ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ အသင်း အတွက် ကစားဖို့ ငြင်းဆန်တဲ့သူ တစ်ဦး တစ်ယောက်မှ မရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ ဒီကနေ့ညမှာ လာလီဂါ ပွဲစဉ် ၈ အဖြစ် ဗီလာရီးရဲလ်ကို ဆန်တီယာဂို ဘာနေဗျူးမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေ အရ ဇာဘီ အလွန်ဆိုက ဥရုဂွေး ကွင်းလယ် ကစားသမား ဖက်ဒရစ်ကို ဗယ်လ်ဗာဒီကို ညာနောက်ခံလူ နေရာမှာ ကစားဖို့ ညွှန်ကြားခဲ့ရာမှာ ကစားသမား ဘက်က မကစားနိုင်ကြောင်း ငြင်းဆန်ခဲ့တာကြောင့် ကိုင်ရတ် အဲလ်မာတေးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အရန်ခုံ ထိုင်ခဲ့ရကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေဟာ ကောလာဟလ သပ်သပ်သာ ဖြစ်ကြောင်း မှန်ကန်မှုလည်း မရှိကြောင်း ဗယ်လ်ဗာဒီက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာ ကနေ တစ်ဆင့် ပြန်လည် ဖြေရှင်းခဲ့သလို အလွန်ဆို ကလည်း ဗီလာရီးရဲလ်နဲ့ ပွဲမတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ ထပ်မံ အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အလွန်ဆိုက “ဗယ်လ်ဗာဒီရော၊ ရိုဒရီဂိုရော၊ ဗင်နီးစီးယပ်စ်ရော ဘယ်ကစားသမားကမှ နေရာ အတိအကျနဲ့ မကစားချင်ဘူးလို့ ကျွန်တော့်ကို မပြောဖူးပါဘူး။ အဲဒီလို အဖြစ်အပျက်တွေ မရှိပါဘူး။ သူတို့ အားလုံး ကစားချင်ကြပါတယ်။ အသင်း အတွက် ဘာက အကောင်းဆုံး ဖြစ်မလဲ ဆိုတာ ကျွန်တော်က ရွေးချယ်ရ ဆုံးဖြတ်ရတာပါ။ ဒါကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်။ ကျွန်တော်က နည်းပြ ဖြစ်ပေမယ့် ကစားသမားတွေနဲ့ အပြန်အလှန် လေးစားမှု ရှိပါတယ်။” လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အလွန်ဆိုက ဗယ်လ်ဗာဒီဟာ အသင်း အတွက် အရေးပါသူ ဖြစ်ကြောင်းနဲ့ ဗီလာရီးရဲလ်နဲ့ ပွဲမှာ ပါဝင်ကစားဖို အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အလွန်ဆိုက “ကျွန်တော်တို့ (အသင်းနဲ့) အချိန်တော်တော်များများ အတူတူ ရှိခဲ့ပါတယ်။ ကျွန်တော် တို့က ပွဲတွေကို ပြင်ဆင်တယ်။ အနိုင်ရတဲ့ အခါ ဂုဏ်ပြုတယ်။ ရှုံးတဲ့အခါ နာကျင်တယ်။ အဲဒါက ကျွန်တော် တို့ကို ရင်းနှီးစေပြီး အရမ်း စည်းလုံးစေပါတယ်။ ကျွန်တော့် အနေနဲ့ ယုံကြည်မှုနဲ့ နီးကပ်မှုတွေကို ခံစားရပါမယ်။ ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို သိသလို တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုလည်း ရှိပါတယ်။ အဲဒါက ကျွန်တော့် အတွက် အခြေခံပါပဲ။” လို့ ပြောကြားခဲ့ပါသေးတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ကို ၅-၂ ရလဒ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒီရှုံးပွဲဟာ အလွန်ဆိုရဲ့ အသင်း အတွက် ဒီရာသီ ပထမဦးဆုံး ရှုံးပွဲ ဖြစ်ခဲ့ပေမယ့် ကိုင်ရတ် အဲလ်မာတေးနဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ ၀-၅ ရလဒ်နဲ့ နိုင်ပွဲ ပြန်လည် ရှာတွေ့ထားခဲ့ပါတယ်။
လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဘာစီလိုနာကို ၁ မှတ် အကွာနဲ့ ဖိအားပေးနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဗီလာရီးရဲလ်ကို နောက်ဆုံး ၄ ပွဲဆက် အသာရထားသလို အိမ်ကွင်းမှာလည်း နောက်ဆုံး ၂ ပွဲဆက် ဂိုးပြတ် အနိုင်ရထားပါတယ်။ ဒါပေမယ့်လည်း ဗီလာရီးရဲလ်က ဒီရာသီ လာလီဂါမှာ ၅ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ပုံစံကောင်း ပြသနေလို့ ရီးရဲလ်မက်ဒရစ် အတွက် လွယ်ကူဖို့ မရှိပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.