နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာနိုးလ်ရဲ့ ခံစစ် စွမ်းဆောင်ရည် အပေါ် စိုးရိမ်နေတဲ့ အလွန်ဆို၊ ဘူချန်နန်ကို ခေါ်ယူဖို့ နီးစပ်နေတဲ့ ဗီလာရီးရဲလ် | လာလီဂါ

ဇူလိုင်လ ၂၆ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆို ကတော့ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ ခံစစ် စွမ်းဆောင်ရည် အပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်း Qué ကဖော်ပြခဲ့ပါတယ်။ ဒါကြောင့် အလွန်ဆိုက လစ်ဗာပူးလ် ညာနောက်ခံလူဟောင်းကို သူ နှစ်သက်ရာ ကစားဟန်နဲ့ အံဝင်ခွင်ကျ ဖြစ်စေဖို့ နည်းလမ်းတွေကို စဉ်းစားနေကြောင်း သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ် ပစ်မှတ် လစ်ဗာပူးလ် ဗဟိုနောက်ခံလူ အီဘရာဟီမာ ကိုနာတေး ကိုတော့ ဘာစီလိုနာက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း CaughtOffside က ဖော်ပြပါတယ်။ လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ပြင်သစ် ဗဟိုခံစစ်မှူးကို လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးချင်ပဲ ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းမှုကို လက်ခံသွားမယ်လို့ သိရပါတယ်။ 

ဘာစီလိုနာ ကတော့ လာမယ့် နွေရာသီမှာ ဝါရင့် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပြီး မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဟာလန်း ကတော့ အက်တီဟတ်မှာ သူ့ရဲ့ အရေးပါမှုကို မကျေမနပ် ဖြစ်နေပြီး ပရီးမီးယားလိဂ် ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေ ကတော့ တောင်ပံကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ ပြင်ဆင်နေကြောင်း Defensa Central က ဖော်ပြပါတယ်။ လာလီဂါ ကလပ်ဟာ ဘရာဇီးလ်သားကို ဆက်ထိန်းထားချင်ပေမယ့်လည်း မက်ဒရစ် ကလပ်ရဲ့ တာဝန်ရှိသူတွေ အနေနဲ့ ဗင်နီးစီးယပ်စ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုမှုကို သဘောမကျကြောင်း သိရပါတယ်။

လာလီဂါ ကလပ် ဗီလာရီးရဲလ် ကတော့ အင်တာမီလန် နောက်ခံလူ တာဂျွန် ဘူချန်နန်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။
အင်တာမီလန်မှာ ပွဲထွက်ခွင့်မရခဲ့တဲ့ တာဂျွန် ဘူချန်နန်

လာလီဂါ ကလပ် ဗီလာရီးရဲလ် ကတော့ အင်တာမီလန် နောက်ခံလူ တာဂျွန် ဘူချန်နန်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။ ကနေဒါ လက်ရွေးစင် ကို ခေါ်ယူချင်ရင်တော့ ကနဦး ယူရို ၉ သန်း  ကုန်ကျမှာလည်း ဖြစ်ပါတယ်။

ကိုမို မန်နေဂျာ ဆက်စ် ဖာဘရီဂတ်စ် ကတော့ အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယွန်နယ် မက်ဆီအား ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ မက်ဆီ ကတော့ မေဂျာလိဂ် ကလပ်မှာ ဆက်ရှိနေဖို့ မသေချာပဲ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ ငြင်းဆိုထားပြီး ဥရောပကို ပြန်လာဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဘေယန်မြူးနစ် ကြယ်ပွင့်ဟောင်း သောမတ်စ် မူလာ ကတော့ သူ့ရဲ့ နောက်ထပ် အပြောင်းအရွှေ့ အတွက် ဆုံးဖြတ်ချက် တစ်ခုကို မကြာခင် အတည်ပြုနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ မေဂျာလိဂ် ကလပ်တွေ ဖြစ်တဲ့ အဲလ်အေအက်ဖ်စီနဲ့ စင်စင်နာတီ တို့က ချိတ်ဆက်ထားပြီး ဆစ်ဒနီ အက်ဖ်စီနဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဥရောပထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်တဲ့ ဗစ်တာ အိုဆင်မ်ဟန် ကိုတော့ တူရကီ ထိပ်သီး ဂါလာတာဆာရေးက အပြီးသတ် ခေါ်ယူနိုင်တော့မယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာပါတယ်။

ဘာစီလိုနာ နည်းပြဟောင်း ဇာဗီ ဟာနန်ဒက်ဇ် ကတော့ အိန္ဒိယ ဘောလုံး အသင်း နည်းပြ ရာထူး အတွက် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ ဇာဗီ ကတော့ ဘာစီလိုနာ နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရပြီး ကတည်းက လက်ရှိ အချိန်ထိ အသင်း လက်မဲ့ ဖြစ်နေသူပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်