ချဲလ်ဆီး ကတော့ သမိုင်းတစ်လျှောက် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ၃ ကြိမ်မြောက် တက်လှမ်းနိုင်ခဲ့ပြီးတော့ ပီအက်စ်ဂျီနဲ့ ထိပ်တိုက်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ ဖြစ်သူ အန်ဇို မာရက်စကာက သူတို့ အသင်း ၂၀၂၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ခြင်းဟာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။
ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ဘရာဇီးလ် ကလပ် ဖလူမီးနန့်စ်ကို အသစ် ခေါ်ယူထားတဲ့ တိုက်စစ်မှူး ယာအို ပက်ဒရိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ အပြီးမှာ အန်ဇို မာရက်စ်ကာက “တနင်္ဂနွေမှာ ဖိုင်နယ် ကစားရမှာပါ။ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒါက ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ပထမဦးဆုံး အကြိမ်ပါ (ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပပြီးနောက် ပထမဦးဆုံး အကြိမ်ကို ဆိုလို)။ နောက်ပြီး ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ပါဝင် ယှဉ်ပြိုင်ခဲ့လို့ပါ။ ကျွန်တော်တို့ ဖိုင်နယ် တက်တာ ဂုဏ်ယူစရာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ပွဲတိုင်း ဘယ်လောက် ခက်ခဲတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ပရီးမီးယားလိဂ်မှာ Top 4 ဝင်ခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ကွန့်ဖရင့်လိဂ်မှာ အနိုင်ရပြီးတော့ အခု ဗိုလ်လုပွဲကို ရောက်နေပါပြီ။ ဒါက အရမ်းပဲ ကောင်းပါတယ်။” လို့လည်း မာရက်စ်ကာ ပြောကြားသွားခဲ့ပါသေးတယ်။

နောက်ဆုံး မှာတော့ မာရက်စ်ကာက လီယမ် ဒီလက်ပ် နေရာမှာ ကစားခဲ့ပြီး အထင်ကြီးလောက်စရာ ခြေစွမ်း ပြသနိုင်ခဲ့တဲ့ ယာအို ပက်ဒရိုနဲ့ ပတ်သတ် ပြီးတော့လည်း မာရက်စ်ကာက ဝမ်းမြောက်နေတာ တွေ့ရပါတယ်။ မာရက်စ်ကာက “ယာအို အတွက် ကျွန်တော် အရမ်းပဲ ပျော်ရွှင်ပါတယ်။ သူ့မှာ ဒီနေ့လို ပွဲကို ဆုံးဖြတ်နိုင်တဲ့ အရည်အသွေးမျိုး ရှိပါတယ်။ သူက ခံစစ်ကို အသေအချာ ပြင်ဆင် ကစားတတ်တဲ့ အသင်းတွေနဲ့ ဆိုရင် အကောင်းဆုံး ထိုးဖောက်နိုင်တဲ့ ကစားသမားမျိုးဆိုတာ သိခဲ့ပါတယ်။” လို့ ဆိုပါတယ်။
မွိုက်ဆက်စ် ကိုင်စီဒို ကတော့ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီးနောက် ချဲလ်ဆီး ကွင်းလယ် အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်ပြီးတော့လည်း မာရက်စ်ကာ “ကျွန်တော်တို့ အနေနဲ့ ကစားသမား ၁၀ ယောက်နဲ့ ကစားနိုင်တယ်လို့ ပြောခဲ့ပေမယ့် သူကြိုးစားနိုင်မယ်လို့ ခံစားရတဲ့ပုံပါပဲ။ သူနာကျင်ခံစားမှုကို အန်တုပြီး ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် တနင်္ဂနွေနေ့မှာ သူ ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ၂၀၂၅ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၄-၀ ရလဒ်နဲ့ အနိုင်ယူလာခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက ကမ္ဘာ့အကောင်းဆုံး ကလပ် အဖြစ် ရှိနေပြီး ပြိုင်ဘက်တိုင်းကို ဂိုးပြတ်တွေချည်း အနိုင်ယူထားတဲ့ အသင်း ဖြစ်နေတာကြောင့် ချဲလ်ဆီးတို့ ကျိန်းသေပေါက် ခက်ခဲဦးမှာပါ။ ဒါပေမယ့်လည်း ချဲလ်ဆီး ပရိသတ်တွေ ကတော့ ပီအက်စ်ဂျီ တို့ အခုလို ခြေစွာနေတာဟာ သူတို့ အသင်းနဲ့ မတွေ့သေးလို့ ဆိုပြီး ကြုံးဝါးနေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.