နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်တာမီလန်ကို လျှော့တွက်ရင် မှားသွားမယ့် ဘာစီလိုနာ| ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘာစီလိုနာ – အင်တာမီလန်

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ် အဖြစ် ဘာစီလိုနာကအင်တာမီလန်ကိုစပိန်မြေမှာဧည့်ခံကစားရမှာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ထက်မြတ်တဲ့ တိုက်စစ်နဲ့ အင်တာမီလန်ရဲ့ ကျစ်လျစ်တဲ့ ခံစစ် အားပြိုင်မှုမှာဒီတစ်ကြိမ်ရောဘယ်အသင်းအသာရသွားမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဘာစီလိုနာကသူတို့ရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူပြီးကိုပါဒယ်ရေးမှာပူပူနွေးနွေးချန်ပီယံဖြစ်ထားပါတယ်။ ဟန်ဆီဖလစ်ရဲ့ အသင်းကဒီရာသီမှာချန်ပီယံလိဂ်အပါအဝင် ဖလား ၃ လုံးအောင်မြင်မှုရရှိဖို့ မျှော်လင့်နေပြီးတကယ်တမ်းလည်းထက်မြတ်တဲ့ ခြေစွမ်းတွေနဲ့ ဘယ်အသင်းလာလာတီးထုတ်နေပါတယ်။ လူငယ် ကစားသမားလေးလာမင်းယာမယ်၊ ဒီယောင်၊ ပီဒရီ၊ ရာဖင်ညာတို့ အကောင်းဆုံးတောက်ပပြနေသလိုလီဝမ်ဒေါစကီးဒဏ်ရာရနေချိန်မှာဖာရန်းတောရက်စ် ကလည်းဂိုးတွေသွင်းနေလို့ ဘာစီလိုနာတို့ နိုင်ပွဲတွေဆက်နေတာဖြစ်ပါတယ်။ဘာစီလိုနာကကွာတားဖိုင်နယ် ပထမအကျော့တုန်းကလည်းအိမ်ကွင်းမှာကစားခဲ့ရပြီးဒေါ့မန်ကို ၄-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့ အဝေးကွင်းမှာတော့ ၃-၁ နဲ့ ပြန်ရှုံးခဲ့ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် ဘာစီလိုနာအနေနဲ့ ပထမအကျော့ အိမ်ကွင်းအားသာချက်ကိုအခွင့်ကောင်းယူပြီးဂိုးပြတ် အသာရဖို့ အားထည့်လာမှာသေချာပါတယ်။ ဒီတော့ ကျစ်လျစ်ပါတယ် ဆိုတဲ့ အင်တာမီလန်ရဲ့ ခံစစ်ကိုအကောင်းဆုံးကျော်ဖြတ်သွားနိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်။

အင်တာမီလန် ကတော့ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက် ရှုံးထားပြီးချန်ပီယံလိဂ်ကိုပဲအပြည့်အဝအာရုံစိုက်ချင်နေပုံရပါတယ်။ အင်တာဟာဒီပြိုင်ပွဲနောက်ဆုံး ၄ သင်းပဲကျန်တော့ချိန်မှာချန်ပီယံဖြစ်ဖို့ ရေပန်းစားမှုနောက်ဆုံးမှာရှိတဲ့ အသင်းဖြစ်ပါတယ်။ဒါပေမယ့်လည်းဒီလိုပြောလို့ ဆိုင်မွန် အင်ဇာဂီရဲ့ အသင်းခြေစွမ်းကို လျှော့တွက်လို့ မရပါဘူး။ အင်တာမီလန်ဟာတုန့်ပြန်မှုကောင်းတဲ့ အသင်းဆိုတာဘေယန်မြူးနစ်နဲ့ နှစ်ကျော့စလုံးမှာပြသခဲ့ပြီးပါပြီ။ အင်တာမီလန်ကခံစစ် ကစားပုံကောင်းသလိုတန်ပြန် တိုက်စစ်တွေကလည်းမြန်ပါတယ်။ တိုက်စစ်မှူးတွေဂိုးသွင်းအဆုံးသတ် တိကျလို့ ဘာစီလိုနာတို့ သတိကြီးကြီးထားကစားရမယ့် အသင်းဖြစ်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

အခုပွဲကိုတော့ဘာစီလိုနာဘက်ကအလက်ဂျန်ဒရိုဘဲလ်ဒီလွဲချော်မှာဖြစ်လို့ မာတင် ပွဲထွက်လာဖို့ များပါတယ်။ ဒါ့အပြင် အခုပွဲကိုဘာနဲလ်၊ မာ့ခ် ကာဆာဒို၊ ရောဘတ် လီဝမ်ဒေါစကီးတို့လည်းပါဝင်လာမှာမဟုတ်ပါဘူး။

