နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

All English Final မှာ အောင်ပွဲဆင်နိုင်မှာ ယူနိုက်တက်လား။ တော့တင်ဟမ်ဟော့စပါးလား။ | ယူရိုပါလိဂ် (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာယူနိုက်တက်

လာမယ့် မေလ ၂၂ ရက်နေ့ မနက် ၁ နာရီခွဲ မှာတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ဘီလ်ဘာအိုက ဆမ်မားမက်စ် ကွင်းမှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲ မတိုင်ခင် ရလဒ်တွေ ဆိုးရွားနေတဲ့ နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာ ဖြစ်ပြီး ယူနိုက်တက် ကပဲ သမိုင်းတစ်လျှောက် ယူရိုပါလိဂ် ချန်ပီယံဆုကို ဒုတိယအကြိမ်မြောက် ရယူသွားနိုင်မလား။ ဒါမှမဟုတ် စပါး ကပဲ ကာလရှည်ကြာ ဆုဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အန်ဂျီ ပိုစတီကိုဂလူးရဲ့ တော့တင်ဟော့စပါး ကတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးနိမ့်ထားပြီး ပဲလေ့စ်နဲ့ ဗီလာကို ၂-၀ ရလဒ်တွေနဲ့ပဲ အရေးနိမ့်ထားတာ ဖြစ်ပါတယ်။ စပါးဟာ ယူရိုပါလိဂ်မှာ ရလဒ်တွေ တောက်လျောက် ကောင်းနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ခြေစွမ်းက တော်တော်လေး ဆိုးရွားနေတာပါ။ စပါးတို့ ယူရိုပါလိဂ် အတွက်ပဲ ရှေ့ပွဲတွေမှာ ရှော်ကန်နေတာလား။ တကယ်ပဲ ခြေစွမ်းပိုင်း ယိမ်းယိုင်နေတာလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက် ကလည်း စပါးနဲ့ အလားတူပါပဲ။ ဒီဗိုလ်လုပွဲ မတိုင်ခင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် နှစ်ပွဲ စလုံးမှာ ယူနိုက်တက်က လန်ဒန်မြို့ခံ နှစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ချဲလ်ဆီး တို့ကို ရှုံးနိမ့်ထားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ခြေစွမ်း ကလည်း တော်တော်လေးကို ဆိုးရွားနေပြီး ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် လုံးဝ မတူပါဘူး။ ယူနိုက်တက်နဲ့ ရူဘင် အမော်ရင်ကို ကြည့်ရတာ မျှော်လင့်ချက် လုံးဝ မရှိတဲ့ အမှတ်ပေးပြိုင်ပွဲကို လွှတ်ချပြီးတော့ ယူရိုပါလိဂ် မှာပဲ ဖလား ယူချင်နေပုံ ရပါတယ်။ ဒီနှစ်သင်းက ခြေစွမ်းပိုင်းက သိပ်မကွာလှပေမယ့် ဥရောပ ပြိုင်ပွဲ အတွေ့အကြုံ၊ ဆုဖလားပွဲ အတွေ့အကြုံတွေမှာ ယူနိုက်တက်က သာနေပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ စပါး ဘက်က ဒရာဂူဆင်၊ ကူလူဆက်ဗ်စကီး၊ မက်ဒီဆင်၊ ဘာ့ဂျ်ဗဲလ် တို့လို အဓိက ကစားသမားတွေ လွဲချော်ဖို့ ရှိနေပါတယ်။

ယူနိုက်တက် ဘက်မှာတော့ ဒါးလော့တ် ပါဝင်ကစားနိုင်ဖို့ မသေချာသေးပဲ မာတီနက်ဇ်၊ ဒီလစ်ဂျ်၊ ဇီယက်ခ်ဇီး တို့လည်း လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ယူနိုက်တက်ရဲ့ ခြေစွမ်း ကလည်း တော်တော်လေးကို ဆိုးရွားနေပြီး ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် လုံးဝ မတူပါဘူး။
ယူရိုပါလိဂ်လို့ နာမည်မပြောင်းခင် ယူအီးအက်ဖ်အေဖလားမှာ ၂ ကြိမ် ဗိုလ်စွဲခဲ့ဖူးတဲ့ စပါး

တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ ပေါ်ရို၊ ရိုမဲယို၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ဆား၊ ဘစ်ဆူးမား၊ ဘန်တန်ကာ၊ ဂျွန်ဆင်၊ ဆိုလန်ကီ၊ ဆွန်

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ယိုရို၊ မက်ဇရာရီ၊ အူဂါတေး၊ ကက်စ်မဲရိုး၊ ဒေါ်ဂူ၊ အာမက်ဒ်၊ ဖာနန်ဒက်စ်၊ ဟွိုက်ဂျ်လန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ စပါးက ၁၁ ကြိမ်နိုင်၊ ယူနိုက်တက်က ၁၅ ကြိမ် နိုင်ပြီး ၇ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ်စလုံး ယူနိုက်တက်က စပါးကို အသာမရခဲ့သလို ဒီရာသီ ပြိုင်ပွဲစုံ တွေ့ဆုံမှု ၃ ကြိမ်စလုံး ယူနိုက်တက်က စပါးကို ရှုံးထားပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင်တော့ စပါးက ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးပြီး ယူနိုက်တက် ကတော့ ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး နိုင်ရင် ၂.၈၁ ဆ ရမှာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက် နိုင်ရင်တော့ ၂.၃၁ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၂၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း ယူနိုက်တက် ဘက်က ခပ်ပါးပါး ကြေးကြောပေးထားပြီး ဂိုးပေါင်းကြေး ကလည်း ဂိုးအောက်ကို ဦးတည်နေတဲ့ ကြေးမျိုး ဖြစ်ပါတယ်။ တိုက်စစ်ပိုင်း အားနည်းတဲ့ အသင်းတွေ ဖြစ်လို့ သာမန်ပွဲချိန် အတွင်း ဂိုးရဖို့ ရုန်းကန်ကြရပါလိမ့်မယ်။ အချိန်ပို ပင်နယ်တီတွေ အထိတောင် ရောက်သွားနိုင်ပြီး သဘာရှိတဲ့ ယူနိုက်တက်ပဲ အနိုင်ရသွားမယ့် ပွဲဖြစ်ပါတယ်။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၁-၁ မန်ချက်စတာယူနိုက်တက် (အချိန်ပိုမှာ ၀-၁ နဲ့ အနိုင်ရပြီး ယူနိုက်တက် ဗိုလ်စွဲ)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်