နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟန်ဆီ ဖလစ်ခ် သက်တမ်း မတိုးရင် အန်နရီကေးကို ပြန်ခေါ်မယ့် ဘာဆာ၊ ရိုဒရီဂိုကို ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိစေချင်တဲ့ အလွန်ဆို | လာလီဂါ

အခုတစ်ခါမှာတော့ နိုဝင်ဘာ ၂ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကတော့ ဟန်ဆီ ဖလစ်ခ် အနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း မတိုးဘူး ဆိုရင် ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးကို ပြန်လည် ခန့်အပ်ဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါက ကောလာဟလသာ ဖြစ်နိုင်ပြီး လက်ရှိ အခြေအနေအရတော့ ဖြစ်နိုင်ခြေ နည်းလွန်းတဲ့ သတင်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ခရစ္စတယ်ပဲလေ့စ် ကနေ မာ့ခ် ဂူဟီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပြီး ဇန်နဝါရီလမှာ နှစ်ဖက် အသင်းကြား စာချုပ်ချုပ်ဆိုဖို့ ညှိနှိုင်းဖွယ် ရှိနေကြောင်း The Sun က ဖော်ပြပါတယ်။

ကတ်တလန် ကလပ်ဟာ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ ရေရှည်ဆက်ခံသူကို ရှာဖွေနေပြီး ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို စဉ်းစားနေတယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ် အရွယ် ကစားသမား ကတော့ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ယူရို ၆၅ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ရှိနေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ရိုဒရီဂိုရဲ့ အနာဂတ်ဟာ ဟန်ချက်ညီနေဆဲ ဖြစ်ပြီး ဇာဘီ အလွန်ဆို ကလည်း ဘရာဇီးလ်သား အနေနဲ့ ဘာနေဗျူးမှာ ဆက်ရှိနေမယ် ဆိုရင် လုံးဝ ကွဲပြားခြားနားသွားလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ကာလတွေမှာ လာလီဂါ ကလပ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် နည်းပြ ဇာဘီ အလွန်ဆို ကတော့ လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်ခင် မော်ရင်ဟို ကျင့်သုံးနေတဲ့ နည်းစနစ် တစ်ခုကို စတင် ကျင့်သုံးလာခဲ့ပြီ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ရဲ့ အန်ဖီးလ်ဆီ သွားရောက် ကစားရမယ့် ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ ရာသီ ထိပ်တိုက်တွေ့ဆုံခဲ့တုန်းက မက် အယ်လစ္စတာ၊ ကိုဒီ ဂတ်ပို တို့ရဲ့ သွင်းဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ဖူးပြီး ဒီတစ်ကြိမ် မှာတော့ ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ပိုမို ရေပန်းစားနေပါတယ်။

မော်ရင်ဟိုဟာ ပြိုင်ပွဲတွေ မကစားခင် တစ်ရက်အလိုမှာ ပြိုင်ဘက် အိမ်ကွင်းမှာ ဘယ်တော့မှ လေ့ကျင့်လေ့ရှိသူ မဟုတ်တာကြောင့် ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ သမိုင်းတစ်လျှောက် မော်ရင်ဟို ပြီးနောက် အလွန်ဆိုက ယခုနည်းစနစ်ကို ပထမဆုံး စတင် ကျင့်သုံးသူ ဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ်နဲ့ ကစားဖို့ မထွက်ခွာခင် ကတည်းက ၎င်းတို့ လေ့ကျင့်ကွင်းမှာ အပြီးသတ် လေ့ကျင့်လာမှာ ဖြစ်ပြီး အန်းဖီးလ်မှာ ပြုလုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကို အလွန်ဆိုနဲ့ အခြား ကစားသမား တစ်ဦးသာ တက်ရောက်လာဖို့ ရှိနေပါတယ်။

ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ ကာလတွေမှာ လာလီဂါ ကလပ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။
ရိုဒရီဂိုကို အနာဂတ် စီမံကိန်းထဲမှာ ထည့်သွင်းထားဆဲ ဖြစ်တဲ့ အလွန်ဆို

