိုး ၄၀ အထိ သွင်းယူထားပါတယ်။ ဒါဟာ လီဝမ်ဒေါစကီး အနေနဲ့ လာလီဂါ ကလပ်မှာ ပြီးခဲ့တဲ့ ရာသီတွေကထက် ပိုပြီးကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသထားနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ဘက်ကတော့ ပိုလန်သားကြီးရဲ့ အသက်အရွယ်ကြောင့် သူ့ရဲ့ နေရာမှာ ရေရှည် အတွက် အင်အားဖြည့်တင်းဖို့ တိုက်စစ် ကစားသမား တစ်ဦးလည်း ရှာဖွေနေတာ ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အသင်းရဲ့ ရန်ပုံငွေကို တောင့်တင်းစေဖို့ အတွက် အခုနွေရာသီမှာ ယာကုဗ် ခီဗီယော ကို ရောင်းချဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။ ခီဗီယောဟာ ဒုတိယဦးစားပေး ကစားသမား ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဆလီဘာနဲ့ တွဲဖက်ပြီး ရီးရဲလ်မက်ဒရစ် တိုက်စစ်ကို အကောင်းဆုံး ဟန့်တားပြနိုင်ခဲ့သူ ဖြစ်ပါတယ်။
လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ ဗဟိုခံစစ်မှူး ရော်နယ် အာရူဟိုနဲ့ အန်ဒရီယာစ် ခရစ္စတန်ဆန် တို့ကို ရောင်းချခြင်းအားဖြင့် ယူရို သန်း ၈၀ (ပေါင် ၆၉.၅ သန်း) ရရှိဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ ဘာစီလိုနာက ဒီငွေတွေနဲ့ ဘယ်ခြမ်း တိုက်စစ်မှူး တစ်ဦး ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ တို့ကတော့ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန်ကို ခေါ်ယူဖို့ အတွက် ဆက်သွယ် မေးမြန်းမှုတွေ ပြလုပ်ထားကြောင်း Tuttomercatoweb က ဖော်ပြပါတယ်။
လစ်ဗာပူးလ် ကတော့ အီဘရာဟီမာ ကိုနာတေးကို ပီအက်စ်ဂျီ အသင်းထံ လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ စပို့တင်း ဘရာဂါ ဗဟိုခံစစ်မှူး ဆီကူ နီယာခိတ်နဲ့ အစားထိုးဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း လစ်ဗာပူးလ်က အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ခ်ကို မိုဟာမက် ဆာလာ အပြီးမှာ ဆက်လက် သက်တမ်းတိုးဖို့ လုပ်ဆောင်လျက်ရှိနေပါတယ်။
နယူးကာဆယ် ကတော့ မကြာသေးခင်ကမှ တန်းဆင်းသွားတဲ့ ဆောက်သမ်တန် အသင်းရဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Football Insider က ဖော်ပြပါတယ်။ တန်းဆင်း ကျိန်စာမိနေသူ အာဆင်နယ် ဂိုးသမားဟောင်း ကိုတော့ လန်ဒန် ကလပ် ဖြစ်တဲ့ ဝက်စ်ဟမ်း ကလည်း ခေါ်ယူချင်နေပါတယ်။
အက်စတွန်ဗီလာ ကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ အင်တာမီလန် တို့ရဲ့ စိတ်ဝင်စားနေခြင်း ခံနေရတဲ့ ဘူဘာကာ ကာမာရာကို စာချုပ်သစ် အတွက် ကစားသမားရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မန်စီးတီး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးရဲ့ မလိုလားအပ်တဲ့ စိတ်ဝင်စားမှုတွေကို တားဆီးဖို့ အတွက် နီကို အိုရွိုင်လီကို စာချုပ်သစ် ချုပ်ဆိုဖို့ ရည်ရွယ်ထားကြောင်း The Sun က ဖော်ပြလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကတော့ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖိလစ် မက်တေးတားကို ခေါ်ယူရန် အပြိုင်အဆိုင် ကြိုးပမ်းဖို့ ရှိနေကြောင်း သိရပါတယ်။ ဒီပြင်သစ် တိုက်စစ်မှူးကို ဥရောပ ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ ဘေယန်မြူးနစ်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ဂျူဗင်တပ်စ်တို့ ကလည်း ခေါ်ယူချင်နေကြောင်း TEAMtalk က ဖော်ပြပါတယ်။
အဲဗာတန် ကတော့ ဖရိုင်းဘက် ဗဟိုကွင်းလယ်လူ မာလင် ရိုဟယ်ကို ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ထားကြောင်း Kicker – ဂျာမနီ က ဖော်ပြပါတယ်။
လစ်ဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ် တို့ကတော့ လီယမ် ဒီလပ်ရဲ့ ဂိုးသွင်းယူမှုတွေကို စောင့်ကြည့်ဖို့ အတွက် အစ်ပ်ဆွစ်ချ် ကစားတဲ့ ပွဲစဉ်တွေကို ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကတော့ ပေါင်သန်း ၄၀ ကျော် တန်ကြေး ရှိတဲ့ ဘုန်းမောက် တိုက်စစ်မှူး အန်တိုနီ ဆီမီညိုကို အပြိုင်အဆိုင် ကြိုးပမ်းဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.