နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ် ပစ်မှတ် ဗစ်တင်ညာ အတွက် ယူရိုသန်း ၁၃၀ သတ်မှတ်လိုက်တဲ့ ပီအက်စ်ဂျီ၊ ဖာရန်း တောရက်စ်ကို ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့တဲ့ ဗီလာ | လာလီဂါ

ဩဂုတ်လ ၇ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ လာလီဂါ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ဗစ်တင်ညာနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ပြီးနောက် ပီအက်စ်ဂျီ ကတော့ သူတို့ရဲ့ ကစားသမား အတွက် ယူရို သန်း ၁၃၀ ကမ်းလှမ်းထားကြောင်း Foot01 က ဖော်ပြပါတယ်။ လာလီဂါ ထိပ်သီး တို့ကတော့ အနာဂတ် အတွက် ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ထိပ်တန်း ကစားသမားတွေ ရှာဖွေနေတာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ မာ့ခ် အန်ဒရေ တာစတီဂျန် တို့အကြား တင်းမာနေချိန် အတွင်း ပီအက်စ်ဂျီ က ဂျာမန်သားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Fichajes က ဖော်ပြပါတယ်။ ဒါပေမယ့်လည်း ဒီအပြောင်းအရွှေ့က ဖြစ်နိုင်ခြေ နည်းပါးကြောင်းလည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

အက်စတွန်ဗီလာ ကတော့ ဖာရန်း တောရက်စ်ကို ယူရို သန်း ၅၀ (အမေရိကန် ဒေါ်လာ ၅၈.၂ သန်း) နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လာလီဂါ ကလပ် ကတော့ စပိန်သားကို ရောင်းထုတ်ဖို့ တွန်းဆုတ်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။

ရိန်းဂျားစ်နဲ့ ဆီဗီလာ တို့ ကတော့ အာဆင်နယ် အရန် ဂိုးသမား ကားလ် ဟိန်းကို ခေါ်ယူဖို့ အတွက် အပြိုင်အဆိုင် ကြိုးပမ်းဖွယ် ရှိနေကြောင်း သိရပါတယ်။ အသက် ၂၃ နှစ် အရွယ် အက်စတိုးနီးယား ဂိုးသမားလေး ကတော့ ပြီးခဲ့တဲ့ ရာသီက လာလီဂါ ကလပ် ရီးရဲလ်ဗယ်လာဒိုးလစ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ ၂၀၂၆ ခုနှစ်မှာ ဘေယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် နောက်ခံလူ ဒါယော့တ် အူပါမီကာနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း Fichajes က ဖော်ပြပါတယ်။

ဒါပေမယ့်လည်း လာလီဂါ ကလပ် ကတော့ စပိန်သားကို ရောင်းထုတ်ဖို့ တွန်းဆုတ်နေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။
ဖာရန်းတောရက်စ် အတွက် ကမ်းလှမ်းထားပြီး ဖြစ်တဲ့ ဗီလာ

အင်တာ မိုင်ယာမီ ရှပ်အင်္ကျီတွေ ၀တ်ဆင်ထားတဲ့ ကလေး ၃ ဦးနဲ့ ဓာတ်ပုံရိုက်ပြီးနောက် လူမှုကွန်ယက်မှာ ပို့စ် တင်ခဲ့တဲ့ ဂျေမီ ဗာဒီ ကတော့ လီယွန်နယ် မက်ဆီရဲ့ ပူးပေါင်းသွားဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗာဒီဟာ ဒီနွေရာသီမှာ လက်စတာစီးတီးနဲ့ လမ်းခွဲပြီးချိန် ကတည်းက အသင်းလက်မဲ့ ဖြစ်နေသူပါ။

ဖလူမီးနန့်စ် ကတော့ ဒီနွေရာသီမှာ မေဂျာလိဂ် စျေးကွက်ကို ရှာဖွေဖို့ အလုပ်များနေကြောင်း သိရပါတယ်။ ဘရာဇီးလ် ကလပ် ကတော့ အက်ဖ်စီ ဒါးလက်စ်က လူချို အကော်စတာ အတွက် ချဉ်းကပ်မှုတွေ အောင်မြင်ပေမယ့်လည်း ပို့တ်လန်းတင်ဘားစ်နဲ့ ကော်လိုရာဒို ရက်ပစ်က ဆန်တီ မိုရီနိုနဲ့ ရာဖာ နဗာရို တို့ကို ကမ်းလှမ်းရာမှာ အဆင်မပြေခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ ဘယ်လွန်ဒေါဆု ကိုတော့ PSG တိုက်စစ်ကစားသမား အူစမန်နီ ဒမ်ဘီလီ ရရှိမယ် ဆိုပြီး သတင်း ပေါက်ကြားလာပါတယ်။ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီနဲ့ အတူ ဖလား ၃ လုံး အောင်ပွဲ ရရှိထားပြီးတော့ ပြိုင်ပွဲစုံမှာ ၃၇ ဂိုး သွင်းယူကာ ဂိုး ဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။

အက်စတွန်ဗီလာ ကတော့ ပီအက်စ်ဂျီရဲ့ စပိန် တိုက်စစ် ကစားသမား မာကို အဆန်စီယိုကို အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ လိုလားနေကြောင်း သိရပါတယ်။ အက်စတွန်ဗီလာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အဆန်စီယိုကို အငှားနဲ့ ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ ခြေစွမ်းပြနိုင်တာကြောင့် ထပ်မံ ခေါ်ယူဖို့ လိုလားနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်