အာဆင်နယ် ဂန္တဝင် နောက်ခံလူဟောင်း ပက်ထရစ် ဗီအဲရာ ကတော့ ယခုတစ်ခေါက် နောက်ဆုံး ကိုင်တွယ်နေတဲ့ ဂျီနိုအာနဲ့ ထပ်မံ လမ်းခွဲခဲ့ရပါတယ်။ ဒီရာသီ နိုင်ပွဲတစ်ပွဲမှ မရယူနိုင်ခဲ့တဲ့ ဗီအဲရာကို ဂျီနိုအာ ဘက်က ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့တာကြောင့် ယခုလို ထုတ်ပယ်လိုက်တာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အသင်းထံ စတင်ရောက်လာခဲ့စဉ်တုန်း ကတော့ အဆင့် ၁၃ နဲ့ ရာသီသိမ်းစေခဲ့သူ ဖြစ်ပါတယ်။

ဂျီနိုအာကို ၃၉ ပွဲသာ တာဝန်ယူခဲ့ရတဲ့ ဗီအဲရာဟာ နောက်ဆုံး ပွဲစဉ် အဖြစ် ဗာဒီရဲ့ ခရီမိုနိစ်နဲ့ ပွဲမှာ ၂ ဂိုးပြတ် ရှုံးခဲ့ပြီးနောက် အသင်းကို အမှတ်ပေးဇယားအောက်မှာသာ ရပ်တည်နေစေခဲ့ရတာ ဖြစ်ပါတယ်။ ဗီအဲရာဟာ ကစားသမားဘဝ အောင်မြင်မှုတွေ ရခဲ့ပေမယ့် နည်းပြ ဘဝ မှာတော့ လောက်လောက်လားလား စွမ်းဆောင်ပြနိုင်ခြင်း မရှိပဲ မန်စီးတီး လူငယ်အသင်းကို စတင် ကိုင်တွယ်ခဲ့သလို ခရစ္စတယ်ပဲလေ့စ် ကိုလည်း ၂၀၂၁ ကနေ ၂၀၂၃ အထိ ကိုင်တွယ်ခဲ့ဖူးပါတယ်။

အက်စတွန်ဗီလာကို ၂-၀ နဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခြေစွမ်းပြ ဂိုးသွင်းခဲ့တဲ့ မိုဟာမက် ဆာလာဟာ လစ်ဗာပူးလ် ကစားသမားဘ၀ သွင်းဂိုး ၂၅၀ ပြည့်မြောက်ခဲ့ပါတယ်။ အခုပွဲ မတိုင်ခင် ပြိုင်ပွဲစုံ ၇ ပွဲမှာ ၆ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ လစ်ဗာပူးလ်ဟာ အိမ်ကွင်းမှာ မဖြစ်မနေ အနိုင်ယူဖို့ ကြိုးပမ်းခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ်ရဲ့ အမှားကနေ ဆာလာက အဖွင့်ဂိုး သွင်းခဲ့ပါတယ်။

လက်ရှိ မှာတော့ ဆာလာက လစ်ဗာပူးလ် ဂန္ထဝင်တွေ ဖြစ်ကြတဲ့ ရော်ဂျာ ဟန့် (၂၈၅ ဂိုး)၊ အီယန် ရက်ရှ် (၃၄၆ ဂိုး)တို့ ပြီးရင် အသင်းရဲ့ သမိုင်းတစ်လျှောက် တတိယမြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ဆာလာဟာ ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်အတွက် ၂၉၈ ပွဲကစား၊ ၁၈၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၈၈ ကြိမ် ပြုလုပ်ထားပြီး မန်ချက်စတာယူနိုက်တက် ဂန္ထဝင် တိုက်စစ်မှူး ဝိန်း ရွန်နီနဲ့ အတူ ကလပ် အသင်း တစ်သင်း အတွက် ပရီးမီးယားလိဂ် သွင်းဂိုးနဲ့ ပါဝင် ပတ်သက်မှု အများဆုံး အဖြစ် ၂၇၆ ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်