အခုတစ်ခါမှာ နောက်ဆုံး ရရှိထားသမျှ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
TodoFichajesရဲ့ ဖော်ပြချက်အရ လာလီဂါ ကလပ် အက်တလက်တီကိုမက်ဒရစ်ဟာ မန်စီးတီး တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို အပြိုင်အဆိုင် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ပစ်မှတ် ပစ်မှတ်လည်း ဖြစ်နေပါတယ်။ ဂရီးလစ်ရှ် ကတော့ မန်ချက်စတာစီးတီးမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိသလို ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ သူ့ကိုတော့ ဥရောပ ထိပ်တန်း ကလပ် များစွာက အလိုရှိနေပေမယ့် လုပ်ခလစာ ပေးချေမှု အပိုင်း မှာတော့ အခက်အခဲတွေ ရှိနေကြတာ ဖြစ်ပါတယ်။
ဘာစီလိုနာ အ၀တ်လဲခန်း အတွင်းက စီနီယာ ကစားသမားတွေဟာ လစ်ဗာပူးလ် တောင်ပံကစားသမား လူးဝစ္စ ဒီးယက်ဇ်ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူမှာကို မလိုလားကြကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ လာလီဂါ ချန်ပီယံတွေ အနေနဲ့ ယူရိုသန်း ၆၀ (ပေါင် ၅၀.၄ သန်း)နဲ့ ခေါ်ယူဖို့ စီစဉ်ထားပြီး ကိုလံဘီယာ လက်ရွေးစင်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်လို့တဲ့ လစ်ဗာပူးလ် ဘက်က သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချသွားဖို့ များနေပါတယ်။
ဘာစီလိုနာ အနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် အတွက် မန်ချက်စတာယူနိုက်တက် လိုချင်နေတဲ့ တောင်းဆိုမှုတွေကို ဖြည့်ဆည်းပေးဖို့ အဆင်သင့် မဖြစ်သေးကြောင်း El Nacional က ထပ်မံ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်ကို ယူရို သန်း ၂၀ (ပေါင် ၁၆.၈ သန်း) နဲ့ အန်ဆု ဖာတီကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စည်းရုံးရာမှာ အခက်အခဲတွေ ရှိနေကြောင်း GIVEMESPORT က ဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးဟာ အာဂျင်တီးနား ကွင်းလယ်လူကို မရောင်းချဖို့ ဆုံးဖြတ်ထားပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ လက်လျှော့ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ ပီအက်စ်ဂျီ ကွင်းလယ် ကစားသမား ဗစ်တင်ညာရဲ့ ခြေစွမ်းကို နှစ်သက်နေပြီး ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်း AS က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ရာသီကုန်မှာ လူကာ မိုဒရစ်ကို လက်လွှတ်ရဖို့ ရှိနေပြီး နည်းပြသစ် ဇာဘီ အလွန်ဆို ကလည်း ကွင်းလယ် ဖန်တီးနိုင်မှု စွမ်းရည်ကို မြှင့်တင်လိုနေတာကြောင့် ကစားသမားသစ်တွေ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဇာဘီ အလွန်ဆို စိတ်ကြိုက် ကစားသမားတွေ ခေါ်ယူနိုင်ဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀၀ ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။ တစ်ဖက် မှာလည်း အလွန်ဆိုဟာ အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားတဲ့ မာတင် ဇူဘီမန်ဒီ ကိုလည်း ခေါ်ယူချင်နေဆဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းတွေအရ လူကာ မိုဒရစ်ဟာ ဒီနွေရာသီမှာ မေဂျာလိဂ်ကို ပြောင်းရွှေ့ ကစားဖွယ် ရှိနေကြောင်း Fichajes ရဲ့ ဖော်ပြချက်အရ သိရသည်။ မိုဒရစ် ကိုတော့ အင်တာ မိုင်ယာမီနဲ့ ချီကာဂို ဖိုင်းယား တို့က ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အဲလ်နာဆာနဲ့ အပြိုင် ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.