ဖရန့်ဖတ် – ဒေါ့မန်
ပိုကယ်ဖလား ဒုတိယအဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဒေါ့မန် ကတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဖရန့်ဖတ်ရဲ့ အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဖရန့်ဖတ်ဟာ ပိုကယ်ဖလားမှာ ဒေါ့မန်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်တဲ့ အသင်း ဖြစ်ပြီး ဒီတစ်ကြိမ် တွေ့ဆုံမှုမှာ ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီးနောက် ဖရန့်ဖတ် ကတော့ ပြီးခဲ့တဲ့ ပွဲမှာ စိန့် ပေါ်လီကို ပြန်လည် အနိုင်ယူရင်း ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ထားနိုင်ပါတယ်။ ပိုကယ်ဖလားမှာ ၅ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ဖရန့်ဖတ်ဟာ ဒီနှစ် ပြိုင်ပွဲရဲ့ ပထမအဆင့်မှာတော့ အသင်းငယ်လေးကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တော့ပ်မိုလာရဲ့ အသင်းက ကံဆိုးစွာနဲ့ပဲ အခုအဆင့်မှာ စောစောစီးစီး ဒေါ့မန်နဲ့ သွားတွေ့နေတာ ဖြစ်ပါတယ်။ ဖရန့်ဖတ်ရဲ့ ဒီရာသီ ခြေစွမ်းကို ပြန်ကြည့်မယ် ဆိုရင်တော့ အားရစရာ မရှိပဲ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ အသင်းထဲမှာလည်း မပါပါဘူး။ ဒါပေမယ့် ဖရန့်ဖတ်က ဒေါ့မန်ကို အိမ်ကွင်းမှာ နောက်ဆုံး ၂ ပွဲဆက် မရှုံးထားပါဘူး။
နီကို ကိုဗက်ရဲ့ ဒေါ့မန် ကတော့ ဒီရာသီမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ဘေယန်မြူးနစ်ကို ရှုံးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲ ရထားပြီး အဝေးကွင်း စွမ်းဆောင်ရည်လည်း မဆိုးပါဘူး။ ဒေါ့မန် ကလည်း ပိုကယ်ဖလား ပထမအဆင့်မှာ လိဂ် ၃ က အသင်းငယ်လေးကို ကျော်ဖြတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲက ဒေါ့မန် အတွက် လွယ်ကူတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်မနေသလို ခြေချော်ခဲ့ရင်လည်း အဓိက ပြိုင်ပွဲ တစ်ခု ကနေ စောစောစီးစီး ထွက်ခွာရမှာ ဖြစ်တာကြောင့် ပေါ့ဆလို့တော့ မရပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ဖြစ်နိုင်ဖွယ် လူစာရင်း

ဖရန့်ဖတ် – ဆန်းတို့စ်၊ ခရစ္စတန်ဆန်၊ ကော့ချ်၊ သီယာတီ၊ ဘရောင်း၊ ဆက်ဟီရီ၊ လာဆန်၊ ကောလင်းန်၊ အူဇွန်၊ ဘာဟိုရာ၊ ဘာကတ်ဒ်
ဒေါ့မန် – ကိုဘယ်၊ အန်တွန်၊ ဇူလာ၊ ဘန်ဆီဘိုင်နီ၊ ရိုင်ယာဆန်၊ ဆာဘစ်ဇာ၊ အန်မီချာ၊ ဆဗန်ဆန်၊ အဒီယီမီ၊ ဘရန့်တ်၊ ဂူရက်ဆီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၃၁ ကြိမ် တွေ့ဆုံရာမှာ ဖရန့်ဖတ်က ၆ ကြိမ်နိုင်၊ ဒေါ့မန်က ၁၉ ကြိမ် နိုင်ပြီး ၆ ကြိမ် သရေကျခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာတော့ ၂ ကြိမ် တွေ့ဆုံဖူးပြီး ၂ ကြိမ်စလုံး ဒေါ့မန်က ဖရန့်ဖတ် အိမ်ကွင်းမှာ အနိုင်ရထားခဲ့ပါတယ်။ ဖရန့်ဖတ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ဒေါ့မန်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေကျပြီး ဖရန့်ဖတ်က ၁ ကြိမ် အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖရန့်ဖတ် နိုင်ရင် ၂.၈၉ ဆ၊ ဒေါ့မန် နိုင်ရင် ၂.၀၆ ဆနဲ့ သရေ ဆိုရင်တော့ ၃.၄၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာတော့ ဒေါ့မန်က ဘက်က ခပ်ပါးပါး ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဘွန်ဒက်စ်လီဂါရဲ့ အသင်းကြီး နှစ်သင်း တွေ့ဆုံမှု ဖြစ်တာနဲ့ အညီ အကြိတ်အနယ် ရှိလာဦးမှာ ဖြစ်ပြီး ကျွန်တော် ကတော့ အပြန်အလှန် သွင်းဂိုးတွေ ခပ်များများ မြင်တွေ့ရမယ်လို့ ထင်ပါတယ်။ အနိုင်ဆိုရင်တော့ ဒေါ့မန် ကိုပဲ သေချာပေါက် ရွေးချယ်ထားရမှာပါ။
ခန့်မှန်းရလဒ်
ဖရန့်ဖတ် ၂-၃ ဒေါ့မန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


