နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူခွင့် ရဖို့ မျှော်လင့်နေတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်း ကနေ ထွက်ခွာချင်သူတွေကို စိတ်ပျက်လျက် ရှိပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူခွင့် ရဖို့ မျှော်လင့်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် အာဖရိကနိုင်ငံများဖလား အတွက် အဓိက ကစားသမား တချို့ကို လက်လွှတ်ရဖို့ ရှိနေပါတယ်။ ဒါကြောင့် အမော်ရင်က အသင်းမှာ လူအင်အား နည်းပါးသွားမှာကို စိုးရိမ်နေပြီး အခုလိုပဲ ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ သူတို့ရဲ့ အဓိက တိုက်စစ် ကစားသမား ၂ ဦး ဖြစ်တဲ့ အာမက်ဒ် ဒီယာလိုနဲ့ ဘရိုင်ယန် အမ်ဘူမို တို့ကို အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဆီ စေလွှတ်ရမှာ ဖြစ်သလို ပွဲထွက် ကစားခွင့် ရဖို့ ရုန်းကန်နေရတဲ့ ကိုဘီ မိန်းနူးနဲ့ ဂျော်ရွှာ ဇစ်ခ်ဇီး တို့ကလည်း လာမယ့် ဇန်နဝါရီလ အတွင်း အငှားနဲ့ ထွက်ခွင့်ရဖို့ တောင်းဆိုသွားဖွယ် ရှိနေပါတယ်။

ကိုဘီ မိန်းနူးဟာ လက်ရှိ ရာသီမှာ ခရာဘောင်ဖလား ပွဲစဉ် ၁ ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ပြီးခဲ့တဲ့ နွေရာသီတုန်း ကလည်း သူကိုယ်တိုင်က အသင်း ကနေ အငှားနဲ့ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အမော်ရင်က ငြင်းဆန် ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဇစ်ခ်ဇီး ကလည်း နယ်သာလန်နဲ့ အတူ ကမ္ဘာ့ဖလား ကစားချင်တာကြောင့် ပုံမှန် ပွဲထွက်ကစားခွင့် ရနိုင်မယ့် အသင်း တစ်သင်းဆီ ပြောင်းရွှေ့လိုနေပါတယ်။ ဇစ်ခ်ဇီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် အတွက် အရန် ကစားသမား အဖြစ် ၅ ပွဲသာ ပါဝင်ခွင့်ရတားပါတယ်။

အမော်ရင် အနေနဲ့လည်း လက်ရှိ ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းကို အမာခံ အဖြစ် အသုံးပြုသွားဖို့ ရှိနေတာကြောင့် အပြောင်းအလဲ လုပ်ဖို့ အခက်အခဲ ရှိနေပါတယ်။ အမော်ရင်က “ကိုဘီ မိန်းနူးဟာ ပွဲကစားချိန် ပိုရဖို့ လိုအပ်နေပြီး ၁ ပွဲသာ ပွဲထွက်ကစားခွင့် ရခဲ့တာက သူ့အတွက် အဆင်မပြေပါဘူး။ နောက်နှစ်ကျရင်လည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပမှာ ဖြစ်လို ပုံမှန် ကစားခွင့် မရတဲ့ တချို့သော ကစားသမားတွေဟာ အသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုလာမှာ သေချာပါတယ်။”

ဇစ်ခ်ဇီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် အတွက် အရန် ကစားသမား အဖြစ် ၅ ပွဲသာ ပါဝင်ခွင့်ရတားပါတယ်။
ယူနိုက်တက် အတွက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေကြတဲ့ ဇစ်ခ်ဇီးနဲ့ မိန်းနူး

“အဲဒါကြောင့် အရာအားလုံး အဆင်ပြေအောင် ကျွန်တော် စီစဉ် ဆောင်ရွက်သွားရမှာပါ။ လာမယ့် ဇန်နဝါရီကျရင် အသင်းရဲ့ အနာဂတ် အတွက် အားထားရမယ့် ကစားသမားတွေကို ခေါ်ယူသွားချင်ပါတယ်။ ဘာတွေဖြစ်လာမလဲ ဆိုတာ မသိသေးပေမယ့် ကျွန်တော်တို့ ကတော့ အသင်းကို ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ ဆိုတာ စဉ်းစားသွားမှာ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမော်ရင်က လာမယ့် ဆောင်းရာသီမှာ အသင်းက ထွက်ချင်နေတဲ့ ကစားသမားတွေ အပေါ် အမြင်မကြည် ဖြစ်နေကြောင်း သိရပါတယ်။ အသင်းဟာ အခုမှ ဟန်ချက်ညီလာခဲ့ပေမယ့် ကစားသမား တချို့က ပွဲထွက်ကန့်သက်ခံထားရမှုကြောင့် အသင်းမှ ထွက်ခွာလိုနေသလို တချို့သော ပွဲထွက် ကစားသမားတွေ ကိုလည်း နိုင်ငံအသင်း အတွက် စေလွှတ်ရမှာ ဖြစ်တာကြောင့် အမော်ရင် အနေနဲ့ ခေါင်းကိုက်နေရတာ ဖြစ်ပါတယ်။

“ကစားသမားတွေကို ပြောလိုတာက ပွဲထွက်ခွင့် လိုချင်နေတာ သိပေမယ့် အဲ့ဒီ အရာ အတွက် အချိန် တစ်ခုတော့ စောင့်ဆိုင်းပေးစေချင်ပါတယ်။ ကက်စမဲရိုး ကိုပဲ ကြည့်နိုင်ပါတယ်။ သူဆိုရင် ပွဲထွက် ၁၁ ယောက် စာရင်းထဲ ပါဝင်ခြင်း မရှိခဲ့ပေမယ့် အခုသူ ပြန်ပါနေရပါပြီ။ အသင်းမှာ ရှိတဲ့ ကစားသမားတွေ အတွက်လည်း အဲ့ဒီအတိုင်းပါပဲ၊ ဒီနှစ် မရရင်တောင် နောက်နှစ် အတွက် ကြိုးစားခွင့် ရှိနေပါသေးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာတော့ အမော်ရင်ရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ဆက်နေမှု ရပ်တန့်သွားခဲ့ပြီး လာမယ့် တစ်ပတ်မှာလည်း စပါးနဲ့ ကစားရဦးမှာပါ။ မန်ချက်စတာယူနိုက်တက်ဟာ လက်တလော အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီးတော့ ဇယားထိပ်က အာဆင်နယ်နဲ့ ၈ မှတ် ကွာဟသွားခဲ့ပါပြီ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်