နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၆ မှာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ဘာစီလိုနာ၊ ဗစ်တာ ရိစ်ကို ဂီရိုနာဆီ အငှားချခဲ့တဲ့ မန်စီးတီး | လာလီဂါ

ဩဂုတ်လ ၉ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ထိပ်သီး ဘာစီလိုနာ ကတော့ ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို ၂၀၂၆ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း သိရပါတယ်။ ကိန်း ကတော့ လာမယ့် နှစ်မှာ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြောင်း သတင်းတွေ ထွက်နေပါတယ်။

ရီးရဲလ်မက်ဒရစ် ပစ်မှတ် ဗစ်တင်ညာ ကတော့ ဒီနွေရာသီမှာ စာချုပ် ဖျက်သိမ်းကြေး ယူရို ၁၃၅ သန်း ရှိပြီး လာမယ့်နှစ် မှာတော့ ယူရို သန်း ၉၀ အထိ ကျဆင်းသွားဖို့ ရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ဒီစာချုပ် ဖျက်သိမ်းကြေးဟာ ပြင်သစ်မှာ အကျုံးမဝင်ပေမယ့် ကလပ်နဲ့ ကစားသမား အကြားမှာ နှုတ်အားဖြင့် သဘောတူညီချက် ရှိထားကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ အင်နီဂို မာတီနက်ဇ်ကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် အင်တာမီလန်က အလက်ဆန်ဒရို ဘက်စတိုနီကို ခေါ်ယူဖို့ စီစဉ်နေကြောင်း El Nacional က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း အင်တာက သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ အလိုရှိနေတာကြောင့် ငွေကြေး အင်အား မတောင့်တင်းတဲ့ ဘာစီလိုနာ အတွက်တော့ ခက်ခဲဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ၂၀၂၆ ခုနှစ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် နောက်ခံလူ ၃ ဦးကို ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားကြောင်း သိရပါတယ်။ Real Madrid Confidencial ရဲ့ ဖော်ပြချက်အရ ပစ်မှတ် စာရင်းထဲ မှာတော့ လစ်ဗာပူးလ်က အီဘရာဟီမာ ကိုနာတေး၊ ဘေယန်မြူးနစ်က ဒါယော့တ် အူပါမီကာနိုနဲ့ ခရစ္စတယ်ပဲလေ့စ်က မာ့ခ် ဂူဟီတို့ ပါဝင်နေကြောင်း သိရပါတယ်။

ဇာဘီ အလွန်ဆို ကတော့ မာ့ခ် အန်ဒရီ တာစတီဂျန်ကို ဆက်သွယ်ပြီး ဘေယန်မြူးနစ် ဂိုးသမား အလက်ဇန္တား နူဘယ် အပေါ် အမြင်ကို တောင်းခံခဲ့တယ်လို့ E-Notícies က ဖော်ပြပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ သီဘောက် ကော့တွာစ် နေရာမှာ ရေရှည် အစားထိုးဖို့ ဂိုးသမားသစ် တစ်ဦး ကြိုတင် ရှာဖွေဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကတော့ လာမယ့် ရာသီ ချန်ပီယံလိဂ် အဖွင့် ပွဲစဉ်ကို လွဲချော်မှာ ဖြစ်ကြောင်း သိရပါတယ်။ ဖလစ်ခ်ဟာ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ စည်းမျဉ်းတွေ ချိုးဖောက်ခဲ့တာကြောင့် အခုလို ပွဲပယ်ခံရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဖလစ်ခ်ဟာ ယူအီးအက်ဖ်အေရဲ့ ယေဘူယျ ကျင့်ဝတ် အခြေခံ စည်းကမ်း တချို့ကို ဖောက်ဖျက်တာကြောင့် ယူရို ၂၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ခက်ခဲနိုင်တဲ့ ကစားသမားဟာ လာလီဂါ ကလပ်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့မှာလည်း ဖြစ်ပါတယ်။
ပုံမှန် ပွဲထွက်ခွင့် အတွက် ဂီရိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ဗစ်တာ ရိစ်

ဂီရိုနာ ကတော့ သူတို့ရဲ့ ညီအမ ကလပ် မန်ချက်စတာစီးတီးရဲ့ ကြယ်ပွင့် ဗစ်တာ ရိစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့်ရဖို့ ခက်ခဲနိုင်တဲ့ ကစားသမားဟာ လာလီဂါ ကလပ်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့မှာလည်း ဖြစ်ပါတယ်။

ဘေယန်မြူးနစ် အားကစားဒါရိုက်တာ မက်စ် အီဘားလ် ကတော့ ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်နဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။ ချဲလ်ဆီးက ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ဆီနီဂေါ တိုက်စစ်မှူးကို ဘေယန်မြူးနစ်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဆက်သွယ် စုံစမ်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် အီဘားလ် ကတော့ ဒီသတင်းတွေက မဟုတ်မှန်ကြောင်း စပါးနဲ့ ခြေစမ်းပွဲ အပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်