နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဗီလာ အနေနဲ့ နောက်ဆုံး မိနစ် အထိ အာရုံစိုက်ထားဖို့ လိုအပ်ကြောင် မှတ်ချက်ပြုခဲ့တဲ့ အူနိုင်း အမ်မရီ | ယူရိုပါလိဂ်

အက်စတွန်ဗီလာ ကတော့ ယန်းဘွိုင်းစ်နဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ ဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ရတယ်လို့ အူနိုင်း အမ်မရီက ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗီလာက ဆွစ်ဇာလန် ကလပ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီးနောက် ယူရိုပါလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဗီလာ အတွက် ဦးဆောင်ဂိုးတွေကို ဒွန်ရဲလ် မယ်လန်က ၂၇ မိနစ်နဲ့ ၄၂ မိနစ် တို့မှာ သွင်းယူပေးခဲ့ပါတယ်။ ဗီလာက တစ်ပွဲလုံး ပြိုင်ဘက်ကို လွှမ်းမိုးထားနိုင်ပေမယ့်လည်း ပွဲပြီးခါနီး ယန်းဘွိုင်းစ်ရဲ့ ရုန်းအား တစ်ခုကြောင့် ချေပဂိုး ၁ ဂိုး ပြန်ပေးခဲ့ရသလို နိုင်ပွဲ အတွက် အန္တရာယ်ရှိလာနိုင်တဲ့ အခြေအနေမျိုးလည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ မယ်လန် ကတော့ မာလန်ဟာ ယူရိုပါလိဂ် ၁၉ ပွဲမှာ ၁၂ ဂိုး သွင်းယူထားပြီး PSV အတွက် ၈ ဂိုး၊ ဘိုရပ်ရှား ဒေါ့မန် အတွက် ၁ ဂိုးနဲ့ လက်ရှိ ဗီလာ အတွက် ၃ ဂိုး သွင်းယူထားနိုင်ပါတယ်။

ဒါ့အပြင် အူနိုင်း အမ်မရီရဲ့ အသင်းက ၂၀၂၅ ခုနှစ် အတွင်း ကစားခဲ့တဲ့ သူတို့ရဲ့ အိမ်ကွင်း ဥရောပ ပွဲစဉ် ၆ ပွဲစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ (ချန်ပီယံလိဂ်မှာ ၃ ပွဲနဲ့ ယူရိုပါလိဂ်မှာ ၃ ပွဲ)။ ၂၀၂၃-၂၀၂၄ ရာသီအစကတည်းက သူတို့ဟာ တခြားသော အသင်းတွေထက် အိမ်ကွင်းမှာ နိုင်ပွဲတွေ  ပိုမို ရရှိခဲ့တာ ဖြစ်ပါတယ် (၁၅ ပွဲမှာ ၁၃ ပွဲနိုင်)။

လက်ရှိမှာ အက်စတွန်ဗီလာက လိုင်ယွန်၊ မစ်ဂျယ်လန်း တို့နဲ့ ရမှတ်တူ ယူရိုပါလိဂ် လိဂ်အဆင့် အမှတ်ပေးဇယား တတိယနေရာမှာ ရှိနေပါတယ်။ အမ်မရီ ကလည်း သူ့အသင်းက အလိုအလျောက် ဝင်ခွင့် တစ်နေရာ အတွက် ဆက်လက် တိုက်ပွဲဝင်နေချိန်မှာ ဇယား ထိပ်ဆုံးမှာ ခိုင်မာစွာ ရပ်တည်ထားနိုင်တာကြောင့် ဝမ်းသာနေပါတယ်။

