ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို ၄-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီဟာ ဗိုလ်လုပွဲမှာ တစ်ဖက်က ဖလူမီးနန့်စ်ကို အနိုင်ယူ ကျော်ဖြတ်လာတဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နှစ်သင်းစလုံး လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ကြပြီးတော့ ဗိုလ်လုပွဲကို တက်လှမ်းနိုင်ရေး အသေအချာ အာရုံစိုက်လာခဲ့ပါတယ်။ ပီအက်စ်ဂျီ ကတော့ ထုံးစံ အတိုင်း ဒမ်ဘီလီ၊ ဒူရေးနဲ့ ခါဗရာစခီလီယာ တို့ကို တိုက်စစ်မှာ ဦးဆောင်စေခဲ့ပြီးတော့ ကွင်းလယ်နဲ့ ခံစစ် မှာလည်း အထိုင်ကျပြီးသား အခင်းအကျင်းနဲ့ ပွဲထွက်လာပါတယ်။ ဇာဘီ အလွန်ဆို ကတော့ ဒီနေ့ပွဲမှာ ကစားသမား အခင်းအကျင်းကို အနည်းငယ် အပြောင်းအလဲ လုပ်လာခဲ့ပြီးတော့ အမ်ဘာပေးကို ဘယ်တောင်ပံ တိုက်စစ်မှာ ထားပြီး ဗင်နီးစီးယပ်စ် ကိုတော့ ညာတောင်ပံ တိုက်စစ်မှာ သုံးခဲ့ပါတယ်။ အထောင် တိုက်စစ်မှာ ဂွန်ဇာလို ဂါစီယာပဲ ပွဲထွက်လာပါတယ်။
တကယ်တမ်း ဒီပွဲဟာ ပွဲအစ ၁၀ မိနစ်လောက်တည်းက အဖြေပေါ်နေခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ ဘာကြောင့် ဒီလိုမျိုး ပြောရသလဲ ဆိုတော့ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးက ဒီလောက် အရေးကြီးနေတဲ့ အဆင့်မှာ မလုပ်သင့်တဲ့ အမှားတွေ ဆက်တိုက် ကျူးလွန်မိခဲ့လို့ ဖြစ်ပါတယ်။ ဒီအခြေအနေကပဲ တစ်သင်းလုံးရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို ချေမွှပစ်လိုက်သလို ဖြစ်ခဲ့ပြီး ပေးခဲ့ရတဲ့ ဂိုးတွေ ကလည်း တကယ့်ကို မဖြစ်သင့်တဲ့ အနေအထားတွေ ကနေ ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အတွက် ဂိုးတွေ ကိုတော့ ပထမပိုင်းမှာ ဖေဘီယန် ရုအစ်ဇ်က ၂ ဂိုး၊ အူစမန်နီ ဒမ်ဘီလီက ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ ဂွန်ဆာလို ရာမို့စ်က နောက်ထပ် အနိုင်ဂိုး ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဗဟိုခံစစ်မှာ ကစားတဲ့ အန်တိုနီယို ရူဒီဂါက ဒေါ့မန်နဲ့ ပွဲမှာ သိသာတဲ့ အမှားလုပ်ခဲ့သလို ဒီနေ့ပွဲ မှာလည်း ခြေစွမ်းက တော်တော်လေးကို အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ရာမို့စ် လက်သစ် ဆိုပြီး ဝိုင်းချီးကျူးနေကြတဲ့ ရာအူးလ် အဆန်စီယိုရဲ့ တည်ငြိမ်မှု ကလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါပြီ။ ဂိုးသမား သီဘောက် ကော့တွာစ် ကတော့ ဒီနေ့ပွဲ အရှုံးက နည်းပြ ဇာဘီ အလွန်ဆိုရဲ့ အစီအစဉ် အတိုင်း မလုပ်နိုင်ခဲ့ကြတဲ့ အသင်းသားတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ဝန်ခံထားပါတယ်။ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဖီဖာ ကလပ် ကမ္ဘာ့ဖလား (ယခင် ပုံစံတွေ အပါအဝင် ၂၁ ပွဲမြောက်) မှာ ပထမဦးဆုံး အကြိမ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပေးဂိုး ၄ ဂိုးက ဒီပြိုင်ပွဲ သမိုင်းတလျှောက်မှာ သူတို့ အတွက် တစ်ပွဲတည်း ပေးဂိုး အများဆုံးလည်း ဖြစ်ခဲ့ပါတယ်။

လူးဝစ္စ အန်နရီကေးရဲ့ ပီအက်စ်ဂျီ ကတော့ Peak Form မှာ ရောက်နေတဲ့ အသင်းပီပီ လုံးဝ ထိန်းချုပ်လို့ မရတော့ပဲ ကောင်းပါတယ် ဆိုတဲ့ အသင်းတိုင်းကို ဂိုးပြတ်တွေချည်း တီးနေတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀၊ ခံစစ်ကောင်းလွန်းပါတယ် ဆိုတဲ့ အက်တလက်တီကိုမက်ဒရစ်ကို ၄-၀၊ မက်ဆီရဲ့ အင်တာမိုင်ယာမီကို ၄-၀၊ ဘေယန်မြူးနစ်ကို နှစ်ယောက်လျော့နဲ့ ၂-၀၊ အခုလည်း ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့ အနိုင်ယူပြခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီရဲ့ ခြေစွမ်းက အံ့အားသင့်စရာ ကောင်းတယ်လို့ ပြောလို့ မရတော့ပါဘူး။ လက်တလောမှာ ပြိုင်ပွဲတိုင်းရဲ့ ချန်ပီယံဆုကို သိမ်းပိုက်မယ့် အသင်း ဆိုပြီးတောင် ရာနှုန်းပြည့်နီးပါး သတ်မှတ်လို့ ရတဲ့ ခြေစွမ်းပိုင်ဆိုင်ထားတာ ဖြစ်နေပါပြီ။ လူးဝစ္စ အန်နရီကေး ပြောသလို သူတို့ ဒီလို ဖြစ်လာဖို့ နှစ်ရာသီလောက် ရင်းနှီးခဲ့ရခြင်းရဲ့ အသီးအပွင့်တွေကို ရရှိနေတာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ ချဲလ်ဆီး တို့ဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အဖြစ် လာမယ့် တနင်္ဂနွေနေ့ မှာတော့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ လက်တလော ကမ္ဘာ့အကောင်းဆုံး ကလပ် ဖြစ်နေတာကြောင့် ချဲလ်ဆီး အတွက် ကျိန်းသေပေါက် ခက်ခဲဖို့ ရှိပေမယ့် ဘောလုံး ဆိုတာ ဘာမဆို ဖြစ်သွားနိုင်တာကြောင့် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.