လော်တာရို မာတီနက်ဇ် ကတော့ အင်တာမီလန်မှာ ဆက်မနေချင်တဲ့ ကစားသမားတွေ အနေနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ထွက်ခွာကြဖို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် အင်တာမီလန် အသင်း ဥက္ကဋ္ဌ ဂျူဆက်ပီ မာရော့တာ ကလည်း မာတီနက်ဇ်ရဲ့ ပြောစကားဟာ ဟာကန် ချလနောဂလူကို ရည်ရွယ်တယ်လို့ ယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပါသေးတယ်။
အင်တာမီလန်ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်မှာ ဘရာဇီးလ် ကလပ် ဖလူမီးနန့်စ်ကို ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အင်တာမီလန်က ဒီပြိုင်ပွဲမှာလည်း စောစောစီးစီး ထွက်ခွာခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ ဖလူမီးနန့်စ် အတွက် အနိုင်ဂိုးတွေ ကိုတော့ ကေနိုနဲ့ ဟာကျူလီစ် တို့က ပွဲချိန် ၃ မိနစ်နဲ့ ၉၀+၃ တို့မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပါလ်မီးရက်စ် ပြီးနောက် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့တဲ့ ဒုတိယမြေက် ဥရောပ မဟုတ်တဲ့ အသင်း ဖြစ်လာခဲ့ပါတယ်။
ဒါ့အပြင် ဘရာဇီးလ် ကလပ်တွေ အနေနဲ့ ဒီနှစ် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဥရောပ ကလပ်တွေနဲ့ တွေ့ဆုံရာမှာ ရှုံးပွဲ (၂ ပွဲ) ထက် နိုင်ပွဲ (၃ ပွဲ) ပိုများသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ နောက်ထပ် အချက်အလက် တစ်ခု ကတော့ ဒီပြိုင်ပွဲမှာ လော်တာရို မာတီနက်ဇ် ထက် ဂိုးတိုင်ထိ (၃ ကြိမ်) ဂိုးပေါက် ကန်ချက် (၁၅ ကြိမ်) ပြုလုပ်နိုင်တဲ့ ကစားသမား မရှိသေးပါဘူး။

DAZN နဲ့ ပွဲအပြီး အင်တာဗျူး မှာတော့ လော်တာရို မာတီနက်ဇ်က ကစားသမား တချို့ဟာ ကလပ်မှ ထွက်ခွာသင့်တယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ “ဒါက သေချာပေါက် နာကျင်ရပါတယ်၊ ဒါက သန်မာမှု နည်းနည်းပဲ ရှိတော့တဲ့ ကျွန်တော် တို့ရဲ့ နောက်ဆုံး ပစ်မှတ်ပါပဲ။ အရာအားလုံးကို အပြင်မှာ ထားခဲ့တာပါ။” လို့ အာဂျင်တီးနား လက်ရွေးစင်က ပြောကြားခဲ့ပါတယ်။
“ပထမဦးဆုံး အနေနဲ့၊ ကျွန်တော် အစုအဖွဲ့ အတွက် စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ မရှုံးချင်ပါဘူး။ ပန်းတိုင် အတွက် တိုက်ပွဲဝင်နေချိန်မှာ သင်ဟာ ဒီမှာပဲ ဆက်နေချင်ရပါလိမ့်မယ်။ ဆက်မနေချင်တဲ့သူတွေ ကတော့ ထွက်သွားရပါလိမ့်မယ်။ ကျွန်တော် မကြိုက်တဲ့ အရာတွေ အများကြီး တွေ့ခဲ့ရတယ်။ အသင်းခေါင်းဆောင် တစ်ယောက် အနေနဲ့ ဂိုးတွေ ရဖို့ တိုက်ပွဲဝင်ချင်ပြီး ကျွန်တော် တို့က အရေးကြီးတဲ့ အသင်းပါ။ ကျွန်တော်တို့ အရင်က အနိုင်ရခဲ့ပြီး အဲဒီလိုမျိုးပဲ ဆက်သွားချင်ပါတယ်။ နေချင်တဲ့သူတွေ နေနိုင်သလို မနေချင်တဲ့သူတွေ ကိုတော့ နှုတ်ဆက်ပါတယ်။” လို့ လော်တာရို မာတီနက်ဇ်က ပြတ်ပြတ်သာသား ပြောကြားသွားခဲ့ပါတယ်။
အံ့အားသင့်စရာ ကောင်းတာက အင်တာမီလန် ဥက္ကဌ မာရော့တာက မာတီနက်ဇ်ရဲ့ မှတ်ချက်ပေး ပြောကြားမှုဟာ ချလနောဂလူကို ရည်ရွယ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ တူရကီ ကွင်းလယ်လူ ကတော့ ခြေသလုံး ကြွက်သား ပြဿနာ ရှိနေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖလူမီးနန့်စ်နဲ့ ပွဲကို ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။ သတင်းတွေ အရ ဆိုရင်တော့ ချလနောဂလူဟာ တူရကီ ကလပ် ဂါလာတာဆာရေးကို ပြောင်းရွှေ့ဖို့ အသင်းထံ တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
၂၀၁၀ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ အင်တာမီလန် ကတော့ ဒီနှစ် ပြိုင်ပွဲမှာ ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် ၂၀၂၃ မှာ ဒုတိယရခဲ့တဲ့ ဖလူမီးနန့်စ် ကတော့ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဘရာဇီးလ် ကလပ်ဟာ ကွာတားဖိုင်နယ် မှာတော့ မန်စီးတီးကို အနိုင်ယူလာတဲ့ အဲလ်ဟီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.