အဲလ်အင် – ဂျူဗင်တပ်စ်
ဖီဖာ ကလပ် ကမ္ဘာ့ဖလား အုပ်စု G ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဂျူဗင်တပ်စ်က ယူအေအီး ကလပ် အဲလ်အင်နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဲလ်အင်ဟာ အရှေ့အလယ်ပိုင်း ထိပ်သီး ကလပ် တစ်ခု ဖြစ်သလို ဂျူဗင်တပ်စ် ထက်လည်း ကလပ် ကမ္ဘာ့ဖလား အတွေ့အကြုံ ပိုရှိတာကြောင့် ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စ်ဟာ ၁၉၈၅ နဲ့ ၁၉၉၆ ခုနှစ် အင်တာကွန်တီနန်တယ် ဖလား ပြိုင်ပွဲမှာ ၂ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပေမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာတော့ သူတို့ အတွက် ပထမဦးဆုံး အကြိမ် ယှဉ်ပြိုင်ရခြင်း ဖြစ်ပါတယ်။ အီတလီ ထိပ်သီး ကလပ်ဟာ ယူအီးအက်ဖ်အေရဲ့ ၄ နှစ်တာ အဆင့်သတ်မှတ်ချက်မှာ အဋ္ဌမမြောက် အကောင်းဆုံး အသင်း ဖြစ်ခဲ့တာကြောင့် အင်တာမီလန်နဲ့ အတူ ဒီပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ ယခင် စီးရီးအေ ၉ နှစ်ဆက် ချန်ပီယံ ဂျူဗင်တပ်စ်ဟာ ၂၀၂၀ ခုနှစ် နောက်ပိုင်း အဓိက ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေပါတယ်။ ဂျူဗင်တပ်စ်ဟာ ဥရောပ ချန်ပီယံလိဂ် မှာတော့ ၂ ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပေမယ့် ပြီးခဲ့တဲ့ ရာသီ ကတော့ ရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဂျူဗင်တပ်စ်ဟာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် နည်းပြ သီယာဂို မော့တာကို ထုတ်ပယ်ပြီး အီဂေါ တူဒါကို ခန့်အပ်ခဲ့ပါတယ်။ တကယ်တော့ ဒီပြိုင်ပွဲ အမှီ ဂျူဗင်တပ်စ်က ဂတ်စ်ပီရီနီနဲ့ အန်တိုနီယို ကွန်တီကို ခန့်အပ်ချင်ခဲ့ပေမယ့် အဆင်မပြေတာကြောင့် တူဒါနဲ့ပဲ ရှေ့ဆက်ဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီအုပ်စုမှာ အုပ်စုတွင်း အင်အားအကြီးဆုံး မန်စီးတီးနဲ့ နောက်ဆုံးမှ တွေ့ဆုံမှာ ဖြစ်တာကြောင့် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင်တော့ အဖွင့် ၂ ပွဲမှာ ၄ မှတ် ရဖို့ လိုအပ်ပါတယ်။

အဲလ်အင် ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားမှာ ၂ ကြိမ် ပါဝင်ကစားခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ သူတို့ရဲ့ အအောင်မြင်ဆုံး အဖြစ် ဒုတိယရခဲ့ဖူးပါတယ်။ အဲဒီနှစ်မှာ ယူအေအီး ကလပ်က ဝယ်လက်တန်၊ အက်စ်ပီရန်စီတူးနစ်နဲ့ တောင်အမေရိက ထိပ်သီး ရေးဗားပလိတ် တို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၄-၁ နဲ့ ရှုံးပြီး ဒုတိယရခဲ့တာပါ။ အဘူဒါဘီ ကလပ်ဟာ ၂၀၂၃-၂၀၂၄ ချန်ပီယံလိဂ်မှာ အနိုင်ရရှိသူတွေ အဖြစ် ဒီပြိုင်ပွဲကို ပါဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နည်းပြ ဗလာဒီမာ အိုင်ဗစ်ဟာ ယခင်က ဝက်ဖို့ဒ်နဲ့ PAOK တို့ရဲ့ နည်းပြဟောင်း ဖြစ်နေသည့် တိုင်အောင် လက်ရှိ အခြေအနေအရတော့ ယူအေအီး ထိပ်သီး တို့ဟာ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ရမယ်လို့ အများစုက သုံးသပ်ထားကြပါတယ်။ အဲလ်အင် အနေနဲ့ နောက်ဆုံး ပွဲမှာ ဝီဒတ်ဒ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အမှတ်ပြည့်ယူဖို့ အခွင့်အရေး ရှိနေပြီး ရှေ့ ၂ ပွဲမှာ တတ်နိုင်သမျှ ရလဒ်ကောင်းဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း
အဲလ်အင် – ပက်ထရီစီယို၊ အော်တွန်နီ၊ ပါ့ခ်၊ ကာဒိုဆို၊ ထရာအိုရေး၊ နာဒါ၊ ပလာစီယို့စ်၊ အဲရစ်ခ်၊ ကာကူ၊ လာဘာ၊ ရာဟီမီ
ဂျူဗင်တပ်စ် – ဒီဂရီဂေါ်ရီယို၊ ကာလူလူ၊ ဂတ်တီ၊ ကယ်လီ၊ ဂွန်ဇာလက်ဇ်၊ သူရမ်၊ လိုကတ်တယ်လီ၊ ကမ်ဘီယာဆို၊ ကွန်ဆီကာအို၊ ယီလ်ဒစ်ဇ်၊ ကိုလို မူအာနီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ အဲလ်အင်ရော ဂျူဗင်တပ်စ်ပါ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားကြပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အဲလ်အင် နိုင်ရင် ၉.၈၀ ဆ၊ ဂျူဗင်တပ်စ် နိုင်ရင်တော့ ၁.၂၀ ဆ၊ သရေ ဆိုရင်တော့ ၅.၉၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဂျူဗင်တပ်စ်က ၁ လုံး အရှုံးပေါက်နေပြီး ဂိုးပေါင်း ကလည်း ၃ လုံးက စဖွင့်ပါတယ်။ အဲလ်အင်ရဲ့ ခြေစွမ်းနဲ့ မာကျောမှုကြောင့် ဂျူဗင်တပ်စ်တို့ ခက်ခက်ခဲခဲ ကစားရဖို့တော့ ရှိနေပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်တို့ တကယ်ကစားရင် ဂိုးပြတ် မနိုင်စရာတော့ အကြောင်း မရှိပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ခြေတော့ နည်းပြီး ဂျူဗင်တပ်စ် ဂိုးပြတ် အနိုင်ရသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ်
အဲလ်အင် ၀-၃ ဂျူဗင်တပ်စ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.