နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပြိုင်ပွဲစုံ ၉ ပွဲ ကစားပြီးချိန်မှာ Clean Sheet ၆ ကြိမ် ရထားတဲ့ အာဆင်နယ် | ချန်ပီယံလိဂ်

အာဆင်နယ် ကတော့ မနေ့ညက ချန်ပီယံလိဂ် လိဂ်အဆင့် ပွဲစဉ် ၂ မှာ အိုလံပီယာကို့စ်ကို ၂-၀ ရလဒ်နဲ့ အနိုင်ယူပြီး ဒီနှစ် ဥရောပမှာ ပြီးပြည့်စုံတဲ့ စတင်မှု ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ညက ပွဲမှာ အာဆင်နယ် ကွင်းလယ်က အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် အနေနဲ့ အကောင်းဆုံး ခြေစွမ်းပြသွားနိုင်ခဲ့ပြီး ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုလည်း ရရှိခဲ့ပါတယ်။ 

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့တဲ့ နော်ဝေသား ကိုတော့ နည်းပြ မီခဲလ် အာတေးတားက အခုလိုပဲ ချီးကျူးစွားခဲ့ပါတယ်။ “သူက အံ့မခန်းပါပဲ။ သူက ကျွန်တော်တို့ အတွက် အရမ်းအရေးကြီးတဲ့ ပုံစံနဲ့ ပွဲကို လွှမ်းမိုးနိုင်ခဲ့တယ်။ သူက ဆက်တိုက် တိုက်စစ်ဆင် ကစားခဲ့ပြီး ဂိုးရဖို့လည်း အရေးပါခဲ့ပါတယ်။ သူလည်း ဂိုးတွေ သွင်းနိုင်ခဲ့သင့်တယ်။ သူ့ကို ဒီအဆင့်မှာ ပြန်ရခဲ့တာ အရမ်းကောင်းပါတယ်။” လို့ TNT Sports နဲ့ အင်တာဗျူးမှာ အာတေးတားက ပြောကြားသွားခဲ့ပါတယ်။

အိုဒီဂတ်ဟာ ဒီပွဲမှာ မာတင်နယ်လီရဲ့ သွင်းဂိုး အတွက် မြစ်ဖျားခံသူ ဖြစ်ခဲ့သလို ဆာကာရဲ့ သွင်းဂိုး ကိုလည်း သူပဲ ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ နော်ဝေသားက တစ်ပွဲလုံးမှာ အခွင့်အရေး ဖန်တီးမှု ၄ ကြိမ်၊ ပြိုင်ဘက် ဧရိယာ အတွင် ဘောလုံး ထိချက် ၅ ကြိမ်၊ Final Third ထဲကို ဘောလုံး ပေးပို့မှု ၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ 

အာဆင်နယ်က ဒီရာသီမှာ သူတို့ အတွက် အဓိက ပြိုင်ပွဲကြီး တစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ ပရီးမီးယားလိဂ် မှာတော့ လစ်ဗာပူးလ်ကို ရှုံးပြီး မန်စီးတီးနဲ့ သရေကျထားပါတယ်။
ချန်ပီယံလိဂ် လိဂ် အဆင့် အဆင့် ၆ နေရာမှာ ရှိနေတဲ့ အာဆင်နယ်

အာဆင်နယ် အတွက် ဂိုးတွေ ကိုတော့ ဂါဘရီရယ် မာတင်နယ်လီက ပွဲချိန် ၁၂ မိနစ်နဲ့ ဆာကာက ပွဲချိန် ၉၀+၂ တို့မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ကစားသမား အပြောင်းအလဲ တချို့ လုပ်လာခဲ့ပြီး ထရော့ဆက်ဒ်ကို ဘယ်ခြမ်းမှာ ကစားစေပြီး မာတင်နယ်လီကို ညာခြမ်းမှာ ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အထောင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ်လည်း သိသိသာသာ ရုန်းပေးသွားပေမယ့် ကစားကွက်နဲ့ အသားမကျသေးတာနဲ့ ဂိုးကံခေမှုတွေကြောင့် သွင်းဂိုးတော့ မရခဲ့ပါဘူး။ မာတင်နယ်လီ ကတော့ နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ် မှာတော့ ၂ ပွဲဆက် ဂိုးရခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် ၂၀၀၇-၂၀၀၈ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် ၂ ပွဲကို ပေးဂိုး မရှိပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မီခဲလ် အာတေးတားရဲ့ အသင်းက အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၉ ပွဲ ကစားပြီးချိန်မှာ Clean Sheet ၆ ကြိမ် အထိ ရရှိထားပြီး ခံစစ် စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ပြသထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒီအခြေအနေ အပေါ်မှာလည်း အာတေးတားက “Clean Sheet တွေကို ထိန်းထားဖို့ ဆိုတာ အရမ်းခက်ခဲတဲ့ အတွက် ကောင်လေးတွေကို ဂုဏ်ပြုပါတယ်။ အရမ်း ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ တည်ငြိမ်စွာ ပြိုင်ဆိုင်နိုင်မှုကို ဆက်လက် ပြသပြီး စနေနေ့မှာ ဝက်စ်ဟမ်းနဲ့ ထပ်ပြီး ယှဉ်ပြိုင်သွားရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်က ဒီရာသီမှာ သူတို့ အတွက် အဓိက ပြိုင်ပွဲကြီး တစ်ခု ဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ ပရီးမီးယားလိဂ် မှာတော့ လစ်ဗာပူးလ်ကို ရှုံးပြီး မန်စီးတီးနဲ့ သရေကျထားပါတယ်။ ဒီပွဲတွေက လွဲရင်တော့ အာဆင်နယ်က ကျန်ပွဲတွေ အားလုံးနီးပါး ပေးဂိုး မရှိ အနိုင်ရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်