နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတဲ့ ဖီးလ် ဖိုဒန်

မန်ချက်စတာစီးတီး ကတော့ လာမယ့် ရက်ပိုင်း အတွင်း ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ မန်စီးတီးရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖီးလ် ဖိုဒန်က သူတို့ အသင်း အနေနဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖိုဒန်က “ကမ္ဘာအနှံ့က အကောင်းဆုံး ကလပ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်လို့ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့ အတွက် အတွေ့အကြုံ အသစ် တစ်ခု ဖြစ်လာမှာပါ။ ဒီပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရတာ အရမ်းကို ကောင်းပါတယ်။ အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ ကြိုးစားသွားပါမယ်။ ပြိုင်ပွဲ ပုံစံသစ်မှာ ပထမဦးဆုံး ချန်ပီယံ ဖြစ်တယ် ဆိုတာ အရမ်းကို ကောင်းတဲ့ ကိစ္ပပါ။ ဒီတော့ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ဒီပြိုင်ပွဲမှာ အနိုင်ရဖို့ပါပဲ။ ကျွန်တော် တို့ရဲ့ အသင်းမှာ အဲဒီလိုလုပ်နိုင်တဲ့ အရည်အချင်းလည်း ရှိနေပါတယ်။”လို့ ဖီဖာနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် ဖိုဒန်က သူ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ခြေစွမ်း မပြနိုင်ခဲ့ပေမယ့်လည်း ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်ပြီး ခြေစွမ်းပြနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်းလည်း ကတိပေးသွားခဲ့ပါတယ်။ ဒီလ အတွင်း ကျင်းပမယ့် ၂၀၂၅ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ မန်စီးတီးက အုပ်စု (G) မှာ မော်ရိုကို ကလပ် ဝီဒက် အေစီ၊ ယူအေအီး ကလပ် အဲလ်အင်၊ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ်စ်နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ မန်စီးတီးဟာ ဇွန်လ ၁၈ ရက်နေ့မှာတော့ ဝီဒက် အေစီနဲ့ အုပ်စု အဖွင့်ပွဲ ကစားရမှာ ဖြစ်ပြီး အဖွင့်လှဖို့ အခြေအနေလည်း ကောင်းနေပါတယ်။ 

၀၂၅ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ဒီနှစ်မှာ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပသွားမှာ ဖြစ်ပြီး ဆုဖလား ပုံစံက အစ ပြောင်းလဲထားတာ တွေ့ရပါတယ်။
ဒီနှစ်မှာ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပသွားမယ့် ကလပ် ကမ္ဘာ့ဖလား

၂၀၂၅ ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ဒီနှစ်မှာ ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပသွားမှာ ဖြစ်ပြီး ဆုဖလား ပုံစံက အစ ပြောင်းလဲထားတာ တွေ့ရပါတယ်။ ဖီဖာဟာ ဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၃၂ သင်း အထိ တိုးမြှင့်ကာ ပုံစံ ပြောင်းလဲ ကျင်းပမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ဇွန်လ ၁၄ ရက်နေ့ ကနေ ဇူလိုင်လ ၁၃ ရက်နေ့ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖီဖာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို အရင်လို နှစ်စဉ် နှစ်တိုင်း ကျင်းပတော့မှာ မဟုတ်ပဲ ဒီနှစ်က စလို့ ၄ နှစ်ကို ၁ ကြိမ်သာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲ ကျင်းပတဲ့ ပုံစံအရ ဆိုရင်တော့ ပါဝင် ယှဉ်ပြိုင်ရမယ့် အသင်းတွေ အနေနဲ့ ချန်ပီယံ ဖြစ်ဖို့ ပိုမို ခက်ခဲသွားပြီး အဆင့်ဆင့် ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီလို ပုံစံ အသစ်နဲ့ ပြောင်းလဲ ကျင်းပမယ့် အခုနှစ်မှာတင်ပဲ မန်စီးတီး ကစားသမား ဖီးလ် ဖိုဒန်က ဗိုလ်စွဲဖို့ ရည်မှန်းနေတာလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ ဥရောပက ထိပ်တန်း ကလပ်တွေ ဖြစ်တဲ့ ပေါ်တို၊ အက်တလက်တီကိုမက်ဒရစ်၊ ပီအက်စ်ဂျီ၊ ဘေယန်မြူးနစ်၊ ဘင်ဖီကာ၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ဒေါ့မန်၊ ဂျူဗင်တပ်စ်၊ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ် တို့လို အသင်းတွေ ပါဝင်ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့ အင်တာမိုင်ယာမီ၊ ဆော်ဒီပရိုလိဂ် ထိပ်သီး အဲလ်ဟီလာ၊ အီဂျစ် ထိပ်သီး အဲလ်အာလီ တို့နဲ့ အတူ တောင်အမေရိက အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ပါလ်မီးရက်စ်၊ ဘိုတာဖိုဂို၊ ဘိုကာဂျူနီယာ၊ ဖလာမင်ဂို၊ ရေးဗား ပလိတ်၊ ဖလူမီးနိစ် တို့လည်း ပါဝင်ကစားကြမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်