ခရစ္စတယ်ပဲလေ့စ် ကတော့ မနေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါကွန့်ဖရန့်လိဂ် ပွဲစဉ်မှာ ဒိုင်နမိုကိဗ်ကို ၂-၀နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒါကြောင့် သိမ်းငှက်တွေဟာ နည်းပြ အိုလီဗာ ဂလက်စ်နာနဲ့ အတူ ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိတာ ၁၉ ပွဲ အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက ပရီးမီးယားလိဂ်မှာ နယူးကာဆယ်ကို ၀-၅နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲမှာ ၁၁ ပွဲ နိုင်၊ ၈ ပွဲ သရေကျခဲ့ကာ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ရှေ့ဆက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပဲလေ့စ်က လက်ရှိ အချိန်မှာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုထဲမှာ ရှုံးပွဲ မရှိ ပွဲဆက် အများဆုံး အသင်း အဖြစ် ရပ်တည်နေသလို၊ အသင်းရဲ့ သမိုင်းတလျှောက် အရှည်ကြာဆုံး ရှုံးပွဲ မရှိ စံချိန် မှတ်တမ်းကောင်း တစ်ရပ် ကိုလည်း ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်ပါတယ်။ ပဲလေ့စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲ ကစားပြီး ၃ ပွဲနိုင်၊ ၃ ပွဲ သရေကျကာ ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်ဟာ အခုရာသီမှ ဥရောပ ပြိုင်ပွဲကို စတင် ယှဉ်ပြိုင်ခွင့် ရရှိတာ ဖြစ်ပြီး ဒိုင်နမိုကိဗ်ကို အနိုင်ရရှိခဲ့ခြင်းက သူတို့ အတွက် ပထမဦးဆုံး ဥရောပအဆင့် နိုင်ပွဲ အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒီပွဲမှာ ပဲလေ့စ်က ဒိုင်နမိုကိဗ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပေမယ့် ခြေစွမ်းအသာနဲ့ ကစားပြီး ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ် အတွက် အနိုင်ဂိုးတွေ ကိုတော့ မူနော့ဇ်နဲ့ အန်ကတ်တီးယား တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အန်ကတ်တီးယား ကတော့ လစ်ဗာပူးလ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ပဲလေ့စ် အတွက် နောက်ကျ အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။

ဒိုင်နမိုကိဗ်ကို အနိုင်ရပြီးနောက် နည်းပြ ဖြစ်သူ အိုလီဗာ ဂလက်စ်နာက အသင်းဟာ အောင်မြင်မှုတွေကို ဘယ်လောက်အထိ ဆာလောင်နေသလဲ ဆိုတာ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဂလက်စ်နာက “သူတို့က အောင်မြင်ဖို့ အရမ်းဆာလောင်နေပြီး အရမ်းလည်း ရည်မှန်းချက် ကြီးမားပါတယ်။ ဒါကြောင့် ကျွန်တော် တို့က သူတို့ကို တွန်းအားပေးရပါမယ်။ လက်ရှိမှာ သူတို့က အာရုံစူးစိုက်ဖို့ ကလည်း အရမ်းပဲ လွယ်ကူနေပါတယ်။ ဒိုင်နမို ကိဗ်ကို ကျွန်တော်တို့ ကြီးမားတဲ့ လေးစားမှု ရှိပါတယ်။ ဒါကြောင့် ယူရိုပါကွန့်ဖရင့်လိဂ်မှာ အဝေးကွင်းမှာ အနိုင် ၃ မှတ် ရခဲ့တာက အရမ်းပဲ အပြုသဘောဆောင်ပါတယ်။ ကျွန်တော်တို့ အတွက် ပြိုင်ပွဲတိုင်းက အတူတူပါပဲ။ ဒီပြိုင်ပွဲလိုပဲ တခြား ပြိုင်ပွဲ ကလည်း အရေးကြီးပါတယ်။ ပွဲတိုင်းကို အကောင်းဆုံး ပုံစံနဲ့ ရှေ့ဆက်သွားချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ် ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အဖြစ် အဲဗာတန်၊ ဘုန်းမောက် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ လာမယ့် အောင်တိုဘာ ၂၄ ရက်နေ့မှာ ယူရိုပါကွန့်ဖရင့်လိဂ် ပွဲစဉ် ၂ အဖြစ် အေအီးကေ လာနာကာနဲ့ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.