နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူရိုပါလိဂ် ဗိုလ်လုပွဲ အပြီးမှာ မန်ယူနိုက်တက် နည်းပြ အမော်ရင် ဘာတွေ ပြောခဲ့သလဲ

မန်ချက်စတာယူနိုက်တက် ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ပြီး အဆိုးရွားဆုံး ရာသီ အဖြစ် အဆုံးသတ်ခဲ့ရပြီ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နည်းပြ ရူဘင် အမော်ရင်က ဘုတ်အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေ ကသာ သူ့ကို လက်မခံတော့ရင် လျော်ကြေး လုံးဝ မယူဘဲ အသင်း ကနေ ထွက်ခွာသွားမှာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ အနေနဲ့ လက်တလော မှာတော့ နည်းပြ ရာထူး ကနေ နှုတ်ထွက်ဖို့ အစီအစဉ် မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

ယူရိုပါလိဂ် ဗိုလ်ပွဲမှာ ရှုံးနိမ့်အပြီး သတင်းစာ ရှင်းလင်းပွဲမှာ အမော်ရင်က “အခုအချိန်မှာတော့ ကျွန်တော် ကိုယ့်ကိုယ်ကို ကာကွယ် ပြောဆိုနေမှာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်ရဲ့ ပုံစံလည်း မဟုတ်ဘူး။ ပရိသတ်တွေကို ရှင်းပြစရာ ဘာမှမရှိပါဘူး။ ဒီအခြေအနေကြောင့် တိုးတက်လာအောင် လုပ်မယ် ဆိုတာပဲ ပြောချင်ပါတယ်။ အခုအချိန်မှာတော့ ယုံကြည်မှု နည်းနည်းတော့ လိုအပ်ပါတယ်။ ကျွန်တော် ဒီကို မလာခင်ကတည်းက ပြောခဲ့သလိုပါပဲ။ ကျွန်တော် အမြဲတမ်း ပွင့်လင်းပါတယ်။ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ကျွန်တော်ဟာ မှန်ကန်တဲ့လူ မဟုတ်ဘူးလို့ ခံစားရရင် လျော်ကြေးကိစ္စ ဘာမှမပြောပဲ နောက်ရက်ပိုင်း အတွင်းမှာ ထွက်သွားပေးပါ့မယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အမော်ရင်က “ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် ကတော့ အလုပ် ကနေ ထွက်ဖို့ အစီအစဉ် မရှိပါဘူး။ ထပ်ပြောရရင် ကျွန်တော့် အလုပ်အပေါ်မှာ ယုံကြည်မှု အပြည့် ရှိနေပြီး လုပ်ကိုင်ပုံတွေ ကိုလည်း ဘာမှပြောင်းလဲမှာ မဟုတ်ပါဘူး။ ကျွန်တော် ခင်ဗျား တို့ကို အမြဲတမ်း ရိုးရိုးသားသားပဲ ပြောခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့ ခြေစွမ်း မပြနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ပြိုင်ဘက်ထက် ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ကျွန်တော် ခင်ဗျားတို့ အပေါ်မှာ ရိုးသားခဲ့တယ်လို့ ထင်ပါတယ်။ အပြန်အလှန်လည်း ဒီလိုပဲ မျှော်လင့်ပါတယ်။ အရင်တုန်းက တချို့ပွဲတွေမှာ ကျွန်တော်တို့ အရမ်းညံ့ခဲ့တယ်လို့ ပြောခဲ့ဖူးပေမယ့် ဒီနေ့ပွဲ ကတော့ အဲ့ဒီလို မဟုတ်ခဲ့ပါဘူး။”လို့ ဆိုပါတယ်။ 

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ဘရန်နန် ဂျွန်ဆင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဆိုးရွားဆုံး ရာသီ အဖြစ် အဆုံးသတ်ခဲ့ရသလို အနာဂတ် ကလည်း အမှောင်ဖုံးသွားခဲ့ရတာ ဖြစ်ပါတယ်။
လက်တလော ရာထူး ကနေ နှုတ်ထွက်မှာ မဟုတ်ကြောင်း ပြောဆိုလာတဲ့ အမော်ရင်

ယူနိုက်တက်ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ဘရန်နန် ဂျွန်ဆင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဆိုးရွားဆုံး ရာသီ အဖြစ် အဆုံးသတ်ခဲ့ရသလို အနာဂတ် ကလည်း အမှောင်ဖုံးသွားခဲ့ရတာ ဖြစ်ပါတယ်။ စပါးဟာ ယူနိုက်တက်ရဲ့ ခံစစ်နဲ့ ဂိုးသမား တိုရဲ့ အမှား ကနေ တဆင့် အနိုင်ဂိုး ရရှိအောင် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်း အနည်းငယ် သာခဲ့ပေမယ့် အဆုံးသတ် လိုအပ်ချက်တွေ ရှိခဲ့သလို ဂိုးသမား အန်ဒရေ အိုနာနာရဲ့ တစ်လုံးကန် တစ်လုံး ဂိုး ကာကွယ်မှုကြောင့်လည်း သရဲနီတို့ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရတာပါ။ ယူနိုက်တက် အတွက် ဆုဖလား လက်မဲ့ ရာသီ ဖြစ်ခဲ့ရသလို လာမယ့် ရာသီ အတွက်လည်း ဥရောပ ပြိုင်ပွဲ ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ 

ဒါကြောင့် ယူနိုက်တက်ဟာ အမော်ရင် မျှော်လင့်ထားတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူပေးနိုင်ဖို့ ခက်ခဲသွားခဲ့ပြီး လာမယ့် ရာသီမှာ တစ်ပတ် တစ်ပွဲ ကန်ရင်း၊ ပြည်တွင်း ဆုဖလားတွေကို အာရုံစိုက်ရင်း အသင်းကို တဖြည်းဖြည်းချင်း ပြန်လည် တည်ဆောက်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ကမှ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီ လူမျိုး နည်းပြ ရူဘင် အမော်ရင်ဟာ အသင်းရဲ့ အခြေအနေတွေကို ပြောင်းလဲပစ်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း ကတိပေးသွားခဲ့ပါတယ်။ အသင်းရဲ့ အကြီးအကဲတွေ အနေနဲ့ သူဟာ လက်ရှိ အလုပ် အတွက် သင့်တော်သူ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့ရင်တော့ လျော်ကြေးယူမှာ မဟုတ်ပဲ အသင်း ကနေ ထွက်ခွာမယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံး မှာတော့ အမော်ရင်က လာမယ့် နွေရာသီ ကစားသမား ခေါ်ယူမှုနဲ့ ပတ်သတ်လို့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ အမော်ရင်က “ဈေးကွက် အတွက် ကျွန်တော် တို့မှာ အစီအစဉ် ၂ မျိုး ရှိပါတယ်။ ကျွန်တော် တို့လို အသင်းမျိုး ချန်ပီယံလိဂ် ကစားခွင့်မရတာ ခက်ခဲတယ် ဆိုတာ နားလည်ရပါမယ်။ ဒါပေမယ့် တစ်ဖက် ကနေ ပြန်ကြည့်ရင် အချိန်ပိုရလာတဲ့ အတွက် စဉ်းစားချိန် ပိုရပြီး ပရီးမီးယားလိဂ်မှာ ပိုကောင်းအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါကပဲ ကျွန်တော် တို့ရဲ့ အဓိက ဦးတည်ချက် ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်