ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေး ကတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ပြိုင်ဘက် အသင်းကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက ဥရောပရဲ့ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံထားရပေမယ့်လည်း နည်းပြ ဖြစ်သူ လူးဝစ် အင်းနရီကေး ကတော့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အင်တာမီလန်က သူရဲ့ ကလပ်ဟောင်း ဖြစ်တဲ့ ဘာစီလိုနာကို ကျော်ဖြတ်ခဲ့တဲ့ ပုံစံကြောင့် အထင်ကြီးမိကြောင်း ဝန်ခံ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သတ်လို့ လူးဝစ္စ အန်နရီကေးက “ကျွန်တော့် အနေနဲ့ ပွဲကို တိုက်ရိုက်ကြည့်ခဲ့သလို နောက်ပိုင်း မှာလည်း ပြန်ကြည့်ဖြစ်ခဲ့ပါတယ်။ ဘာစီလိုနာ ပရိသတ် တစ်ယောက် အနေနဲ့ရောပေါ့။ နှစ်သင်းစလုံးရဲ့ ခြေစွမ်းအရ ဆိုရင်တော့ နှစ်သင်းစလုံးက ဗိုလ်လုပွဲ တက်ဖို့ ထိုက်တန်ကြပါတယ်။ အင်တာမီလန်က နှစ်ပေါင်းများစွာ အဆင့်မြင့်မြင့် ကစားလာခဲ့တဲ့ အသင်းပါ။ နည်းပြနဲ့ အဓိက ကစားသမား အစုအဖွဲ့က အရမ်းကို စည်းလုံးညီညွတ်မှု ရှိပြီး တခြား အသင်း တော်တော်များများနဲ့ ကစားပုံ ကလည်း ကွဲပြား ခြားနားပါတယ်။ သူတို့က ရှေ့တန်းကနေရော နောက်တန်း ကနေပါ ခံစစ်ပုံစံ ကစားနိုင်သလို အဲ့ဒါက သူတိုရဲ့ ဖိအားပေး ကစားပုံမှာ အမျိုးမျိုး ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ အင်တာက တကယ့် အသင်းကောင်း တစ်သင်းပါပဲ။ လူတိုင်းက ကိုယ့် အစုအဖွဲ့ အတွက် ကိုယ့်အလုပ်ကိုယ် လုပ်ကြရပါတယ်။ တစ်ဦးချင်း ကောင်းတဲ့ ကစားသမားတွေ ရှိသလို ဘောလုံးရွှေ့လျားနိုင်စွမ်းလည်း ကောင်းမွန်ပြီး ဘာလုပ်ရမယ် ဆိုတာကို အတိအကျ သိကြပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အင်တာမီလန်နဲ့ ပီအက်စ်ဂျီ တို့ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဖြစ် လာမယ့် ဇွန်လ ၁ ရက်နေ့ မြူးနစ်က အလိုင်းရန့်ဇ် အရီနာမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ပေမယ့် တစ်ဖက်က အင်တာမီလန် ကလည်း ၃ နှစ် အတွင်း ၂ ကြိမ်မြောက် ဗိုလ်လုပွဲကို တက်လှမ်းလာတဲ့ အသင်း ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်ဟာ ဒီနှစ်မှာ ခြေစွာနေတဲ့ ဘာစီလိုနာလို အသင်း ကိုတောင် ဖြုတ်ချလာခဲ့တာကြောင့် လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ပါတယ်။

ဆက်လက်ပြီး အန်နရီကေးက “ကျွန်တော့် ကတော့ အရမ်းပဲ ပြိုင်ဆိုင်မှု ပြင်းထန်မယ့်ပွဲ၊ ကလပ် နှစ်သင်းရဲ့ ပရိသတ်တွေ အတွက် သာမက ဘောလုံးချစ်သူတွေ အားလုံး အတွက် ကြည့်ကောင်းမယ့် ပွဲကြီး ပွဲကောင်း တစ်ပွဲ ဖြစ်လာလိမ့်မယ်လို ထင်ပါတယ်။ အင်တာမီလန်ရဲ့ ကစားပုံကို ကျွန်တော် တကယ် ကြိုက်ပါတယ်။ သူတို့က တိုက်စစ်ဆင်ရတာကို ကြိုက်သလို အဲ့ဒီ အတွက်လည်း ကစားသမား အများကြီး ကိုလည်း Set up လုပ်ထားတတ်ပါတယ်။ တကယ့်ကို ကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။” လို့ ဆိုပါတယ်။
အင်တာမီလန်ဟာ ချန်ပီယံလိဂ်မှာ ၃ ကြိမ် ချန်ပီယံ ဖြစ်ထားပြီးတော့ ပီအက်စ်ဂျီ ကတော့ တစ်ကြိမ် တစ်ခါမှ ချန်ပီယံ မဖြစ်ဖူးသေးပါဘူး။ လက်ရှိမှာ ပီအက်စ်ဂျီက အတောင့်တင်းဆုံး အစုအဖွဲ့ကို ပိုင်ဆိုင်ထားပေမယ့် အင်တာမီလန် ကလည်း အတွေ့အကြုံရင့် ကစားသမားတွေနဲ့ လူငယ် ကြယ်ပွင့်တွေ ပေါင်းစပ်ထားတဲ့ အသင်း ဖြစ်လို့ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုက တကယ့်ကို စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။နောက်ဆုံး မှာတော့ အန်နရီကေးက အသင်းလိုက် စိတ်ဓာတ် အကြောင်းနဲ့ ပတ်သတ်ပြီးလည်း အခုလို ပြောကြားခဲ့ပါတယ်။
“ကျွန်တော့် အတွက်တော့ ဒီအသင်းမှာ ကြယ်ပွင့် ကစားသမားတွေ အများကြီးရှိတယ်။ အဲ့ဒါကပဲ အလှတရားပဲ။ အသင်း အတွက် ကြယ်ပွင့်တွေက အကောင်းဆုံး ပေးဆပ်နေတာပါ။ ကြယ်ပွင့်တွေ အတွက် အသင်းက ရှိနေတာ မဟုတ်ဘူး။ ဒါက အကြီးမားဆုံး ကွာခြားချက်ပဲ။ ကျွန်တော် အရမ်း ကံကောင်းပါတယ်။ ဘာလိုလဲဆိုတော့ ကျွန်တော့်မှာ အဆင့်မြင့် ကစားသမားတွေ အများကြီး ရှိလို့ပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.