ပီအက်စ်ဂျီ – အက်တလက်တီကိုမက်ဒရစ်
ဖီဖာကလပ်ကမ္ဘာ့ဖလားအုပ်စု B ရဲ့ထိပ်သီးနှစ်သင်းကစားကြမယ့်ပွဲစဉ်ဖြစ်တာကြောင့်စိတ်ဝင်စားစရာထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါနေပါတယ်။ဒီနှစ်သင်းကပြီးခဲ့တဲ့ချန်ပီယံလိဂ်လိဂ်အဆင့်မှာတွေ့ဆုံထားခဲ့ပြီးတော့တီကိုကပီအက်စ်ဂျီကို၁-၂ရလဒ်နဲ့အနိုင်ရထားခဲ့ပါတယ်။
ဥရောပချန်ပီယံပီအက်စ်ဂျီဟာဖီဖာကလပ်ကမ္ဘာ့ဖလားမှာဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းဖြစ်ပြီးတော့ယုံကြည်မှုအပြည်နဲ့ဒီပွဲကိုလာရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ဒီရာသီဖလား၃လုံးချန်ပီယံဖြစ်ထားတဲ့လူးဝစ္စအန်နရီကေးရဲ့အသင်းကစတုတ္ထမြောက်ဖလားကိုသိမ်းပိုက်ဖို့ရည်ရွယ်ထားပါလိမ့်မယ်။ယခင်ကလပ်ကမ္ဘာ့ဖလားကျင်းပတဲ့ပုံစံအရဆိုရင်ဥရောပချန်ပီယံလိဂ်ချန်ပီယံတွေပဲပြိုင်ပွဲမှာဗိုလ်စွဲလေ့ရှိပေမယ့်ဒီနှစ်တော့ပုံစံပြောင်းလိုက်လို့ပီအက်စ်ဂျီတို့အလွယ်တကူချန်ပီယံဖြစ်နိုင်မှာမဟုတ်တော့ပါဘူး။
အက်တလက်တီကိုမက်ဒရစ်ကိုလည်းဖီဖာကလပ်ကမ္ဘာ့ဖလားမှာလျှော့တွက်ထားလို့မရပါဘူး။ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေထဲမှာပါဝင်နေပြီးတော့ဒီယေဂိုဆီမြွန်နီရဲ့အသင်းကတောင့်တင်းတဲ့လူစာရင်းကိုပိုင်ဆိုင်ထားပါတယ်။တီကိုဟာချန်ပီယံလိဂ်နဲ့ကိုပါဒယ်ရေးတို့မှာရှုံးထွက်အဆင့်တွေတက်ရောက်ထားပြီးတော့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာတော့သွင်းဂိုး၈ဂိုးအထိရရှိပြီးတိုက်စစ်ထက်မြတ်နေပါတယ်။
နှစ်ဖက်အသင်းသတင်းများ
အခုပွဲကိုတော့ပီအက်စ်ဂျီဘက်ကဘရက်ဒ်လီဘာကိုလာဒူးဒဏ်ရာကြောင့်ပါဝင်ကစားဖို့မသေချာဖြစ်နေပြီးဘယ်လွန်ဒေါဆုအတွက်ရေပန်းစားနေတဲ့အူစမန်နီဒမ်ဘီလီကလည်းပေါင်ဒဏ်ရာကြောင့်လွဲချော်မှာဖြစ်ပါတယ်။အက်တလက်တီကိုမက်ဒရစ်ဘက်မှာတော့ကစားသမားအားလုံးဒဏ်ရာပြဿနာကင်းရှင်းနေကြပါတယ်။ပီအက်စ်ဂျီဘက်မှာတိုက်စစ်ကအဓိကကစားသမားတချို့လွဲချော်ဖို့ရှိနေသည့်တိုင်အောင်ဒူရေး၊ခါဗစ်ချာခါဗရာစခီလီယာ၊ဂွန်ကာလိုရာမို့စ်တို့နဲ့တောင့်တင်းနေဆဲဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း

ပီအက်စ်ဂျီ -ဒွန်နာရမ်းမား၊ဟာကီမီ၊မာကွင်ညော့စ်၊ပါချို၊နူနိုမန်းဒက်စ်၊ယာအိုနီးဗက်စ်၊ဗစ်တင်ညာ၊ရူအစ်ဇ်၊ဒူရေး၊ဂွန်ကာလိုရာမို့စ်၊ခါဗရာစခီလီယာ
