လာလီဂါအပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အာဆင်နယ်ကတော့အသက်၂၄နှစ်အရွယ်လာလီဂါကလပ်ဘီလ်ဘာအိုကွင်းလယ်လူအိုဟန်ဆန်းဆတ်ကိုခေါ်ယူဖို့ကြိုးပမ်းနေကြောင်းသိရပါတယ်။ကွင်းလယ်တိုက်စစ်နေရာမှာကစားတဲ့ဒီကစားသမားကတော့ဘီလ်ဘာအိုအတွက်၁၈၈ပွဲအထိကစားကာ၄၂ဂိုးသွင်းယူထားပါတယ်။ဒါ့အပြင်ဆန်းဆတ်ကဒီရာသီမှာလည်းဘီလ်ဘာအိုအတွက်ပြိုင်ပွဲစုံ၃၁ပွဲကစားကာ၁၇ဂိုးသွင်းပြီး၃ဂိုးဖန်တီးထားပါတယ်။
ကီဗင်ဒီဘရွန်းနားကိုတော့သူ့ရဲ့မြင့်မားတဲ့လုပ်ခလစာကြောင့်အင်္ဂလန်အသင်းတွေအနေနဲ့ခေါ်ယူဖို့ဖြစ်နိုင်ချေနည်းနေပါတယ်။ဒါကြောင့်ဘယ်လ်ဂျီယံသားကပရီးမီးယားလိဂ်မှာဆက်ရှိနေဖို့မဖြစ်နိုင်ပဲမေဂျာလိဂ်သို့မဟုတ်ဆော်ဒီပရိုလိဂ်ကိုပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့သိရပါတယ်။
ဝုဗ်တိုက်စစ်မှူးမားသီးယက်စ်ကူညာကတော့ဒီနွေရာသီမှာသူ့ရဲ့ထိပ်တန်းဦးစားပေးအဖြစ်မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့ရှိနေကြောင်းသိရပါတယ်။ယူနိုက်တက်ကလည်းကူညာကိုခေါ်ယူဖို့အတွက်ဝုဗ်နဲ့ချုပ်ဆိုထားတဲ့စာချုပ်ဖျက်သိမ်းကြေးပေါင်၆၂.၅သန်းကိုပေးချေသွားဖို့ရှိနေတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းမန်ချက်စတာယူနိုက်တက်ရဲ့ပစ်မှတ်တွေထဲမှာအာဂျင်တီးနားကလပ်ရေးဗားပလိတ်ရဲ့အသက်၁၇နှစ်အရွယ်ကြယ်ပွင့်လေးဖရန်ကိုမတ်စတန်တူနိုပါဝင်နေပြီးပေါင်၃၈သန်းနဲ့ကမ်းလှမ်းဖို့ရှိနေကြာင်း The Sun ကဖော်ပြပါတယ်။
ယူနိုက်တက်ကနေထွက်ခွာနိုင်ချေရှိနေတဲ့နောက်ထပ်တောင်ပံကစားသမားကတော့အလက်ဟန်ဒရိုဂါနာချိုဖြစ်ပါတယ်။ဒီကစားသမားကိုဂျူဗင်တပ်စ်၊အက်တလက်တီကိုမက်ဒရစ်၊အင်တာမီလန်နဲ့နာပိုလီတို့ကခေါ်ယူချင်နေပြီးယူရိုသန်း၅၀ (ပေါင်၄၂.၉သန်း) ဝန်းကျင်နဲ့အပြောင်းအရွှေ့ဖြစ်မြောက်လာဖို့ရှိနေပါတယ်။

