အခုတစ်ခါမှာတော့ နိုဝင်ဘာ ၂၇ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဗင်နီးစီးယပ်စ်က ဇာဘီ အလွန်ဆိုကို ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ပြီး ရိုဒရီဂို၊ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ၊ ဘရာဟင်မ် ဒီယက်ဇ်၊ အန်းဒရစ်ခ်နဲ့ ဖာလန်း မန်ဒီ တို့ကလည်း ရီးရဲလ်မက်ဒရစ် မန်နေဂျာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပါဝင်နေကြောင်း သိရပါတယ်။ အက်ဒူယာဒို ကာမာဗင်ဂါ ကလည်း နည်းပြရဲ့ စွမ်းဆောင်ရည် အပေါ် သံသယတွေ ရှိနေကြောင်းလည်း သတင်းတွေ ထွက်နေပါတယ်။
နီကို ပက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်ဆီ ပြန်လာဖို့ အဆိုပြုချက်ကို လက်ခံပြီး ဖြစ်ကြောင်း သိရပါတယ်။ ကိုမို ကြယ်ပွင့် ကစားသမားဟာ သူ့ရဲ့ ယူရို ၉ သန်း (ဒေါ်လာ ၁၀.၄ သန်း) ပြန်လည် ဝယ်ယူခွင့် သဘောတူညီချက်ကို အသက်သွင်းပြီး လာမယ့် နွေရာသီမှာ စပိန်မြို့တော်ဆီ ပြန်လည် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ကစားသမားက ချဲလ်ဆီးနဲ့ စပါး တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း လာမယ့် နွေရာသီ မှာတော့ လာလီဂါ ကလပ်ဆီ ပြန်လည် ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပြင်သစ် နောက်ခံလူ ဒါယော့တ် အူပါမီကာနိုကို စောင့်ကြည့်ဖို့ ကင်းထောက်တွေ စေလွှတ်ခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အစောပိုင်းမှာ ကိုနာတေးကို ခေါ်ယူချင်ခဲ့ပေမယ့် လက်ရှိမှာတော့ အူပါမီကာနိုကို ပြောင်းလဲ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန် ကတော့ ဒီနွေရာသီမှာ ရောဘတ် လီဝမ်ဒေါစကီးကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Calciomercato က ဖော်ပြပါတယ်။ လာလီဂါ ကလပ် ကလည်း လီဝမ်ဒေါစကီးကို ရာသီအကုန်မှာ လက်လွှတ်သွားဖို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ် ကစားသမား ၃ ဦး ကတော့ လာမယ့် ဇန်နဝါရီမှာ အသင်း ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးရဲလ်မက်ဒရစ်နဲ့ အနာဂတ် မသေချာတဲ့ ကစားသမား စာရင်း မှာတော့ ရိုဒရီဂိုနဲ့ အတူ ကာမာဗင်ဂါ၊ ဂွန်ဇာလို ဂါစီယာ တို့လည်း ပါဝင်နေကြောင်း သိရပါတယ်။
အသင်းမှာ ရှိတဲ့ ကစားသမားတွေဟာ ဇာဘီ အလွန်ဆို အပေါ် မကျေနပ်မှုတွေ တိုးပွားလာနေတာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ဇနက်ဒင် ဇီဒန်းကို အစားထိုးမယ့်သူ အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ပြင်သစ် လက်ရွေးစင် အသင်းကို တာဝန်ယူဖို့ စောင့်ဆိုင်းနေတယ်လို့ ယူဆရတဲ့ ပြင်သစ်သားဟာ လက်ရှိမှာ အလွတ် အေးဂျင့်လည်း ဖြစ်ပါတယ်။
ဘာစီလိုနာရဲ့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ပါဘူး။ အင်္ဂလန်သားဟာ လက်ရှိ ဂျာမန်မြေမှာ တည်ငြိမ်တဲ့ ခြေစွမ်းကို ရရှိထားတာကြောင့် ဘေယန်မြူးနစ်မှာပဲ ဆက်နေဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါ့အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကလည်း ဟယ်ရီ ကိန်းကို အလျင်စလို ဆုံးဖြတ်ချက်မချနိုင်အောင် ဟန့်တားထားပါတယ်။
ရောဘတ် လီဝမ်ဒေါစကီး ကတော့ ဖီနာဘာချီကို ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။ ပိုလန် တိုက်စစ်မှူးဟာ လာမယ့် ဇန်နဝါရီလမှာ အသင်း ပြောင်းရွှေ့ဖို့ စိတ်မဝင်စားပေမယ့် လက်ရှိ အခြေအနေတွေ ကတော့ မတည်မငြိမ် ဖြစ်နေတယ်လို့ သိရပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ပါဘလို ဘာရီယို့စ်ဟာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆွဲဆောင်ခံရနိုင်ပေမယ့် တီကိုက စပိန်သားကို အသင်းမှာ ဆက်ထိန်းထားချင်နေပါတယ်။ ချဲလ်ဆီးဟာ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းမှုတွေကို ပြုလုပ်ဖို့ ပစ်မှတ်ထားနေချိန်မှာ ဘာရီယို့စ် အတွက် သူတို့ရဲ့ ချဉ်းကပ်မှုကို အဆင့်မြှင့်တင်ချင်နေပုံ ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


