နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒွန်နာရမ်းမားကို ဒီနွေရာသီမှာပဲ ရောင်းထုတ်မယ့် ပီအက်စ်ဂျီ | ပရီးမီးယားလိဂ်

လီဂူးဝမ်း ထိပ်သီး ပီအက်စ်ဂျီ ကတော့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်နေတဲ့ အီတလီ လက်ရွေးစင် ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမားကို ဒီနွေရာသီမှာပဲ ရောင်းထုတ်ဖွယ် ရှိနေကြောင်း သိရပါတယ်။ ဒီအချိန်မှာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ကလည်း အသင်းရဲ့ ဂိုးသမား အီဒါဆန် မိုရေးစ်ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဒွန်နာရမ်းမားကို ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒွန်နာရမ်းမာ ကတော့ ၂၀၂၆ ခုနှစ်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ ဒီနွေရာသီမှာ သက်တမ်းမတိုးနိုင်ခဲ့ရင်တော့ လီဂူးဝမ်း ကလပ် အနေနဲ့ လာမယ့် နှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရတော့ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ အသက် ၂၆ နှစ် အရွယ် အီတလီ လက်ရွေးစင် ဂိုးသမားကို အေစီမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပေမယ့်လည်း မြင့်မားတဲ့ လုပ်ခလစာ ပေးချေထားရတဲ့ ကစားသမား ဖြစ်နေတာကြောင့်တော့ အသင်း ကနေ အလွယ်တကူ ထွက်ခွာခွင့်ပြုလိုခြင်း မရှိကြောင်း သိရပါတယ်။ ပီအက်စ်ဂျီ အနေနဲ့ သူတို့ရဲ့ ဂိုးသမားကို စာချုပ်သက်တမ်းတိုးဖို့တော့ အတတ်နိုင်ဆုံး ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒါပေမယ့် မတတ်နိုင်တဲ့ အဆုံးမှာတော့ ပြောင်းရွှေ့ကြေး ရရှိနိုင်မယ့် ဒီနွေရာသီမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပြီး ပီအက်စ်ဂျီ အနေနဲ့ ဒွန်နာရမ်းမား အတွက် ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိနေကြောင်း သိရပါတယ်။ တကယ်တော့ ဒွန်နာရမ်းမားရဲ့ ဈေးကွက် တန်ကြေးက ပေါင် သန်း ၂၀ ဝန်းကျင်သာ ရှိနေတာလည်း ဖြစ်ပါတယ်။ အကယ်၍ ပီအက်စ်ဂျီက ဒွန်နာရမ်းမားကို လက်လွှတ်ခဲ့ရမယ် ဆိုရင်တော့ လိုင်လီက ပြင်သစ် ဂိုးသမား လူးကပ်စ် ချီဗာလီယာနဲ့ ပြန်လည် အစားထိုးချင်နေတယ်လို့ သိရပါတယ်။ လိုင်လီ ကတော့ သူတို့ရဲ့ ဂိုးသမား အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ဝန်းကျင် အလိုရှိနေပါတယ်။ တစ်ဖက် မှာလည်း ဒွန်နာရမ်းမားက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ကစားဖို့ မျှော်မှန်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိမှာ ဒွန်နာရမ်းမားကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အပြင် ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ကလည်း စိတ်ဝင်စားနေတယ်လို သိရပါတယ်။
ဒွန်နာရမ်းမား နေရာမှာ လိုင်လီ ဂိုးသမားနဲ့ ပြန်လည် အစားထိုးချင်နေတဲ့ ပီအက်စ်ဂျီ

မန်စီးတီး ကတော့ အသင်း အဓိက ဂိုးသမား ဖြစ်သူ အီဒါဆန် မိုရေးစ် အနေနဲ့ ဒီနွေရာသီမှာ တူရကီ ကလပ် ဂါလာတာဆာရေးကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေတာကြောင့် သူ့နေရာမှာ အစားထိုးဖို့ အတွက် ဒွန်နာရမ်းမားကို အလိုရှိနေတာ ဖြစ်ပါတယ်။ ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒွန်နာရမ်းမားရဲ့ အေးဂျင့် ဖြစ်သူက ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးနဲ့ ဆက်သွယ်မှုတွေ ရှိနေကြောင်း သိရပါတယ်။ 

အသက် ၂၅ နှစ် အရွယ် အေစီမီလန် ဂိုးသမားဟောင်း ဒွန်နာရမ်းမားဟာ ၂၀၂၁ ခုနှစ်မှာ အေစီမီလန် ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ အီတလီ ဂိုးသမားက ပီအက်စ်ဂျီနဲ့ ၄ ရာသီ ဖြတ်သန်းထားပြီး ပွဲပေါင်း ၁၆၁ ပွဲ ကစားပေးထားပါတယ်။ လက်ရှိမှာ ဒွန်နာရမ်းမားကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အပြင် ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ကလည်း စိတ်ဝင်စားနေတယ်လို သိရပါတယ်။

ချဲလ်ဆီး ကတော့ သူတို့ရဲ့ အဓိက ဂိုးသမား ဖြစ်တဲ့ ရောဘတ် ဆန်းချက်ဇ်ရဲ့ တသမတ်တည်း မရှိတဲ့ လက်စွမ်းကို ယုံကြည် စိတ်ချခြင်း မရှိသလို ပီထရိုဗစ် ကိုလည်း ဘုန်းမောက်ဆီ လက်လွှတ်ထားရတာကြောင့်လည်း ဂိုးသမားသစ် တစ်ဦး ရှာဖွေနေတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ အဓိက ဂိုးသမား နော်အာနဲ့ အူးလ်ရစ်ချ်တို့ အသက်အရွယ် ရလာသလို ဂျိုးနက်စ် အာဘစ်ဂ် ကလည်း အတွေ့အကြုံပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာကြောင့် ထိပ်တန်းအဆင့် ဂိုးသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်