အက်တလက်တီကိုမက်ဒရစ်-အိုဘလက်ခ်၊မိုလီနာ၊လီနော်မက်ဒ်၊ဟင်မီနက်ဇ်၊ဂါလန်၊ဆီမြွန်နီ၊ဒီပေါလ်၊ကိုကီ၊လီနို၊ဂရစ်ဇ်မန်း၊အဲလ်ဗာရက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းရဲ့ပြီးခဲ့တဲ့ထိပ်တိုက်တွေ့ဆုံမှု၂ကြိမ်မှာတော့ချန်ပီယံဖလားခြေစမ်းပွဲမှာပီအက်စ်ဂျီကအနိုင်ရထားပြီးချန်ပီယံလိဂ်လိဂ်အဆင့်မှာတော့အက်တလက်တီကိုမက်ဒရစ်ကပီအက်စ်ဂျီရဲ့အိမ်ကွင်းမှာအနိုင်ရထားပါတယ်။နောက်ဆုံး၅ပွဲစွမ်းဆောင်ရည်ကိုပြန်ကြည့်ရင်ပီအက်စ်ဂျီက၅ပွဲစလုံးအနိုင်ရထားပြီးအက်တလက်တီကိုမက်ဒရစ်ကတော့၃ပွဲနိုင်၊၁ပွဲသရေ၊၁ပွဲရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1X2 မှာပီအက်စ်ဂျီနိုင်ရင်၁.၉၆ဆ၊အက်တလက်တီကိုမက်ဒရစ်နိုင်ရင်တော့၃.၅၅ဆ၊သရေဆိုရင်တော့၃.၄၅ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့ပီအက်စ်ဂျီကသရေရှုံး၊ တစ်လုံးတစ်ဝက်စားကြေးတွေပေးထားပါတယ်။ ဂိုးပေါင်းကတော့ နည်းနည်းတော့ တွေဝေစရာကြေးမျိုးဖွင့်ပေးထားတာတွေ့ရပါတယ်။
ဒီပွဲကိုဒမ်ဘီလီနဲ့ဘာကိုလာတို့လွဲချော်ခဲ့ရင်တောင်ပီအက်စ်ဂျီဟာသွင်းဂိုးတွေရှာတွေ့ဖို့မခက်ခဲနိုင်ပါဘူ။ဂွန်ကာလိုရာမို့စ်ဟာဒီရာသီမှာ၁၈ဂိုးသွင်းထားပြီးဒီဇိုင်းရားဒူရေးကလည်း၁၅ဂိုးအထိသွင်းထားပါတယ်။နောက်ခံလူတွေဖြစ်တဲ့ဟာကီမီနဲ့နူနိုမန်းဒက်စ်တို့ကလည်းနှစ်ဦးပေါင်းသွင်းဂိုး၁၅ဂိုးအထိရှာဖွေပေးထားပါသေးတယ်။ဒါ့အပြင်ရာသီဝက်မှရောက်လာတဲ့ခါဗရာစီခီလီယာကလည်း၇ဂိုးသွင်းပေးထားသေးလို့ပီအက်စ်ဂျီဟာဘယ်လိုပြိုင်ဘက်ကိုမဆိုဂိုးသွင်းနိုင်တဲ့အသင်းအဖြစ်သတ်မှတ်လို့ရပါတယ်။
တစ်ဖက်မှာအက်တလက်တီကိုမက်ဒရစ်ကလည်းသွင်းဂိုးတွေရှာဖွေရာမှာပြဿနာမရှိနိုင်ပါဘူး။ဆီမြွန်နီရဲ့အသင်းကသူတို့ရဲ့ကျစ်လျစ်တဲ့ခံစစ်ကြောင့်နာမည်ကြီးပေမယ့်လည်းဒီရာသီမှာဟူလီယန်အဲလ်ဗာရက်ဇ်နဲ့အလက်ဇန္တားဆောလော့သ်တို့နှစ်ဦးပေါင်းသွင်းဂိုးက၅၃ဂိုးအထိရှိထားပါတယ်။ဒါ့အပြင်အန်တိုနီဂရစ်ဇ်မန်းလိုကစားသမားလည်းရှိနေတာကြောင့်ကျိန်းသေပေါက်ပြိုင်ဘက်နောက်တန်းကိုတရစပ်ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့အသင်းဖြစ်ပါတယ်။ဒါကြောင့် ဒီပွဲကိုအမှတ်ခွဲယူကြမယ့် ပွဲလို့ ယူဆပြီးအပြန်အလှန် သွင်းဂိုးတွေ မျှော်လင့်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ပီအက်စ်ဂျီ၂-၂အက်တလက်တီကိုမက်ဒရစ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.