နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မိသားစု ကျန်းမာရေးကြောင့် ကစားသမားဘဝ ကနေ စောစောစီးစီး အနားယူဖြစ်ခဲ့တဲ့ ဘေးလ် | လာလီဂါ

ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမားဟောင်း ဂါရတ်သ် ဘေးလ် ကတော့ မိသားစု ကျန်းမာရေး ပြဿနာတွေကြောင့် ယခုလို ကစားသမား ဘဝ ကနေ စောစောစီးစီး အနားယူဖြစ်ခဲ့တယ် ဆိုပြီး ဖွင့်ဟလာခဲ့ပါတယ်။ ဘေးလ်ဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ အချိန်အကြာဆုံး ကစားခဲ့ပြီး ဆောက်သမ်တန်၊ တော့တင်ဟမ်ဟော့စပါးနဲ့ အဲလ်အေ အက်ဖ်စီ တို့မှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့သူပါ။

ကစားသမား ဘဝမှာ အောင်မြင်မှု များစွာ ရယူနိုင်ခဲ့တဲ့ ဘေးလ်က အသက် ၃၃ နှစ် အရွယ် မှာတင် ကစားသမား ဘဝ ကနေ အနားယူလိုက်တာ ဖြစ်ပြီး ခေတ်ပြိုင် ကစားသမားတွေ အနက် အကောင်းဆုံး တောင်ပံ ကစားသမား တစ်ဦး အဖြစ် သက်မှတ်ခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။ ဘေးလ်ဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် မှာတော့ ရော်နယ်ဒိုရဲ့ ကြီးမားတဲ့ လွှမ်းမိုးမှုကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး ဘေးလ်ဟာ အသင်း အတွက် ဗိုလ်လုပွဲတွေမှာ အရေးပါတဲ့ ဂိုးတွေ သွင်းယူပေးတက်သူ ဖြစ်သလို အထူးသဖြင့် နိုင်ငံ လက်ရွေးစင် အသင်း ဖြစ်တဲ့ ဝေးလ်စ်ကို တတ်နိုင်သမျှ ပုခုံးထမ်း တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘေးလ်က ကစားသမားဘဝ ကနေ စောစောစီးစီး အနားယူခဲ့ရပြီး ဒါနဲ့ ပတ်သတ်လို့ ဝေးလ်စ် အသင်းခေါင်းဆောင်ဟောင်းက “ကျွန်တော် အနားယူဖို့ ဆုံးဖြတ်ခဲ့တာက အဖေ့ရဲ့ ကျန်းမာရေး ကြောင့်ပါပဲ။ မိသားစု ဘဝက ဘောလုံးထက် ပိုပြီး အရေးပါတယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ ကျွန်တော့် အဖေ နေမကောင်း ဖြစ်ပြီး အဲဒါက ကျွန်တော့်ရဲ့ [အနားယူဖို့] ဆုံးဖြတ်ချက်မှာ ကြီးမားတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်” လို့ GQ မဂ္ဂဇင်းကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဘေးလ်ဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် မှာတော့ ရော်နယ်ဒိုရဲ့ ကြီးမားတဲ့ လွှမ်းမိုးမှုကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်မှာ ဆုဖလား ၁၆ လုံး အောင်မြင်မှု ရခဲ့တဲ့ ဘေးလ်

ဒါ့အပြင် ရီးရဲလ်မက်ဒရစ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ခံစားနေခဲ့စဉ်တုန်းက အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘေးလ် တစ်ယောက် ဖွင့်ဟမှုတွေ ပြုလုပ်လာခဲ့ပြီး အဆိုပါ ဝေဖန်မှုတွေကို ဘယ်တုန်းကမှ အာရုံစိုက်ခြင်း မရှိခဲ့သလို ဖတ်သမျှ အကြောင်းအရာတွေ ကလည်း အကုန်အမှားတွေသာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“လူတွေက အိမ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မသိကြပေမယ့် ဘဝဆိုတာ ဘောလုံးထက် ပိုတယ်ဆိုတာ မကြာခင်မှာပဲ ကျွန်တော် သဘောပေါက်လာခဲ့ပါတယ်။ အများစု အတွက်တော့ ကျွန်တော်ဟာ [ဝေဖန်မှုတွေ] ကနေ ဝေးဝေးနေခဲ့တယ်။ ကျွန်တော့်ရဲ့ လူမှုကွန်ရက်ကို ဘယ်တုန်းကမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ပို့စ် ၁၀၀ မှာ ၉၉ ခုက အံ့သြစရာ ကောင်းပြီး မကောင်းတဲ့ အရာ တစ်ခုလည်း ရှိနေနိုင်ပါတယ်။” လို့ ဘေးလ်က ဆိုပါတယ်။

“ကျွန်တော် အသက် ၁၆ နှစ် အရွယ် ဆောက်သမ်တန်မှာတုန်းက မကောင်းတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ရပါတယ်။ အဲဒါက ပွဲစဉ်အစီရင်ခံစာ တစ်ခုပါပဲ။ ဒါပေမယ့် အဲဒါကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။ ယုံကြည်မှု တချို့ ဆုံးရှုံးသွားလို့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်ခဲ့ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အတွေ့အကြုံ တစ်ခု ကနေ ကျွန်တော် တတ်နိုင်သမျှ ဝေးဝေးနေဖို့ သင်ယူခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက သင့်ကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ဘာတွေလုပ်ပေးနိုင်လဲ ဆိုတာ ကျွန်တော် သိလို့ပါ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား ၅ လုံးအထိ ရယူနိုင်ခဲ့သူ တစ်ယောက် ဖြစ်ပြီး မေဂျာလိဂ် ကလပ် အဲလ်အေအက်ဖ်စီမှာ ကစားသမားဘဝကို ကုန်ဆုံးခဲ့သူ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးမှာ ဆုဖလား အောင်မြင်မှု မရရှိခဲ့ဖူးတဲ့ ဘေးလ်က ရီးရဲလ်မက်ဒရစ်က လာလီဂါ ဖလား ၃ ကြိမ် အပါအဝင် ဆုဖလား ၁၆ လုံး အထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ဘေးလ်ဟာ အဲလ်အေအက်ဖ်စီ မှာတော့ မေဂျာလိဂ်နဲ့ Supporter’s Shield တို့ ရရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်