နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကျင်းပတဲ့ ပုံစံကို ပြောင်းလဲဖို့ စဉ်းစားနေတဲ့ ယူအီးအက်ဖ်အေ

ဥရောပဘောလုံးအဖွဲချုပ် (ယူအီးအက်ဖ်အေ) ကတော့ လာမယ့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ အတွက် သိသာ ထင်ရှားတဲ့ ပုံစံ ၃ ခုကို အပြောင်းအလဲ ပြုလုပ်ဖို့ စဉ်းစားလျက် ရှိနေကြောင်း သိရပါတယ်။ လက်ရှိ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဟာ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ နီးလာတာနဲ့ အတူ ယူအီးအက်ဖ်အေ ကလည်း လာမယ့် ၂၀၂၅-၂၀၂၆ ရာသီ အတွက် ပြိုင်ပွဲကို ဘယ်လိုမျိုး တိုးတက်အောင် လုပ်ဆောင်နိုင်မလဲ ဆိုတာ ကြိုတင် လေ့လာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ၄ သင်းဟာ ချန်ပီယံလိဂ် ချန်ပီယံဆု အတွက် ဆက်လက် ယှဉ်ပြိုင်နေကြပြီး ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ပြိုင်ပွဲ ကလည်း ရာသီ အဆုံးသတ်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဒီနှစ် ချန်ပီယံလိဂ်ကို လိဂ်အဆင့် ကနေ ပြောင်းလဲ ကျင်းပခဲ့ပြီးတော့ အဆင့် ၁ ကနေ အဆင့် ၈ အထိ အသင်းတွေက ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်ခွင့် ရပါတယ်။ အဲဒီနောက် အဆင့် ၉ ကနေ အဆင့် ၂၄ အထိ အသင်းတွေ ကတော့ ပလေးအော့ဖ် ကစားရပြီး နောက်တစ်ဆင့် တက်ခဲ့တဲ့ အသင်းတွေ ကတော့ တိုက်ရိုက် တက်ရောက်ခွင့်ရတဲ့ အသင်းတွေနဲ့ ၁၆ သင်း အဆင့် ရှုံးထွက် အဖြစ် ကစားရတာ ဖြစ်ပါတယ်။ ဒါကလည်း ယူအီးအက်ဖ်အေက အိမ်ကွင်း အားသာချက် ဆိုတဲ့ အခြေအနေကို ပြင်ဆင်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အိမ်ကွင်း အားသာချက် ဆိုတဲ့ စည်းမျဉ်းတွေ ပြောင်းလဲဖွယ် ရှိနေတယ် ဆိုပြီး ဂျာမန်သတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်ရောက်ခဲ့တဲ့ အသင်း ၈ သင်းဟာ ဒီရာသီ နောက်ဆုံး ၁၆ သင်း အဆင့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ကွာတားဖိုင်နယ် ဒါမှမဟုတ် ဆီမီးဖိုင်နယ်တွေ အတွက်တော့ မျှော်လင့်ထားတဲ့ အတိုင်း မဖြစ်ခဲ့ပါဘူး။ ဒီအချက်ကို အာဆင်နယ်က ထောက်ပြခဲ့ပြီး ယူအီးအက်ဖ်အေ ဘက်ကလည်း အသေအချာ စဉ်းစားပြီး လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ 

အာဆင်နယ်ဟာ လိဂ်အဆင့် အမှတ်ပေးဇယားမှာ စပိန် ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ထက် အဆင့် ၈ ဆင့် ပိုမြင့်ခဲ့ပေမယ့် ကွာတားဖိုင်နယ် ဒုတိယအကျော့ကို ဘာနေဗျူးကွင်းမှာ သွားရောက် ကစားခဲ့ရပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက နှစ်ကျော့စလုံး အနိုင်ရပြီးနောက် နှစ်ကျော့ပေါင်း ရလဒ် ၅-၁ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်က လာမယ့်လမှာ ပီအက်စ်ဂျီနဲ့ ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပြီး ဒုတိယအကျော့ အဖြစ် ပဲရစ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ တကယ်တော့ ပီအက်စ်ဂျီက အဆင့် ၁၅ နေရာသာ ရခဲ့ပြီး ပလေးအော့ဖ် ကနေမှ နောက်တစ်ဆင့် တက်ခဲ့ရပြီး အာဆင်နယ် ကတော့ လိဂ်အဆင့် တတိယနေရာ ရရှိခဲ့ပါတယ်။

လက်ရှိမှာ အာဆင်နယ်၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ၄ သင်းဟာ ချန်ပီယံလိဂ် ချန်ပီယံဆု အတွက် ဆက်လက် ယှဉ်ပြိုင်နေကြပြီး ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ပြိုင်ပွဲ ကလည်း ရာသီ အဆုံးသတ်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်ရှိနေတဲ့ အာဆင်နယ်

ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရတာက အားသာချက် တစ်ခု အဖြစ် အများက ရှုမြင်ထားကြပြီး အာဆင်နယ်က လိဂ်အဆင့်မှာ ရလဒ် ကောင်းမွန်ခဲ့ပြီးနောက် ဒီလို အားသာချက်ကို ဆုံးရှုံးလိုက်ရတဲ့ အတွက် မကျေမနပ် ဖြစ်နေတယ်လို့ ထင်ရပါတယ်။ 

ယူအီးအက်ဖ်အေက ထည့်သွင်း စဉ်းစားနေတဲ့ နောက်ထပ် အပြောင်းအလဲ တစ်ခုက အချိန်ပို ကစားတာကို ပယ်ဖျက်ဖို့ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဟာ ကစားသမားတွေရဲ့ ပွဲပန်းမှု၊ အလုပ် တာဝန်ပိုမှုကို လျှော့ချဖို့ အတွက် သာမန် ပွဲချိန် အတွင်း သရေကျနေရင် ပင်နယ်တီ အဆုံးအဖြတ် တိုက်ရိုက်ခံယူဖို့ သုံးသပ်နေကြောင်း သိရပါတယ်။

နောက်ဆုံး ပြုပြင် ပြောင်းလဲမှု ကတော့ နိုင်ငံတူ အသင်းတွေ အချင်းချင်း ကစားရတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီက လီဂူးဝမ်း ပြိုင်ဘက် ဘရတ်စ်နဲ့ ပလေးအော့ဖ်မှာ ရင်ဆိုင်ခဲ့ရသလို ဘေယန်မြူးနစ်က လေဗာကူဆင်၊ ရီးရဲလ်မက်ဒရစ်က အက်တလက်တီကိုမက်ဒရစ်နဲ့ ၁၆ သင်း အဆင့်မှာ ကစားခဲ့ရပါတယ်။ ဒါကြောင့် ဒီလို ပွဲစဉ်တွေက ပရိသတ်တွေနဲ့ ရုပ်သံ ထုတ်လွှင့်သူတွေ အတွက် ဆွဲဆောင်မှု မရှိဘူးလို့ ရှုမြင်နေကြပြီး ယူအီးအက်ဖ်အေက တစ်နိုင်ငံတည်းက အသင်းတွေ ကွာတားဖိုင်နယ် အဆင့် မတိုင်ခင် အထိ အချင်းချင်း မကစားစေရ ဆိုတဲ့ ကာကွယ်မှု စည်းမျဉ်းကို ပြန်လည် ကျင့်သုံးဖို့ ရွေးချယ်လာနိုင်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်