ဆန်တီယာဂိုဘာနေဗျူးမှာအခြေအနေတွေမတည်မငြိမ်ဖြစ်နေတာကြောင့်ထရန့်အလက်ဇန္တားအာနိုးလ်အနေနဲ့ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ငြင်းဆိုဖွယ်ရှိနေကြောင်းသတင်းတွေထွက်လာပါတယ်။အကယ်၍အာနိုးလ်သာလာလီဂါကလပ်ကိုမပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့လစ်ဗာပူးလ်နဲ့ပဲစာချုပ်သက်တမ်းတိုးမြှင့်သွားဖွယ်ရှိနေပါတယ်။
တစ်ဖက်မှာလည်းလစ်ဗာပူးလ်ကထရန့်အလက်ဇန္တားအာနိုးလ်အတွက်အပြီးသတ်ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။ဒါပေမယ့်လည်းအာနိုးလ်ရဲ့မက်ဒရစ်ဆီပြောင်းရွှေ့ချင်တဲ့ဆန္ဒကိုရပ်တန့်နိုင်မှာမဟုတ်ကြောင်းယုံကြည်နေကြပါတယ်။
ဒါ့အပြင်လစ်ဗာပူးလ်တောင်ပံကစားသမားဖက်ဒရစ်ကိုခီယေဇာကလည်းစီးရီးအေကိုပြန်သွားလိုနေပြီးအင်တာမီလန်၊နာပိုလီနဲ့ရိုးမားတို့ကစိတ်ဝင်စားနေပါတယ်။ဒါ့အပြင်အင်တာမီလန်အမှုဆောင်အရာရှိချုပ်ဂူဆက်ပီမာရော့တာကလည်းခီယေဇာကိုအသင်းအတွက်အမာခံကစားသမားတစ်ဦးဖြစ်လာဖို့မျှော်လင့်နေကြောင်းသိရပါတယ်။တစ်ဖက်မှာလည်းဟိုဆေးမော်ရင်ဟိုရဲ့ဖီနာဘာချီကခီယေဇာကိုအပြိုင်အဆိုင်ကြိုးပမ်းဖို့ရှိနေပါတယ်။
လစ်ဗာပူးလ်ကတော့ဒီနွေရာသီမှာကွင်းလယ်လူဟာဗေးအဲလီယော့တ်ကိုရောင်းချဖို့ကြိုးပမ်းသွားမှာမဟုတ်ကြောင်းသိရပါတယ်။ဒါပေမယ့်လည်းဒီကစားသမားကတော့ပွဲချိန်အကန့်အသတ်နဲ့ကစားရဦးမှာလည်းဖြစ်ပါတယ်။
လာဇီယိုဗဟိုခံစစ်မှူးမာရီယိုဂီလာကိုတော့ဥရောပထိပ်တန်းကလပ်တော်တော်များများကစိတ်ဝင်စားနေပါတယ်။အသက်၂၄နှစ်အရွယ်ဒီကစားသမားကိုတော့မန်စီးတီးနဲ့တောတင်ဟမ်ဟော့စပါးတို့ကယူရို၄၅သန်း (ပေါင်၃၈.၆သန်း) နဲ့ခေါ်ယူချင်နေသလိုဘေယန်မြူးနစ်၊ပီအက်စ်ဂျီနဲ့ရီးရဲလ်မက်ဒရစ်တို့ကလည်းစိတ်ဝင်စားနေပါတယ်။
ချဲလ်ဆီးကနေဂျူဗင်တပ်စ်ဆီအငှားချထားတဲ့နောက်ခံလူရီနာတိုဗိုင်ဂါကိုတော့တော့တင်ဟမ်ဟော့စပါးကပေါင်သန်း၃၀နဲ့ကမ်းလှမ်းမှုတစ်ခုပြုလုပ်ဖို့စီစဉ်နေကြောင်းသိရပါတယ်။
ဝက်စ်ဟမ်းကတော့အသင်းရဲ့ကွင်းလယ်ကစားသမားအက်ဒ်ဆင်အဲလ်ဗာရက်ဇ်ကိုဒီနှစ်နွေရာသီမှာအသင်းသစ်တစ်သင်းရှာဖွေဖို့အကြံပြုခဲ့ကြောင်းသိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.