နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အပေါ် ယာဂန် ကလော့ပ်ရဲ့ ဝေဖန်မှုကို တုန့်ပြန်လိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ် နည်းပြဟောင်းကြီး အာစင်ဝင်းဂါး ကတော့ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ပတ်သတ်ပြီး အများနဲ့ မတူတဲ့ အမြင်တချို့ကို ချပြလာခဲ့ပါတယ်။ ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ယာဂင် ကလော့ပ် အပါအဝင် ဘောလုံးလောက လူတချို့က ဝေဖန် ထောက်ပြနေကြချိန်မှာ ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ ဖြစ်တဲ့ ဒီပြိုင်ပွဲဟာ ဘောလုံးလောက အတွက် လိုအပ်တဲ့ ပြိုင်ပွဲ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

ယာဂန် ကလော့ပ်က ဖီဖာ ကလပ် ကမ္ဘာ့ဖလားကို ပြိုင်ပွဲဝင် အသင်း ၃၂ သင်း အဖြစ် တိုးမြှင့်ခဲ့တာဟာ အဆိုးရွားဆုံး စိတ်ကူးစိတ်သန်း ဖြစ်ကြောင်း ဝေဖန် ပြစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ကလော့ပ်ဟာ ပြိုင်ပွဲတွေ များနေတဲ့ အစီအစဉ်တွေအကြားမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲက ကစားသမားတွေ အတွက် ဝန်ပိုပိသွားစေမှာကို မလိုလားကြောင်း၊ နောက်ရာသီမှာ အရင်က မဖြစ်ဖူးတဲ့ ဒဏ်ရာပြသနာတွေ ကြုံတွေ့ရမှာကို စိုးရိမ်ကြောင်း အဓိကထား ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို မှတ်ချက်ပေး ဝေဖန်မှုနဲ့ ပတ်သတ်ပြီး ဝင်းဂါးက ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ပြိုင်ပွဲဝင် အသင်းတိုင်း၊ ကစားသမားတိုင်းနဲ့ နည်းပြတိုင်းရဲ့ ထောက်ခံမှု အပြည့်အဝ ရရှိခဲ့ကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာစင်ဝင်းဂါးဟာ ပါဝင်ခဲ့တဲ့ ကလပ် အသင်းတွေ အားလုံး နောက်ထပ် တစ်ကြိမ် ပြန်လည် ယှဉ်ပြိုင်ဖို့ စိတ်အားထက်သန်ကြလိမ့်မယ်လို့လည်း ဝင်းဂါး က ဆိုခဲ့ပါသေးတယ်။ 

“လူတိုင်း ကိုယ်ပိုင် အမြင်နဲ့ မြင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ယာဂန် ကလော့ပ်ရဲ့ အမြင်ကို မထောက်ခံပါဘူး။ ကလပ် ကမ္ဘာ့ဖလားက လိုအပ်ပါတယ်။ ဒီမှာ ရှိတဲ့ ကလပ် အသင်း ၁၀၀ ရာခိုင်နှုန်းက ဒါကို ထပ်လုပ်ချင်ကြပါတယ်။ ဒါဟာ အကောင်းဆုံး အဖြေပါပဲ။ ပြီးတော့ အဆုံးအဖြတ် မေးခွန်းက ပရိသတ်တွေ သဘောကျသလား။ မကျဘူးလား ဆိုတာပါပဲ။ စီမံချက်အရ ပရိသတ် ကြည့်ရှုမှုနှုန်း နိမ့်ပါးပေမယ့် လက်တွေ့ အခြေအနေအရတော့ ကြည့်ရှုမှုနှုန်း မြင့်မားတယ်လို့ ယုံကြည်ပါတယ်။ ဒါက အဖြေပါပဲ။” လို့ အာစင်ဝင်းဂါးက ပြောကြားခဲ့သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိနေပြီးတော့ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာ အဖြေထုတ်ပေးဖို့သာ ကျန်ရှိနေပါတော့တယ်။
ဗိုလ်လုပွဲ အဆင့်ထိ ရောက်ရှိလာတဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ

လက်ရှိမှာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိနေပြီးတော့ ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာ အဖြေထုတ်ပေးဖို့သာ ကျန်ရှိနေပါတော့တယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲ တစ်လျှောက်မှာ အမေရိကန်ရဲ့ ပူပြင်းတဲ့ ရာသီဥတု၊ ပါဝင် ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ အဆင့်အတန်း ကွာဟမှုတွေနဲ့ တစ်ခါတစ်ရံမှာ ပရိသတ် တစ်ဝက်တောင် မရှိတဲ့ အခြေအနေတွေကြောင့် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဖီဖာဟာ တချို့ ပွဲစဉ်တွေမှာ ဝင်ခွင့် လက်မှတ်တွေကို သိသိသာသာ ဈေးလျှော့ပေးခဲ့တဲ့ ပါးနပ်တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ရပါတယ်။ ဒါပေမယ့်လည်း အုပ်စု အဆင့်နဲ့ ၁၆ သင်း အဆင့် ပွဲစဉ်တွေ မှာတော့ ပရိသတ် ဦးရေ တော်တော်လေး နည်းပါးခဲ့တာက ဖီဖာရဲ့ ပွဲစီစဉ်မှု အပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်ခဲ့ရပါတယ်။

စစ်တမ်းတွေအရ ဆိုရင်တော့ ပြိုင်ပွဲရဲ့ အုပ်စု အဆင့်မှာ တစ်ပွဲကို ပရိသတ် ပျမ်းမျှ ၃၅၀၀၀ ဝန်းကျင်လာရောက် ကြည့်ရှုခဲ့တယ်လို့ သိရပြီး ဒါဟာ ရည်မှန်းချက် ကြီးမားစွာနဲ့ ကမ္ဘာ့အဆင့် ကျင်းပတဲ့ ပြိုင်ပွဲ တစ်ခု အတွက်တော့ နည်းပါးတဲ့ ပမာဏလို့ ဆိုရမှာပါ။ ပရိသတ် အများဆုံး လာရောက် ကြည့်ရှုခဲ့တဲ့ ပွဲစဉ် ကတော့ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲဖြစ်ပြီးတော့ MetLife ကွင်း အတွင်း ပရိသတ် ဦးရေ ၇၇၅၄၂ ဦး ရှိခဲ့ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်