အခုတစ်ခါမှာတော့ နိုဝင်ဘာ ၂၈ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဇာဘီ အလွန်ဆို ကတော့ လစ်ဗာပူးလ်က အာနေး ဆလော့တ်ကို ထုတ်ပယ်ခဲ့ရင် နယ်သာလန်သားရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အလွန်ဆိုဟာ လက်ရှိမှာ ဖိအားတွေ အောက်ကို ရောက်ရှိနေပြီး လာလီဂါ ကလပ် ကနေ ထွက်ခွာဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဟန်ဆီ ဖလစ်ခ် ကတော့ ဘာစီလိုနာမှာ ဖိအားတွေ တိုးလာနေတာကြောင့် လူးဝစ္စ အန်နရီကေး အနေနဲ့ ကတ်တာလန် ကလပ်ဆီ ပြန်လာဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တစ်ဖက် မှာလည်း လာမင်း ယာမယ်ကို ပီအက်စ်ဂျီက ပြန်လည် ခေါ်ယူလိုနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ လက်ရှိ အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဦး ဒဏ်ရာ ရသွားနိုင်တဲ့ အခြေအနေကြောင့် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် မဖွင့်မချင်း အန်းဒရစ်ခ်ကို အငှား ခေါ်ယူခွင့်ပြုသွားမှာ မဟုတ်ကြောင်း သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ် ကတော့ ဖီနာဘာချီရဲ့ ချဉ်းကပ်မှုကို လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။ ဆောလော့သ်ဟာ ပြီးခဲ့တဲ့ ရာသီတွေ ကတည်းက လာလီဂါ ကလပ် ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးနေသူ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီ ကတော့ ဒီဆောင်းရာသီမှာ လိုက်ပ်ဇစ်က တီမို ဗာနာကို ခေါ်ယူဖို့ အတွက် အင်တာမိုင်ယာမီ အသင်းထံ ကိုယ်တိုင် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ပူးမက်စ် အသင်းရဲ့ ချီချို အာရန်ဂို အတွက် ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှုကို ဆန် ဂျိုဆေး အက်သ်ကွိုက်စ် အသင်းက ပယ်ချခဲ့ကြောင်း သိရပါတယ်။
ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာက ဒီတစ်ပတ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ရမယ့် လန်ဒန် ဒါဘီပွဲမှာ ဘာစီလိုနာနဲ့ ပွဲကလို ပရိသတ်တွေရဲ့ အားပေးမှုမျိုး လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပွဲကြပ် နှစ်ပွဲ ဆက်တိုက် ယှဉ်ပြိုင်ရခြင်း ဖြစ်ပြီး အင်္ဂါနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဘာစီလိုနာကို ၃-၀ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ အဲဒီပွဲမှာ ပရိသတ် ၃၉၃၂၃ ဦး လာရောက် အားပေးခဲ့ပြီး အဲဒီပွဲက ချဲလ်ဆီး ပရိသတ်တွေရဲ့ အားပေးမှုကို အန်ဇို မာရက်စကာက ကျေနပ်အားရနေခြင်း ဖြစ်ကြောင်း သိရပါတယ်။
လစ်ဗာပူးလ် အနေနဲ့ ၁၉၅၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ၉ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပေမယ့် မိမိရာထူး အတွက် စိတ်မပူကြောင်း နည်းပြ အာနေး ဆလော့တ်က ပြောကြားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ၃ ပွဲသာ အနိုင်ရခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအခြေအနေဟာ ၁၉၅၃ ခုနှစ် နိုဝင်ဘာကနေ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ အတွင်း ၁၂ ပွဲ ကစားရာမှာ ၉ ပွဲ ရှုံးနိမ့်ပြီးနောက် ရှုံးပွဲ အများဆုံး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဖီယင်နော့ဒ် အသင်းရဲ့ နည်းပြ ရော်ဘင် ဗန်ပါစီက ဆဲလ်တစ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ သားဖြစ်သူ ရှာကွီးလ် ဗန်ပါစီကို ပွဲထုတ်ခဲ့တာဟာ ဖခင် တစ်ယောက် အနေနဲ့ မဟုတ်ဘဲ နည်းပြ တစ်ယောက် အနေနဲ့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


