ဒီတစ်ခါမှာတော့ ဩဂုတ်လ ၂၈ အထိ နောက်ဆုံး ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့တွေနဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ပယ်နယ်တီ လွဲချော်ခဲ့ပါတယ်။ ဂျာမန် တတိယတန်း ကလပ် ဝီဟန် ဝိုင်စဘာဒန်နဲ့ ကစားခဲ့တဲ့ ပိုကယ်ဖလား ပွဲစဉ်မှာ ဟယ်ရီကိန်း တစ်ယောက် ပယ်နယ်တီ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ ဟယ်ရီကိန်းက ဘေယန်မြူးနစ် အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၁၆ မိနစ်မှာ ပယ်နယ်တီ ကနေ သွင်းခဲ့ပေမယ့် ပွဲချိန် ၇၆ မိနစ်မှာ ရတဲ့ ပင်နယ်တီကိုတော့ ဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။ ဟယ်ရီကိန်းရဲ့ ၇၆ မိနစ် ပင်နယ်တီ ကန်ချက်ကို ပြိုင်ဘက် ဂိုးသမား ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းက အဲဒီပင်နယ်တီ မလွဲချော်ခင်မှာ ၃၁ ကြိမ်ဆက် ပင်နယ်တီ ဝင်အောင် ကန်သွင်းထားသူလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ ဂျာမန် အောက်တန်း ကလပ်ငယ်လေးကို သာမန် ပွဲချိန် အတွင်း ၂ ဂိုးစီ သရေကျနေခဲ့ပြီး နာကျင်အချိန်ပို ရောက်မှ ဟယ်ရီကိန်းရဲ့ ဂိုးကြောင့်ပဲ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကတော့ တောင်ပံ ကစားသမား မိုဟာမက် ဆာလာ နေရာမှာ အစားထိုးဖို့ ဘေယန်မြူးနစ်က မိုက်ကယ် အိုလစ်ဆီကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လစ်ဗာပူးလ်ဟာ အိုလစ်ဆီကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အထိ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ အိုလစ်ဆီ ကတော့ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါ ကလပ် အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သလို ဒီရာသီမှာလည်း ပုံစံကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အိုလစ်ဆီ ကိုတော့ လစ်ဗာပူးလ် အပြင် ချဲလ်ဆီးနဲ့ မန်စီးတီး တို့ကလည်း စိတ်ဝင်စားနေကြပါတယ်။
ရိုဒရီဂို ကတော့ အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ အရွေးချယ်မခံရတော့တဲ့နောက် ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာဖို့ ပိုမို သေချာလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေက ရိုဒရီဂိုကို ခေါ်ယူချင်နေတဲ့ အာဆင်နယ်နဲ့ မန်စီးတီး တို့ အတွက် ကြီးမားတဲ့ တွန်းအားပေးမှု တစ်ခု ဖြစ်လာဖို့ ရှိနေပါတယ်။

နယ်သာလန် ထိပ်သီး ပီအက်စ်ဗွီ အင်ဟိုဗင် ကတော့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဂျော်ရွှာ ဇီယက်ခ်ဇီးကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ကြောင်း CaughtOffside က ဖော်ပြပါတယ်။
အာဆင်နယ် ကတော့ ပါလ်မီးရက်စ် ဗဟိုနောက်ခံလူ လူးဝစ်ဇ် ဘန်နီဒက်တီ အတွက် ယူရို ၁၀ သန်း (ပေါင် ၈.၆ သန်း) နဲ့ ကမ်းလှမ်းထားပေမယ့် ဘရာဇီး ကလပ် ကတော့ အနည်းဆုံး ယူရို ၁၅ သန်း တောင်းဆိုထားကြောင်း သိရပါတယ်။
လစ်ဗာပူးလ် ကတော့ ဘရန့်ဖို့ဒ် အသင်းခေါင်းဆောင် နာသန် ကောလင်းကို အာဆင်နယ်၊ စပါး တို့နဲ့ အပြိုင် အံ့အားသင့်စွာ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ကိုဘီ မိန်းနူး ကတော့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတာကြောင့် မတူညီတဲ့ ကလပ် အသင်း ၁၀ သင်းလောက်က စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ မိန်းနူးဟာ ချန်ပီယံလိဂ် ကစားခွင့် ရရှိထားတဲ့ ကလပ် အသင်း တစ်ခုကို ပြောင်းရွှေ့ချင်နေကြောင်းလည်း သိရပါတယ်။
နယူးကာဆယ် ကတော့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တိုက်စစ်မှူး ဂျော်ဂျင် စထရန်း လာဆင်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ နဲ့ အပြီးသတ် ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ ဒီကစားသမား ကိုတော့ ငှက်ကြားတွေက ပထမတစ်ကြိမ် ကမ်းလှမ်းထားခဲ့ပေမယ့် ပယ်ချခြင်း ခံထားရပါတယ်။
ဝက်စ်ဟမ်း ကတော့ အန်ဒရေ အိုနာနာကို အငှားနဲ့ ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး ကတော့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ အတ္တလန္တာက အဒမ်မိုလာ လွတ်ခ်မန်းကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.