နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

သမိုင်းတစ်လျှောက် ပထမဦးဆုံး ဆုဖလား အဖြစ် အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်

ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာတော့ ခရစ္စတယ်ပဲလေ့စ်က မန်ချက်စတာစီးတီးကို အီဘာရီချီ အီးဇီးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ပဲလေ့စ်ဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ဆုဖလား ရရှိခဲ့သလို လာမယ့် ရာသီ ယူရိုပါလိဂ် ဝင်ခွင့် ကိုပါ ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ မန်စီးတီးဟာ အပိုင်အခွင့် အခွင့်အရေး များစွာ ရရှိခဲ့ပေမယ့်လည်း ကစားသမားတွေ အသုံးမချနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ရဲ့ ပင်နယ်တီ ကန်သွင်းမှုကို ပဲလေ့စ် ဂိုးသမား ဒင်းန် ဟန်ဒါဆန် ကာကွယ်ခဲ့ပါတယ်။ ဒီပင်နယ်တီဟာ သူ့ကြောင့်ပဲ ပေးခဲ့ရတာ ဖြစ်ပြီး ချက်ချင်းပဲ ပြန်ပြီး အဖတ်ဆယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ဒီပွဲမှာ အကောင်းဆုံး လက်စွမ်းပြနိုင်ခဲ့ပြီး ဟာလန်း၊ ဂဗာဒီယိုလ်နဲ့ အီချီ ဗယ်ရီ တို့ရဲ့ အပိုင် ကန်သွင်းမှုတွေ ကိုပါ ပုတ်ထုတ် ကာကွယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဟန်ဒါဆင်ဟာ မန်စီးတီးရဲ့ ကန်သွင်းမှု ၆ ကြိမ် အထိ ကာကွယ်သွားခဲ့ပြီး ဒီပွဲရဲ့ MOTM လည်း ဖြစ်ခဲ့ပါတယ်။

ဒီပွဲမှာ နည်းပြ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှု ၇၆.၇ ရာခိုင်နှုန်း အထိ ရှိခဲ့ပြီး Opta ရဲ့ ၂၀၁၄ ခုနှစ် နောက်ပိုင်း မှတ်တမ်းတွေ အရ ဆိုရင် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အများဆုံး ရခဲ့တဲ့ အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ ပဲလေ့စ် ဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု ၂၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ဂိုးမသွင်းနိုင်ပဲ ဂိုးပေါက် ခြိမ်းခြောက်မှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပဲလေ့စ် ကတော့ ဒီပွဲမှာ မန်စီးတီး ဘက်ကို ဂိုးပေါက် ကန်ချက် ၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၂ ကြိမ် ကနေ အနိုင်ဂိုး ၁ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ် အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် ၁၆ မိနစ်မှာ အီးဇီး က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာလည်း ပဲလေ့စ်ရဲ့ နိုင်ပွဲ အတွက် အဓိက ကျခဲ့တဲ့ ဂိုးသမား ဒင်းန် ဟန်ဒါဆန်နဲ့ ပပ် ဂွါဒီယိုလာတို့ အချင်းများခဲ့ပါသေးတယ်။ ဂွာဒီယိုလာ အနေနဲ့ ဟန်ဒါဆန်ရဲ့ အချိန်ဆွဲမှုကို မကျေနပ်ခဲ့တာ ဖြစ်ပြီး စကားများခဲ့ကြတာပါ။

အမှန်တကယ်တော့ မန်စီးတီးတို့ ဒီရာသီ ဖလား လက်မဲ့ မဖြစ်ရေး အတွက် အက်ဖ်အေဖလားက အဓိက ကျခဲ့ပါတယ်။
အီးဇီးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ မန်စီးတီးကို အသဲခွဲခဲ့တဲ့ ပဲလေ့စ်

ပွဲအပြီး မှာတော့ ဂွာဒီယိုလာက “သူ့ဘက်က ကာကွယ် ပြောဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒါဟာ အချိန်ဆွဲတာပါပဲ။ နောက်ဆုံး မိနစ်တွေမှာ အချိန်ဆွဲတာကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ၁ မိနစ် ၂ မိနစ်လောက် ကတည်းက အချိန်ဆွဲတာလေ။ သူက ဗြိတိန်သားပါ။ အင်္ဂလိပ် ဘောလုံးမှာ ကစားရမယ်လေ။ တကယ်တော့ ကျွန်တော် တို့လည်း ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဟန်ဒါဆန် အချိန်ဆွဲလို့ ကျွန်တော်တို့ ရှုံးတာ မဟုတ်ပါဘူး။ နောက်ဆုံး မိနစ်တွေမှာ အချိန်ဆွဲတာ ကိုတော့ ကျွန်တော် နားလည်ပါတယ်။ နောင်တရစရာ မရှိပါဘူး၊ မနှစ်ကထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ပဲလေ့စ် ကိုလည်း ဂုဏ်ပြုပါတယ်။ ကျွန်တော်တို့ အားလုံး လုပ်နိုင်သမျှ လုပ်ခဲ့ကြပါတယ်။ နောင်တရစရာ ဘာမှမရှိပါဘူး။” လို့ ဆိုပါတယ်။

“နောက်ဆုံး ၂ ပွဲမှာ ကျွန်တော်တို့ ခံစစ် အရမ်းကို ကျစ်လျစ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေလည်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ဂိုးမသွင်းနိုင်ရင်တော့ နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဝမ်းနည်းမိပါတယ်။ ဘောလုံး ဆိုတာ တစ်ခါတစ်လေ ဒီလိုပါပဲ။ ကျွန်တော်တို့ အားလုံး လုပ်ခဲ့ပြီး သူတို့လည်း ခံစစ်ကို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အခွင့်အရေးတွေ ဖန်တီးခဲ့ပါတယ်။ အချိတ်အဆက်တွေ ကိုလည်း ကောင်းကောင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ ကျွန်တော်တို့ အနိုင်မရခဲ့ပါဘူး။ ခရစ္စတယ်ပဲလေ့စ်ကို ဂုဏ်ပြုပါတယ်။” လို့ ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။ အမှန်တကယ်တော့ မန်စီးတီးတို့ ဒီရာသီ ဖလား လက်မဲ့ မဖြစ်ရေး အတွက် အက်ဖ်အေဖလားက အဓိက ကျခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာ တို့ အုပ်စု မစွမ်းဆောင်နိုင်ခဲ့ပဲ ရလဒ်ဆိုးတဲ့ ရာသီ ဖြစ်ခဲ့ရပါတယ်။ မန်စီးတီး အနေနဲ့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၂ ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖူလ်ဟမ်နဲ့ ဘုန်းမောက် ပွဲစဉ်တွေကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်