နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒေါ့မန်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားတဲ့ ရီးရဲလ်မက်ဒရစ် | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် အဆင့်ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ ပွဲကောင်း တစ်ပွဲ အဖြစ် ရီးရဲလ်မက်ဒရစ်နဲ့‌ ဒေါ့မန်တို့ MetLife ကွင်းမှာ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က ပြိုင်ဘက်ကို ပိုကောင်းတဲ့ ကစားဟန်နဲ့ ယှဉ်ပြိုင်သွားနိုင်ခဲ့ပြီး ၃-၂ ရလဒ်နဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားတာ ဖြစ်ပါတယ်။

ဒီပွဲမှာ နှစ်သင်းစလုံးက ၃-၄-၃ အခင်းအကျင်းတွေနဲ့ ပွဲထွက်လာခဲ့ကြပြီးတော့ ရီးရဲလ်မက်ဒရစ် ဘက်မှာ ကော့တွာစ်၊ ထရန့်၊ ရူဒီဂါ၊ ဟောက်ဆန်၊ ဂါစီယာ၊ ချူအာမန်နီ၊ ဗယ်လ်ဗာဒီ၊ အာဒါ ဂူလာ၊ ဘယ်လင်ဟမ်၊ ဂွန်ဇာလို ဂါစီယာ၊ ဗင်နီးစီးယက်စ် တို့ ပါဝင်ခဲ့ပါတယ်။ ဒေါ့မန် ဘက်မှာတော့ ကိုဘယ်၊ ဘန်ဆီဘိုင်နီ၊ အန်တွန်၊ ဇူလာ၊ ဆဗန်ဆန်၊ ဂရော့စ်၊ ဆဘစ်ဇာ၊ ရွိုင်ယာဆန်၊ အဒီယီမီ၊ ဘရန့်တ်နဲ့ ဂူရက်ဆီတို့ ပွဲထွက်ခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုး ကိုတော့ ဒီ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂိုးမြူးနေတဲ့ ဂွန်ဇာလို ဂါစီယာက သွင်းယူပေးခဲ့ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ လက်ရှိ အချိန်ထိ ရှုံးပွဲ မရှိသေးတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ပွဲစကတည်းက ဒေါ့မန်ကို အဘက်ဘက် ကနေ ဖိအားပေး ကစားနိုင်ခဲ့သလို တိုက်စစ် ကိုလည်း စနစ်တကျ ပုံဖော်နိုင်ခဲ့တာ တွေ့ရပါတယ်။ အလွန်ဆိုရဲ့ အသင်းက ပထမပိုင်းမှာတင်ပဲ ဒေါ့မန် ဘက်ကို ဂိုးပေါက် ကန်ချက် ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှု ၄ ကြိမ် အထိ ရှိခဲ့ကာ သွင်းဂိုး ၂ ဂိုး ရခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အတွက် ဦးဆောင်ဂိုး ကိုတော့ ဒီ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဂိုးမြူးနေတဲ့ ဂွန်ဇာလို ဂါစီယာက သွင်းယူပေးခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ၅ ပွဲ ကစား၊ ၄ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးထားနိုင်တဲ့ ဂါစီယာဟာ ရီးရဲလ်မက်ဒရစ်နဲ့ အတူ နောက်ပွဲတွေမှာ ဂိုးသွင်းနိုင်ဦးမယ် ဆိုရင်တော့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်နိုင်ခြေ ရှိနေပါတယ်။ အဲဒီနောက် ရီးရဲလ်မက်ဒရစ် အတွက် ဒုတိယ ဦးဆောင်ဂိုး ကိုတော့ ဖာရန်း ဂါစီယာက သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ၂-၀ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဒေါ့မန်တို့ ကစားအားတင်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးရဖို့တော့ ခက်ခဲခဲ့ပြီး မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပိုရောက်မှ ချေပဂိုး စတင်ရရှိခဲ့ပါတယ်။ ဘိုင်ယာက ဒေါ့မန် အတွက် ပထမ ချေပဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် နှစ်မိနစ် အကြာမှာ ကီလီယမ် အမ်ဘာပေးက Overhead ကစ်နဲ့ ရီးရဲလ်မက်ဒရစ် အတွက် တတိယမြောက်ဂိုးကို ရယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ဒေါ့မန်တို့ ပင်နယ်တီ ကနေ ချေပဂိုး ၁ ဂိုး ထပ်ရခဲ့သလို ဆဘစ်ဇာရဲ့ ညာခြေ ကန်ချက် ကောင်းမွန်ခဲ့ပေမယ့် သီဘို ကော့တွာစ်က လက်စွမ်းပြ ကာကွယ်ခဲ့လို့ ၃-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ဇာဘီ အလွန်ဆို လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုကောင်းလာပြီးတော့ စနစ်တကျ ကစားပြနေတာက အားရစရာပါ။ နောက်ပြီး ဂိုးကန်သွင်း အဆုံးသတ်မှု သေချာတဲ့ ဂွန်ဇာလို ဂါစီယာလို လူငယ် ကြယ်ပွင့် တိုက်စစ်မှူး တစ်ဦးကို မထင်မှတ်ပဲ ရရှိလိုက်တာ ကလည်း အထောင်တိုက်စစ်မှူး လိုချင်ကြောင်း တဖွဖွ ပြောနေတဲ့ နည်းပြ ဇာဘီ အလွန်ဆို အတွက် ကွက်တိ မတ်စိ ဖြစ်ခဲ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီး သူတို့ အတွက် ဒီပြိုင်ပွဲမှာ အောင်မြင်မှု ထပ်တိုးဖို့ ခြေတစ်လှမ်း ထပ်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမယ့် အသင်းက ဥရောပရဲ့ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီ ဖြစ်နေတာကြောင့်တော့ လွယ်ကူမှာ မဟုတ်တာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်