အင်တာမီလန် ဘက်မှာတော့ ဘင်ဂျာမင် ပါဗက်ဒ်၊ ကာဘွန်နီတို့ လွဲချော်ဖို့ ရှိပြီးသူရမ် ကတော့ ပါဝင်လာဖို့ မသေချာသေးကြောင်းသတင်းထွက်နေပါတယ်။

 

ဖြစ်နိုင်ဖွယ်လူစာရင်း

ဒီနှစ်သင်းရဲ့နောက်ဆုံး၆ကြိမ်ကတော့ချန်ပီယံလိဂ်မှာတွေ့ဆုံထားခဲ့တာဖြစ်ပြီးဘာစီလိုနာက၃ကြိမ်၊အင်တာက၁ကြိမ်နဲ့၂ကြိမ်ကတော့သရေကျခဲ့ပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက် ရှုံးထားတဲ့ အင်တာမီလန်

ဘာစီလိုနာ -ရှက်ဇီနီ၊ ကွန်ဒေး၊ ကူဘာဆီ၊ မာတီနက်ဇ်၊ မာတင်၊ ဒီယောင်၊ ပက်ဒရီ၊ ယာမယ်၊ အော်လမို၊ ရာဖင်ညာ၊ ဖာရန်းတောရက်စ်

အင်တာမီလန်-ဆွမ်မား၊ ဘစ်ဆက်ခ်၊ အကာဘီ၊ ဘက်စတိုနီ၊ ဒမ်းဖရီးစ်၊ ဘာရယ်လာ၊ ချလနောဂလူ၊ မက်ခီတာရန်၊ ဒီမာကို၊ လော်တာရိုမာတီနက်ဇ်၊ အာနူတိုဗစ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်

ဒီနှစ်သင်းရဲ့ နောက်ဆုံး ၆ ကြိမ် ကတော့ ချန်ပီယံလိဂ်မှာတွေ့ဆုံထားခဲ့တာဖြစ်ပြီးဘာစီလိုနာက ၃ ကြိမ်၊ အင်တာက ၁ ကြိမ်နဲ့ ၂ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။

မှတ်မှတ်ရရ ၂၀၁၀ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာတွေ့ဆုံခဲ့ကြပြီးတော့ အဲဒီအချိန်တုန်းကမော်ရင်ဟိုရဲ့ အင်တာကဘာစီလိုနာကိုခံစစ် စွမ်းရည်ပြပြီးဘာစီလိုနာကိုဖြုတ်ချခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းတော့ ဘာစီလိုနာကအင်တာမီလန်နဲ့ အုပ်စုအဆင့်တွေမှာသာတွေ့ဆုံခဲ့ပြီးဘာစီလိုနာကခပ်ပါးပါးလေးအသာရခဲ့တာကိုတွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်

SBOTOPရဲ့ 1X2 မှာဘာစီလိုနာနိုင်ရင် ၁.၅၉ဆ၊အင်တာမီလန်နိုင်ရင်၄.၅၄ဆ၊သရေဆိုရင်တော့၃.၉၄ဆပေးထားပါတယ်။အာရှဟန်းဒီးကပ်မှာတော့ ဘာစီလိုနာကတစ်လုံးတစ်ဝက်စား၊ တစ်လုံးသရေ၊ သရေအရှုံး၊ တစ်လုံးတစ်ဝက်ရှုံးကြေးတွေပေါက်နေပြီးဂိုးပေါင်းကြေးက ၃ လုံးနဲ့ အထက်ကိုဦးတည်နေစေတဲ့ ကြေးပါ။ ဘာစီလိုနာကလက်ရှိမှာအဘက်ဘက်ကအမြင့်ဆုံးအခြေအနေတွေနဲ့ ပြိုင်ပွဲတိုင်းကိုကစားနေပါတယ်။ ဒါပေမယ့် အင်တာမီလန် ကလည်းအထက်မှာပြောခဲ့သလိုပဲလုံးဝ လျှော့တွက်လို့ မရတဲ့ ဖျက်မြင်းအသင်းပါ။ ဘာစီလိုနာတို့ စပိန်မြေမှာအနိုင်ရခဲ့ရင်တောင် ဂိုးတော့ မပြတ်နိုင်ပါဘူး။

ခန့်မှန်းရလဒ်

ဘာစီလိုနာ၁-၀အင်တာမီလန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်