နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့်ရာသီမှာလည်း ဆုဖလား အားလုံးရယူဖို့ ကြိုးစားသွားမယ်ဆိုတဲ့ ဒမ်ဘီလီ | ချန်ပီယံလိဂ်

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား အူစမန်နီ ဒမ်ဘီလီ ကတော့ လာမယ့် ရာသီ မှာတော့ ပြီးခဲ့တဲ့ ရာသီက ရည်မှန်းချက် အတိုင်း လာမယ့် ရာသီမှာလည်း ဆုဖလား အားလုံး ရယူနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ကြုံးဝါးလိုက်ပါတယ်။ အူစမန်နီ ဒမ်ဘီလီရဲ့ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် အပါအဝင် ဆုဖလား ၃ လုံး အောင်ပွဲ ရရှိခဲ့ပြီး ဖီဖာ ကလပ် ကမ္ဘာ့ဖလား မှာလည်း ဒုတိယ ရရှိထားခဲ့ပါတယ်။

ဒမ်ဘီလီ ကတော့ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၅၃ ပွဲ ကစားရာမှာ ၃၅ ဂိုး သွင်းယူခဲ့ပြီး ပြင်သစ် ကလပ်ရဲ့ ဆုဖလား အောင်မြင်မှုတွေ အတွက် အဓိကကျတဲ့ ကစားသမား တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် ဒမ်ဘီလီက ၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါဆု အတွက် ရေပန်းအစားဆုံး ကစားသမားလည်း ဖြစ်နေပါတယ်။

ယူအီးအက်ဖ်အေ ဝက်ဘ်ဆိုက်က ဒမ်ဘီလီကို ချန်ပီယံလိဂ် ရာသီသစ် အတွက် မေးမြန်းခဲ့ရာ မှာတော့ “ပြီးခဲ့တဲ့ရာသီက အတိုင်းပါပဲ။ ကျွန်တော် တို့က ဆုဖလား ရယူနိုင်စွမ်း ရှိတဲ့ အသင်းတွေထဲက တစ်သင်းပါ။ ပြီးခဲ့တဲ့ ရာသီကလိုပဲ ဆုဖလား အားလုံး ရယူနိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီက ဆက်လက်ပြီးတော့လည်း ပြီးခဲ့တဲ့ ရာသီမှာ ပြိုင်ဘက်အသင်းတွေရဲ့ ခြေစွမ်းက အရင်ထက် အဆင့်အတန်း ပိုမြင့်လာခဲ့ပြီး သူတို့က ပိုကောင်းအောင် ကစားနိုင်ခဲ့တာကြောင့်သာ အောင်ပွဲတွေ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ရာသီသစ် အတွက် အကောင်းဆုံး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့ အရင်က ပြောခဲ့သလိုပဲ ထပ်ပြောရရင် ကျွန်တော်တို့ ချန်ပီယံ ဖြစ်ချင်တယ် ဆိုရင်တော့ ဆုဖလားတွေကို ဆက်ပြီး အနိုင်ယူဖို့ လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဆက်နိုင်ရမယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် ချန်ပီယံလိဂ် ဖလားနဲ့ ပတ်သတ်ပြီးတော့ ဒမ်ဘီလီက အခုလိုပဲ သူ့ရဲ့ ခံစားချက်ကို ပြောကြားသွားခဲ့ပါသေးတယ်။
ဥရောပစူပါဖလားမှာ ဗိုလ်စွဲဖို့ ရည်မှန်းထားတဲ့ ပီအက်စ်ဂျီ

အဲဒီနောက် ချန်ပီယံလိဂ် ဖလားနဲ့ ပတ်သတ်ပြီးတော့ ဒမ်ဘီလီက အခုလိုပဲ သူ့ရဲ့ ခံစားချက်ကို ပြောကြားသွားခဲ့ပါသေးတယ်။ “ဆုဖလားက လေးလံပေမယ့် လှပပါတယ်။ အရမ်းလှပါတယ်။ ကျွန်တော် တွေ့ဖူးသမျှထဲမှာ အလှပဆုံး ဆုဖလားပါပဲ။ အထူးသဖြင့် ပီအက်စ်ဂျီရဲ့ သမိုင်းမှာ ပထမဦးဆုံး ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ဖို့က အိပ်မက် တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပိုလို့တောင် ထူးခြားသွားစေတယ်။ အဲဒီအခိုက်အတန့်တွေက မြန်မြန်ဆန်ဆန် ကုန်ဆုံးသွားပေမယ့် အဲဒီအချိန်မှာ ခင်ဗျားရဲ့အသင်းဖော်တွေနဲ့ ခင်ဗျား ပေးခဲ့တဲ့ အရာအားလုံးကို ရာသီကုန်မှာ ခံစားရတာ မယုံနိုင်စရာပါပဲ။ အကြီးမားဆုံး ဆုဖလားက ထူးခြားပါတယ်။” လို့ ဒမ်ဘီလီက ဆိုပါတယ်။

ပီအက်စ်ဂျီဟာ ဒီကနေ့ ညမှာတော့ တော့တင်ဟမ်ဟော့စပါးနဲ့ ဥရောပစူပါဖလား ပြိုင်ပွဲ အဖြစ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒီဖလားဟာ နှစ်သင်းစလုံး အတွက် သမိုင်းတစ်လျှောက် ပထမဆုံးသော ဥရောပစူပါဖလား ဖြစ်လာမှာပါ။ နာမည်ကြီး Opta ရဲ့ ခန့်မှန်းချက် မှာတော့ ပီအက်စ်ဂျီက စပါးကို ပွဲချိန်အတွင်းမှာပဲ အနိုင်ယူနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ လူစာရင်းနဲ့ စုဖွဲ့မှုအရလည်း ပီအက်စ်ဂျီက တော်တော်လေး သာလွန်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးဟာ ၂၀၁၅ ခုနှစ်မှာ ဘာစီလိုနာနဲ့ အတူ ဒီဖလားကို ဆွတ်ခူးခဲ့ဖူးပါတယ်။ စပါး နည်းပြ သောမက်စ် ဖရန့်ခ် အတွက် ကတော့ အသင်းသစ်နဲ့ အတူ ပထမဦးဆုံး ဆုဖလား ကိုင်မြှောက်နိုင်မယ့် အခွင့်အရေး ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်