ရိုဒရီဂို အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ပွဲချိန်များများ မကစားရလဲ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် လိုအပ်ကြောင်း နည်းပြ ကာလို အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။ ရိုဒရီဂို ကတော့ နည်းပြ ဇာဘီ အလွန်ဆို လက်ထက် ဒီရာသီမှာ လာလီဂါ ကလပ် အတွက် ပွဲချိန်အနည်းငယ်သာ ပါဝင်ကစားခွင့်ရရှိနေသူ ဖြစ်ပါတယ်။
ရိုဒရီဂိုဟာ အခုရာသီ ပြိုင်ပွဲစုံ အရပ်ရပ်မှာ နှစ်ပွဲသာ ပွဲထွက် ကစားသမား အဖြစ် စတင်ခွင့်ရခဲ့ပြီး ရီးရဲလ် အိုဗီဒိုနဲ့ လာလီဂါ ပွဲစဉ်၊ မာဆေးလ်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားက အဲဒီပွဲတွေ မှာလည်း မိနစ် ၉၀ ပြည့် မကစားခဲ့ရပဲ ၆၃ မိနစ်စီသာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ကျန်ပွဲတွေ မှာတော့ ရိုဒရီဂိုက အများဆုံး အနေနဲ့ မိနစ် ၂၀ ဝန်းကျင်သာ ကစားထားရပါတယ်။ ကိုင်ရတ် အဲလ်မာတီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဆိုရင်လည်း အလွန်ဆိုက ရိုဒရီဂိုကို ညာတောင်ပံမှာ ဖရန်ကို မက်စတန်တူအိုနိုရဲ့ နောက်မှသာ အရန်ကစားသမား အဖြစ် မိနစ် ၂၀ ပဲ ပွဲထွက်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ရိုဒရီဂိုက ကာမာဗင်ဂါရဲ့ ဂိုး အတွက် ဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။
ရိုဒရီဂိုဟာ သူ့ အနေနဲ့ ကလပ် အသင်းနဲ့ စိတ်ပျက်စရာ အခြေအနေတွေကို ကျော်ဖြတ်နေရင်တောင်မှ နိုင်ငံတကာ လက်ရွေးစင် အသင်း အတွက် ပွဲထွက်ခွင့် အလားအလာကို ထိခိုက်နိုင်ဖို့တော့ မရှိပါဘူး။ “ရိုဒရီဂိုက အများကြီး မကစားရပေမယ့် သူကစားချိန်တိုင်း ကောင်းကောင်း လုပ်ဆောင်ပါတယ်။” လို့ အန်ဆယ်လော့တီက တောင်ကိုရီးယား၊ ဂျပန် တို့နဲ့ ကစားမယ့် ခြေစမ်းပွဲစဉ်တွေ အတွက် ဘရာဇီးလ်ရဲ လူစာရင်းအသစ်ကို ထုတ်ပြန်ပြီးနောက် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
“သူဟာ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ပြီး ဒီမှာ ရှိနေဖို့ အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။ သူဟာ နိုင်ငံ အသင်း အတွက် အရမ်းပဲ အရေးကြီးတဲ့ ကစားသမား တစ်ယောက်ပါ၊ သူ့မှာ အလွန် အရေးကြီးတဲ့ နည်းစနစ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ရှိပြီး နေရာတိုင်းမှာ ကစားနိုင်ပါတယ်။ ဒါကြောင့် သူအသင်း အတွက် အများကြီး လုပ်ဆောင်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”

“ရိုဒရီဂိုကို လူတိုင်း သိပါတယ်။ သူ (ရီးရဲလ်မက်ဒရစ်) မှာ ပြဿနာ တချို့ ရှိခဲ့ပေမယ့် ဒါတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက အရမ်း ကောင်းမွန်ပြီး သူ့ကို ကျွန်တော် တို့နဲ့ အတူရှိစေချင်တယ်။” လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။
ရိုဒရီဂိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလ တလျှောက်လုံး လာလီဂါ ကလပ် ကနေ ထွက်ခွာဖို့ သတင်းတွေ ကြီးခဲ့သူ ဖြစ်ပါတယ်။ သူ့ကိုတော့ မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကို ချဉ်းကပ်ခဲ့ကြပြီးတော့ လက်ရှိ မှာတော့ ဘေယန်မြူးနစ်နဲ့ သတင်းတွေ ထွက်နေပြန်ပါတယ်။ ဒါပေမယ့်လည်း ကောလာဟလ မျိုးစုံ ထွက်ပေါ်ခဲ့သည့် တိုင်အောင် လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် ကတော့ ရိုဒရီဂိုကို လုံးဝ ရောင်းထုတ်ခဲ့ခြင်း မရှိပါဘူး။
၂၀၁၉ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို စတင် ရောက်ရှိလာခဲ့တဲ့ ရိုဒရီဂိုက ပြီးခဲ့တဲ့ ၆ ရာသီ အတွင်း ပြိုင်ပွဲစုံ ၂၇၇ ပွဲ ကစားကာ ၆၈ ဂိုး သွင်းယူပေးထားပါတယ်။ ဒါ့အပြင် ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်နဲ့ အတူ လာလီဂါ ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်၊ ကလပ် ကမ္ဘာ့ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား များစွာ ကိုင်မြှောက်ထားနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.