နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ငယ်ဘဝ ကလပ်ဆီ ပြန်လည် ပြောင်းရွှေ့ဖို့ များနေပြီ ဖြစ်တဲ့ ယာအို ဖီးလစ် | ပရီးမီးယားလိဂ်

ဘင်ဖီကာ ယာအို ဖီးလစ် ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကနေ ထွက်ခွာချင်နေပြီး ငယ်ဘဝ ကလပ် ဘင်ဖီကာကို ပြန်လည် ပြောင်းရွှေ့ဖို့ အလားအလာ ကောင်းနေကြောင်း သိရပါတယ်။

ပေါ်တူဂီ မီဒီယာ Record ရဲ့ ဖော်ပြချက်အရ ဘင်ဖီကာ အနေနဲ့ ယာအို ဖီးလစ်ကို ၅၀ ရာခိုင်နှုန်း ပူးတွဲ ပိုင်ဆိုင်ခွင့် ယူရို ၂၅ သန်း (ပေါင် ၂၁.၇ သန်း) နဲ့ ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက် အသင်းဟာ အပြောင်းအရွှေ့ ကိုလည်း အခုတစ်ပတ် မကုန်ခင်မှာ အပြီးသတ်နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ယာအို ဖီးလစ် အနေနဲ့ ၂၀၂၅-၂၀၂၆ ဘောလုံး ရာသီ အတွက် အန်ဇို မာရက်စ်ကာရဲ့ အသင်း အစီအစဉ်မှာ မပါဝင်တော့သလို ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာလည်း ပါဝင်ကစားခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် ချဲလ်ဆီးက ဖီးလစ်ရဲ့ ကျောနံပါတ်ကို ကစားသမားသစ် ဒါရီယို အက်ဆူဂိုကို ပေးခဲ့ပြီး ပေါ်တူဂီသား အနေနဲ့ လန်ဒန် ကလပ် ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိသွားခဲ့တ ဖြစ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီနွေရာသီမှာ ယာအို ဖီးလစ် အတွက် ကနဦး တောင်းဆိုဈေး ယူရို သန်း ၅၀ (ပေါင် ၄၃.၅ သန်း) သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင်ကို စိတ်ဝင်စားတဲ့ ကလပ် အများအပြား ရှိနေခဲ့ပေမယ့်လည်း ချဲလ်ဆီးရဲ့ ပြောင်းရွှေ့ကြေးကို ဆန္ဒမရှိကြပါ။

ဒါပေမယ့်လည်း ဖီးလစ်က ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၃ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဘင်ဖီကာ ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ခြေစွမ်းမပြနိုင်တော့တဲ့ ယာအို ဖီးလစ်

ယာအို ဖီးလစ်ဟာ ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်း ခံနေရပေမယ့်လည်း ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ သူစွန့်ခွာခဲ့တဲ့ ဘင်ဖီကာ ကိုသာ ပြန်လည် ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဘင်ဖီကာ အနေနဲ့ ချဲလ်ဆီး ဘက်က တောင်းဆိုတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိတာကြောင့် လက်လျှော့ခဲ့ပေမယ့်လည်း လက်ရှိ မှာတော့ တက်ကြွစွာ လုပ်ဆောင်နေကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြပါတယ်။

ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ နွေရာသီက အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူးကို ပေါင် ၄၅ သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့တဲ့ ၇ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖီးလစ်က ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၃ ပွဲသာ ပွဲထွက် ကစားသမား အဖြစ် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ ရာသီဝက်က စီးရီးအေ ကလပ် အေစီမီလန်ကို အငှားနဲ့ ထွက်ကစားခဲ့ရပြီး ၂၁ ပွဲမှာ ၃ ဂိုး သွင်းသာ သွင်းယူနိုင်ခဲ့ပါတယ်။

ယာအို ဖီးလစ် ကတော့ ၂၀၁၉ ခုနှစ် Golden Boy ဆုကို ဆွတ်ခူးခဲ့ပြီးနောက် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၂၆ သန်းနဲ့ အက်တလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်း ကတည်းက ပုံမှန် ခြေစွမ်း ပြသနိုင်ခြင်း မရှိတော့သူ ဖြစ်ပါတယ်။ ယာအို ဖီးလစ်ကို ပြန်လည် ခေါ်ယူမယ့် ကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း ဘင်ဖီကာ ဥက္ကဌ ရူအီ ကော်စတာက ယာအို ဖေးလစ်လို အရည်အချင်း ရှိပြီး ကျော်ကြားတဲ့ အကယ်ဒမီထွက် ကစားသမားကို ပြန်လည် ခေါ်ယူခွင့် ရမယ် ဆိုရင် ပြန်လည် ခေါ်ယူချင်ကြောင်း ဘင်ဖီကာ ပရိသတ်တွေ ကလည်း သဘောကျကြမှာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း ပြောင်းရွှေ့ကြေးနဲ့ လစာနှုန်းထား ကတော့ မြင့်မားနေတာကြောင့် အလေးထား လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်