နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂရစ်ဇ်မန်း (သို့မဟုတ်) လာလီဂါရဲ့ စံချိန်များနဲ့ လူသား

အက်တလက်တီကိုမက်ဒရစ်ရဲ့ ပြင်သစ် တိုက်စစ် ကစားသမား အန်တွန် ဂရစ်ဇ်မန်း ကတော့ လာလီဂါမှာ သွင်းဂိုး ၂၀၀ ပြည့်တဲ့ ၁၁ ဦးမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ အခုတစ်ပတ် ဆီဗီလာနဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ၁ ဂိုး သွင်းယူခဲ့ပြီးနောက် ဒီမှတ်တမ်း စံချိန်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၀၉ ခုနှစ်ကတည်းက လာလီဂါမှာ ကစားနေခဲ့သူ ဖြစ်ပြီး ရီးရဲလ်ဆိုစီဒက် အတွက် ဂိုး ၄၀၊ ဘာစီလိုနာ အတွက် ၂၂ ဂိုး၊ အက်တလက်တီကိုမက်ဒရစ် အတွက် ၁၃၈ ဂိုး သွင်းယူထားခဲ့တာပါ။ ဂရစ်ဇ်မန်းဟာ သူ့ရဲ့ လာလီဂါ ပွဲဦးထွက်ကို ၂၀၁၀ မှာ စတင်ခဲ့ပြီး ပထမဦးဆုံး လာလီဂါ သွင်းဂိုး ကိုတော့ ၂၀၁၀ ခုနှစ် အောက်တိုဘာမှာ ကစားခဲ့တဲ့ ဒီပိုတီဗိုနဲ့ ပွဲမှာ စတင် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီဗီလာနဲ့ ပွဲမှာ သွင်းဂိုး ၂၀၀ ပြည့်ခဲ့တဲ့ ဂရစ်ဇ်မန်းက ၂၁ ရာစု အတွင်းမှာ ဆိုရင်တော့ လာလီဂါ ဂိုး ၂၀၀ ပြည့် သွင်းယူနိုင်တဲ့ ပဉ္စမမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ လာလီဂါမှာ ဂိုးအများဆုံး သွင်းထားသူ ကတော့ ယခင် ဘာစီလိုနာ ကစားသမားဟောင်း လီယွန်နယ် မက်ဆီ (၄၇၄ ဂိုး) ဖြစ်ပါတယ်။ သူ့နောက် မှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုက (၃၁၁ ဂိုး)၊ တယ်လ် မိုဇာရာ (၂၅၁ ဂိုး)၊ ဘန်ဇီမာ (၂၃၈ ဂိုး)၊ ဟူဂို ဆန်းချက်ဇ် (၂၃၄ ဂိုး)၊ ရာအူးလ် (၂၂၈ ဂိုး)၊ ဒီစတီဖာနို (၂၂၇ ဂိုး)၊ စီဆာ (၂၂၁ ဂိုး)၊ ကီနီ (၂၁၉ ဂိုး)၊ ပယ်ဟင်ဟို (၂၁၂ ဂိုး) နဲ့ ဂရီးဇ်မန်း (ဂိုး ၂၀၀) တို့က အစဥ်လိုက် ရပ်တည်နေပါတယ်။

ဂရစ်ဇ်မန်းဟာ ၂၀၀၉ ခုနှစ်ကတည်းက လာလီဂါမှာ ကစားနေခဲ့သူ ဖြစ်ပြီး ရီးရဲလ်ဆိုစီဒက် အတွက် ဂိုး ၄၀၊ ဘာစီလိုနာ အတွက် ၂၂ ဂိုး၊ အက်တလက်တီကိုမက်ဒရစ် အတွက် ၁၃၈ ဂိုး သွင်းယူထားခဲ့တာပါ။
အက်တလက်တီကိုမက်ဒရစ် အတွက် စုစုပေါင်း ၂၀၁ ဂိုး သွင်းယူထားတဲ့ ဂရစ်ဇ်မန်း

ဒါ့အပြင် ဂရစ်ဇ်မန်းက အက်တလက်တီကိုမက်ဒရစ် အတွက် သွင်းဂိုး ၂၀၀ ပြည့်တဲ့ ပထမဦးဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားပါသေးတယ်။ ဂရစ်ဇ်မန်းဟာ ဖရန့်ဖတ်ကို ၅-၁နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ ၁ ဂိုး သွင်းနိုင်ခဲ့ပြီးနောက် အခုလို မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ် ပြင်သစ် တိုက်စစ် ကစားသမား အန်တွန် ဂရစ်ဇ်မန်းက လက်ရှိမှာ အက်တလက်တီကိုမက်ဒရစ်ရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဂရစ်ဇ်မန်း ပြီးနောက် ဂိုးအများဆုံး သွင်းထားသူတွေ ကတော့ လူးဝစ္စ အာရာဂိုးနက်စ် (၁၅၉ ဂိုး)၊ အက်ဒရီယန် အက်စ်ကူဒီရို (၁၅၃ ဂိုး)၊ ဖာနန်ဒို တောရက်စ် (၁၂၉ ဂိုး)နဲ့ ဂါရတ်တီ (၁၂၇ ဂိုး) တို့ပဲ ဖြစ်ပါတယ်။ ဂရစ်ဇ်မန်းဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ပွဲပေါင်း ၄၅၉ ပွဲ ကစားပြီး သွင်းဂိုး ကတော့ ၂၀၁ ဂိုး ရှိထားပါတယ်။ ဒါ့အပြင် ဂရစ်ဇ်မန်းက မိနစ် ၁၆၀ ကျော်တိုင်း ၁ ဂိုး သွင်းယူပေးထားနိုင်တာလည်း ဖြစ်ပါတယ်။

လက်ရှိရာသီမှာ ဂရစ်ဇ်မန်းရဲ့ အက်တလက်တီကိုမက်ဒရစ် ကတော့ လာလီဂါ ၁၁ ပွဲ ကစားပြီးချိန်မှာ ၆ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။ တီကိုဟာ လာမယ့် ပွဲစဉ်တွေ အဖြစ် ယူနီယံ စိန့်ဂလွိုက်စ် (ချန်ပီယံလိဂ်)၊ လီဗန်တေး (လာလီဂါ) တို့နဲ့ ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်