လာလီဂါထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်ကတော့အာဆင်နယ်နဲ့သဘောတူညီမှုရရှိထားတဲ့စပိန်ကွင်းလယ်လူမာတင်ဇူဘီမန်ဒီကိုဖြတ်ခုတ်ချင်နေဆဲဖြစ်ကြောင်းသိရပါတယ်။ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဖြစ်လာတော့မယ့်ဇာဘီအလွန်ဆိုဟာဇူဘီမန်ဒီရဲ့တည်ငြိမ်တဲ့ခြေစွမ်းကိုသဘောကျနေပြီးတော့အရခေါ်ယူပေးဖို့တိုက်တွန်းထားကြောင်းလည်းသိရပါတယ်။
ဇူဘီမန်ဒီဟာပြီးခဲ့တဲ့ရက်ပိုင်းကပဲအာဆင်နယ်နဲ့ Here We Go ခဲ့ပြီဖြစ်ကြောင်းခိုင်လုံတဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်ရီးရဲလ်မက်ဒရစ်ကလည်းနောက်ဆုံးအကြိမ်အဖြစ်ကြားဖြတ်ခေါ်ယူဖို့ကြိုးစားသွားမယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။အစောပိုင်းသတင်းတွေအရဆိုရင်တော့ဇူဘီမန်ဒီအနေနဲ့ရီးရဲလ်မက်ဒရစ်ရဲ့ချဉ်းကပ်မှု၃ကြိမ်စလုံးကိုပယ်ချပြီးအာဆင်နယ်ဆီပြောင်းရွှေ့ဖို့သာဆုံးဖြတ်ချက်ခိုင်မာနေခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဇူဘီမန်ဒီအနေနဲ့ရီးရဲလ်မက်ဒရစ်နောက်ဆုံးအကြိမ်ကြိုးပမ်းမှုကိုဘယ်လိုမျိုးတုန့်ပြန်သွားမလဲဆိုတာစောင့်ကြည့်ရမှာပါ။
အာဆင်နယ်ကတော့ဇူဘီမန်ဒီကိုလာမယ့်နွေရာသီမတိုင်ခင်မှာပဲအပြောင်းအရွှေ့ကိုအပြီးသတ်နိုင်မယ်လို့ယုံကြည်ထားပြီးကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးယူရိုသန်း၆၀ကိုအပြည့်အဝပေးချေဖို့အသင့်ရှိနေပါတယ်။ဒါ့အပြင်ကစားသမားနဲ့လည်းနှုတ်အားဖြင့်ပုဂ္ဂိုလ်ရေးအရသဘောတူညီမှုရရှိထားပြီဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမယ့်လည်းအခုနောက်ဆုံး AS သတင်းဌာနရဲ့ဖော်ပြချက်အရတော့ရီးရဲလ်မက်ဒရစ်ဟာဇူဘီမန်ဒီရဲ့အပြောင်းအရွှေ့ကိုလုံးဝလက်လျှော့ခြင်းမရှိသေးဘူးလို့သိရပါတယ်။

ရီးရဲလ်မက်ဒရစ်မှာဇူဘီမန်ဒီကိုခေါ်ယူဖို့တွန်းအားပေးနေတဲ့အဓိကပုဂ္ဂိုလ်ကတော့ရီးရဲလ်ဆိုစီဒက် B အသင်းကိုကိုင်တွယ်ခဲ့ဖူးတဲ့နည်းပြဟောင်းဇာဘီအလွန်ဆိုဖြစ်နေကြောင်းသတင်းတွေကဖော်ပြပါတယ်။အန်ဆယ်လော့တီနေရာကိုဆက်ခံဖိုရှိနေတဲ့အလွန်ဆိုဟာဇူဘီမန်ဒီနဲ့အရင်ကတည်းကလက်တွဲဖူးပြီးကစားသမားရဲ့အရည်အသွေးကိုနှစ်သက်သူလည်းဖြစ်ပါတယ်။ဇူဘီမန်ဒီဟာဒီရာသီမှာရီးရဲလ်ဆိုစီဒက်အတွက်ခြေစွမ်းတည်ငြိမ်လွန်းတဲ့ကစားသမားအဖြစ်ထပ်မံသက်သေပြထားနိုင်ပြီးပြိုင်ပွဲစုံ၄၆ပွဲကစားရာမှာ၂ဂိုးသွင်း၂ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။လက်ရှိမှာဇူဘီမန်ဒီဟာလာလီဂါရဲ့တည်ငြိမ်မှုအရှိဆုံး Holding Midfielder အဖြစ်သတ်မှတ်ခံထားရပါတယ်။
အဓိကကတော့လာလီဂါကလပ်ဟာလာမယ့်ရာသီအတွက်အားနည်းချက်တွေရှိနေတဲ့ကွင်းလယ်ပိုင်းကိုအားဖြည့်ချင်နေတာဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ဟာဇူဘီမန်ဒီအပြင်တခြားသောကွင်းလယ်ကစားသမားတွေကိုချိန်ရွယ်ထားပါသေးတယ်။ရီးရဲလ်မက်ဒရစ်ဟာချဲလ်ဆီးကအန်ဇိုဖာနန်ဒက်ဇ်၊လစ်ဗာပူးလ်ကအလက်ဆစ်မက်အယ်လစ္စတာ၊နယူးကာဆယ်ကဘရူနိုဂီမာရေးစ်နဲ့အတ္တလန္တာကအီဒါဆင်တို့ကိုချိန်ရွယ်ထားတာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့ရာသီကဂန္တဝင်ကွင်းလယ်လူဂျာမန်စနိုက်ပါကစားသမားဘဝကနေအနားယူသွားခဲ့သလိုလူကာမိုဒရစ်ကလည်းခြေစွမ်းသိသိသာာသာကျဆင်းလာတာကြောင့်ထိပ်တန်းကွင်းလယ်လူတစ်ဦးရှာဖွေဖို့လိုအပ်နေတာဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.