“ဒီပြိုင်ပွဲမှာ Go Ahead Eagles အသင်းကို ရှုံးနိမ့်ခဲ့ပြီး ကျွန်တော်တို့ အခြေအနေ ဆိုးရွားခဲ့ပါတယ်။” လို့ အမ်မရီက VillaTV ကို ပြောကြားခဲ့ပါတယ်။ “ဒါပေမယ့် ဒီပြိုင်ပွဲမှာ အသင်းတိုင်းကို မလေးစားဘူး ဆိုရင်၊ ဒီပြိုင်ပွဲကို မလေးစားဘူးဆိုရင်၊ တစ်ခါတစ်ရံမှာ ရလဒ်ဆိုးတွေ ရသွားနိုင်ပါတယ်။ အဲဒီတော့ ကျွန်တော် တို့ဟာ ဒီပြိုင်ပွဲကို အလေးအနက်ထားပြီး အသင်းတိုင်းကို လေးစားသွားမှာပါ။ ဒီပြိုင်ပွဲကို ကျွန်တော်တို့ အာရုံစိုက်သွားမှာပါ။”

အက်စတွန်ဗီလာဟာ လာမယ့် ယူရိုပါလိဂ် ပွဲစဉ် မှာလည်း ဆွစ်ဇာလန် ထိပ်သီး ကလပ် တစ်သင်းပဲ ဖြစ်တဲ့ ဘေဆယ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
ပြိုင်ဘက် အသင်းရဲ့ ပွဲပြီးခါနီး ရုန်းအားကြောင့် အန္တရာယ်များခဲ့ရတဲ့ အက်စတွန်ဗီလာ

“ပြီးခဲ့တဲ့ ပွဲထက် ပိုကောင်းတဲ့ အသင်း တစ်သင်းကို ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ ယူရိုပါလိဂ်မှာ မက်ကာဘီ တဲလ် အဗစ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲထက် ကျွန်တော်တို့ ပိုကောင်းအောင် ကစားခဲ့ပါတယ်။” လို့ အူနိုင်း အမ်မရီက ဆိုပါတယ်။

နောက်ဆုံး မှာတော့ အူနိုင်း အမ်မရီက ယန်းဘွိုင်းစ်နဲ့ ပွဲ ပွဲပြီးခါနီး အသင်းရဲ့ အန္တရာယ်များတဲ့ ခြေစွမ်း အပေါ် နောက်ဆုံး မိနစ် အထိ အာရုံစိုက်ထားဖို့ လိုအပ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။

အမ်မရီက “ပြီးခဲ့တဲ့နှစ်က ထိပ်ဆုံး ၈ သင်းထဲမှာ ပါဝင်ဖို့ အဆုံးသတ် ဂိုးတွေ လိုအပ်ခဲ့ပြီး ကျွန်တော်တို့ ဂိုးတွေ သွင်းယူနိုင်ရင် ဒီအားသာချက်ကို ရအောင်ယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ နည်းနည်း လျော့ရဲခဲ့တယ်လို့ ထင်ပါတယ်။ အခွင့်အရေးတွေ ရပြီး ဂိုးတွေ သွင်းယူနိုင်ဖို့ နီးစပ်နေခဲ့ပါတယ်။ ကျွန်တော် တို့မှာ လိုအပ်တဲ့ တိုက်စစ်ဆင်မှုတွေ မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ တည်ငြိမ်ပြီး ရက်စက် ကြမ်းကြုတ်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဂိုးမသွင်းနိုင်ပြီးချိန်မှာ သူတို့က အခွင့်အရေး နှစ်ကြိမ် ရပြီး သွင်းဂိုး တစ်ဂိုး ရခဲ့လို့ပါ။ ပြီးတော့ နောက်ဆုံး မိနစ်တွေမှာ ကျွန်တော်တို့ ဒုက္ခရောက်နေခဲ့ရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

အက်စတွန်ဗီလာဟာ လာမယ့် ယူရိုပါလိဂ် ပွဲစဉ် မှာလည်း ဆွစ်ဇာလန် ထိပ်သီး ကလပ် တစ်သင်းပဲ ဖြစ်တဲ့ ဘေဆယ်နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်