ယနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီယားလိဂ် ပွဲစဉ် မှာတော့ နယူးကာဆယ်က မန်စီးတီးကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၂-၁ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ ငှက်ကြားတွေက သူတို့ရဲ့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ကြောက်မက်ဖွယ်ရာကောင်းတဲ့ ကစားဟန်နဲ့ အတူ ပပ် ဂွါဒီယိုလာရဲ့ အသင်းကို ချိုးဖျက်ပြသွားခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ နယူးကာဆယ် ဘက်မှာ ဂေါ်ဒွန်၊ ဒန်ဘန်း၊ ထရစ်ပီယာ၊ အိုဆူလာ၊ ဝစ်ဆာ တို့က လွဲလို့ ကျန်အဓိက ကစားသမား အားလုံး ပါဝင်ခဲ့ပါတယ်။ မန်စီးတီး ဘက်မှာလည်း ကိုဗာချစ်နဲ့ ရိုဒရီ တို့က လွဲလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ နယူးကာဆယ်ကို ရင်ဆိုင်သွားခဲ့ပါတယ်။ မန်စီးတီးဟာ ဟာလန်း၊ ဒိုကု၊ ဖိုဒန်၊ ဆေးလ်ဗား၊ ချာကီ စတဲ့ တိုက်စစ် ကစားသမား အစုံအလင်နဲ့ ကွင်းလယ်မှာ နီကို ဂွန်ဇာလတ်ဇ်ကို ထားပြီး နောက်တန်း ကလည်း တောင့်တင်းခဲ့ပါတယ်။
ဒီပွဲမှာ ပြိုင်ဘက် မန်စီးတီးက ပြိုင်ဘက်ကို ပွဲစကတည်းက အစစ အရာရာ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် နယူးကာဆယ်ရဲ့ အိမ်ကွင်း ကစားပုံ မာကျောမှုနဲ့ ကျစ်လျစ်တဲ့ ခံစစ် ကစားပုံကြောင့် ဂိုးရဖို့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ နယူးကာဆယ် ခံစစ်က မန်စီးတီး တိုက်စစ်က ဂိုးမြူးနေပါတယ် ဆိုတဲ့ အာလင်း ဟာလန်းကို အိတ်ကပ်ထဲ ထည့်ထားနိုင်ခဲ့လို့ နော်ဝေသားလည်း လှုပ်မရခဲ့ပါဘူး။
နယူးကာဆယ် ဘက်မှာတော့ ဂီမာရေးစ်၊ ဂျိုးလင်တန်နဲ့ တိုနာလီ တို့ရဲ့ ကွင်းလယ်က အတက်အဆင်းမှန်မှန်နဲ့ ကစားသွားခဲ့ပြီး ပြိုင်ဘက် ကွင်းလယ် စုဖွဲ့မှာထက် သာလွန်ခဲ့တာ တွေ့ရပါတယ်။ ပွဲစကတည်း အပြန်အလှန် တိုက်စစ်ဆင်ခဲ့ကြပြီး အကြိတ်အနယ် ရှိကာ ကြည့်ကောင်းခဲ့ပါတယ်။ ဟာဗီ ဘန်းစ်၊ ဝေါလ်တီမာဒီတို့ ပွဲချိန် အစောပိုင်းမှာ အပိုင်အခွင့်အရေးတွေ အကြိမ်ကြိမ် ဖြုန်းတီးခဲ့ပေမယ့် အသင်း အတွက် အရေးပါတဲ့ သွင်းဂိုး ၂ ဂိုး စလုံး ကိုတော့ ဘန်းစ်က သွင်းယူနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်နေခဲ့ပေမယ့် ဒုတိယပိုင်း ၆၃ မိနစ်မှာ ဘန်းစ်က အိမ်ရှင် အသင်း အတွက် ဂိုးစတင် သွင်းယူပေးခဲ့သလို ၆၈ မိနစ်မှာ ရူဘင် ဒီးရာ့စ်က မန်စီးတီး အတွက် ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် မိနစ် ၇၀ မှာ ဘန်းစ်က ငှက်ကြားတွေ အတွက် အနိုင်ဂိုး ထပ်မံ သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ လူစားလဲမှုတွေ ကိုယ်စီ ပြုလုပ်ခဲ့ပြီးတော့ မန်စီးတီးတို့ လိုအပ်နေတဲ့ ဂိုးတွေ အတွက် အားစိုက်ခဲ့ပေမယ့် ကာဆယ်က ခံစစ် အားပြုပြီး အနိုင်ရလဒ်ကို ထိန်းခဲ့တာကြောင့် ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ အဓိက ကတော့ မန်စီးတီးက Build up play မှာ ကောင်းမွန်ခဲ့ပေမယ့် Final Third မှာတော့ ဖြုန်းတီးမှုတွေ များခဲ့လို့ ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပါတယ်။
ဒီပွဲရလဒ်ကြောင့် မန်စီးတီးက ပရီးမီယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာကို ချဲလ်ဆီးထံ လွှဲပြောင်းပေးခဲ့ရပြီး အာဆင်နယ်နဲ့လည်း ၄ မှတ် ပြတ်နေဆဲ ဖြစ်ပါတယ်။ အကယ်၍ ဒီနေ့မှာ အာဆင်နယ် အနေနဲ့ ရလဒ်ကောင်းခဲ့မယ် ဆိုရင်တော့ မန်စီးတီးရော လစ်ဗာပူးလ်ပါ ဂန်းနားတွေနဲ့ အမှတ် ထပ်ပြတ်သွားမှာလည်း ဖြစ်ပါတယ်။ နယူးကာဆယ် ကတော့ နိုင်ပွဲ ရခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ငှက်ကြားတွေက ဇယား အလယ်က အသင်းတွေနဲ့ ရမှတ် ကွာဟချက် ကျဉ်းမြောင်းနေလို့ သိပ်တော့ စိုးရိမ်စရာ မရှိပါဘူး။
မန်စီးတီးဟာ လာမယ့် နိုဝင်ဘာ ၂၉ မှာ လိဒ်စ်ယူနိုက်တက်နဲ့ အိမ်ကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပြီး နယူးကာဆယ် ကတော့ အဲဗာတန်ကို ဟေးလ်ဒစ်ကင်ဆင် မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


