နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို ‘စစ်တုရင်ပြိုင်ပွဲ’နဲ့ ခိုင်းနှိုင်းပြီး ပီအက်စ်ဂျီကို စိတ်ပျက်စေမယ့် ချဲလ်ဆီး | ဖီဖာ ကလပ် ကမ္ဘာ့ဖလား

ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီ တို့ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အဖြစ် မနက်ဖြန် မနက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြတော့မှာ ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် ပြုလုပ်တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စကာက ပီအက်စ်ဂျီနဲ့ ကစားရမယ့် ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲဟာ စစ်တုရင်ပွဲ တစ်ပွဲနဲ့ ဆင်တူကြောင်း သုံးသပ် ပြောဆိုလိုက်ပါတယ်။

အန်ဇို မာရက်စ်ကာက “ကျွန်တော်ဟာ စစ်တုရင် ကစားတာနဲ့ ကြည့်ရတာကို နှစ်ခြိုက်ပါတယ်။ ဘောလုံးနဲ့လည်း အတော် ဆင်တူပါတယ်။ ရွေ့လျားမှုတိုင်းကို ပြန်ပြီး တုံပြန်ရပါတယ်။ ပီအက်စ်ဂျီက လက်ရှိ အတောင့်တင်းဆုံး ကလပ် ဖြစ်ပြီး ပြိုင်ဘက်တိုင်းကို ဖြိုလှဲပြနိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ ကွင်းထဲကို ကိုယ်ပိုင်ပုံစံနဲ့ အနိုင်ရလို စိတ်ကို ယူဆောင်လာမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် မာရက်စ်ကာက ဒီပြိုင်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ပြီး ဘောလုံးမှာ အံ့အားသင့်စရာတွေ ဖြစ်ပေါ်တတ်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ “ဖလူမီးနန့်စ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ခဲ့တဲ့ အင်တာကို အနိုင်ယူခဲ့တယ်။ အဲလ်ဟီလာက ရေပန်းအစားဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်တဲ့ မန်ချက်စတာစီးတီးကို ဖြုတ်ချခဲ့တယ်။ ဘိုတာဖိုဂို ကလည်း PSG ကို အနိုင်ရခဲ့တယ်။ ဒါက ဘောလုံးကမ္ဘာ တစ်ခုလုံး အုတ်အော်သောင်းတင်း ဖြစ်စေခဲ့တဲ့ အရာတွေပါပဲ။ ဒါပေမယ့် ကျွန်တော် တို့မှာ ကိုယ်ပိုင် ကစားဟန်ရှိပြီး ဒါက ဗိုလ်လုပွဲမှာ ကျွန်တော် တို့ရဲ့ အားသာချက် ဖြစ်လာပါလိမ့်မယ်။” လို့ မာရက်စကာက ယုံကြည်မှု ရှိစွာနဲ့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပခဲ့တဲ့ အခုနှစ်မှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ပွဲဦးထွက်မှာတင်ပဲ ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပါတယ်။
ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ ရေပန်းစားနေတဲ့ ပီအက်စ်ဂျီ

နောက်ဆုံး မှာတော့ မာရက်စကာက ပြိုင်ဘက် ပီအက်စ်ဂျီနဲ့ ပတ်သတ်ပြီးတော့ “ပီအက်စ်ဂျီနဲ့ သူတို့ အသင်း နည်းပြက ကျွန်တော့် အတွက်သာမက ဘောလုံးကို ချစ်တဲ့ သူတွေ အတွက် စံပြ တစ်ခုပါ။ သူတို့ဟာ မယုံနိုင်စရာကောင်းတဲ့ အသင်း တစ်သင်း ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ပါတယ်။ သူတို့ နည်းပြ ကလည်း လက်ရှိမှာ ပပ် ဂွါဒီယိုလာနဲ့ အတူ ကမ္ဘာ့အကောင်းဆုံး ဖြစ်နေပါတယ်။ သူတို့က မယုံနိုင်စရာ ကစားသမားတွေနဲ့ ဖွဲစည်းထားတဲ့ အသင်းပါ။ ဒါက ခက်ခဲပြီး ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ လို့ မာရက်စကာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၃ ကြိမ်မြောက် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံ ၁ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။ ပီအက်စ်ဂျီ ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ပုံစံသစ်နဲ့ ပြောင်းလဲ ကျင်းပခဲ့တဲ့ အခုနှစ်မှ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ပွဲဦးထွက်မှာတင်ပဲ ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်ပါတယ်။ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်း ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်ကြောင်း ထပ်မံ သက်သေပြချင်နေတဲ့ ပီအက်စ်ဂျီ ကိုတော့ ဘောလုံး ပရိသတ် အများစုက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ တထစ်ချ ယုံကြည်နေကြပါတယ်။

ချဲလ်ဆီးရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ကိုးလ် ပါးလ်မား ကတော့ DAZN နဲ့ အင်တာဗျူး အစီအစဉ်မှာ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ကြောင်းနဲ့ ပီအက်စ်ဂျီဟာ ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်နိုင်ကြောင်း ဝန်ခံထားပါတယ်။ ဒါပေမယ့်လည်း သူနဲ့ သူ့အသင်းဖော်တွေဟာ ယုံကြည်မှု အပြည့် ရှိပြီးတော့ ပီအက်စ်ဂျီကို ရင်ဆိုင်ဖို အစီအစဉ်တစ်ခု ရှိတယ်လို့လည်း ပါးလ်မားက ဖွင့်ဟခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ယုံကြည်မှု အပြည့် ရှိနေတာ ကတော့ သိသာပါတယ်။ ဒါက ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ် ဆိုတာ သိပေမယ့် ဒါက ဗိုလ်လုပွဲပဲလေ။ ကျွန်တော်တို့ စိတ်လှုပ်ရှားနေတယ်။ အားလုံးက အဆင်သင့်ဖြစ်နေပါပြီ။ အားလုံးက ကမ္ဘာ့အကောင်းဆုံး အသင်းနဲ့ ရင်ဆိုင် ကစားချင်ကြတာပဲလေ။ သူတို့ ကလည်း ကမ္ဘာ့အကောင်းဆုံး အသင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပြီး အဆင်သင့်ပါပဲ။” “သူတို့က အရာရာတိုင်းကို ကောင်းကောင်း လုပ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ ပွဲတွေကို ကြည့်ရှု လေ့လာပြီး သိထားပါတယ်။ ဒါပေမယ့် ကျွန်တော် တို့မှာ အစီအစဉ် တစ်ခု ရှိပြီး အဲဒီ အစီအစဉ်အတိုင်း အကောင်းဆုံး ကြိုးစား ကစားသွားမှာပါ။” လို့ ပါးလ်မားက ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်